သူမရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့အတူ ကြာတော့သည်လဲ မောင့်စကား ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ပြထားတဲ့ ခင်လွှမ်း
အနုပညာလောကထဲကို သရုပ်ဆောင်အဖြစ် တကျော့ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ခင်လွှမ်းဟာ Tik Tok ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို အမြဲဖျော်ဖြေလေ့ရှိပါတယ်။ ဖိုတိုမော်ဒယ်အဖြစ်အနုပညာလောကထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေကိုပါ ရိုက်ကူးခွင့်ရရှိနေပြီဖြစ်ပါတယ်။
ခင်လွှမ်းဟာ သရုပ်ဆောင် စည်ဖြိုးနဲ့ သာယာပျော်ရွှင်တဲ့အချစ်ရေးလေးကို တည်ဆောက်ထားပြန်ပါသေးတယ်။ ချစ်သူနဲ့အတူ အမြဲပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကိုတွေ့ရလေ့ရှိတဲ့ ခင်လွှမ်းတို့အချစ်ရေးဟာလည်း ပျော်ရွှင်ဖို့ကောင်းနေမယ်ဆိုတာ ပြောစရာမလိုပါဘူးနော်။
ခင်လွှမ်းကတော့ ယခုလက်တလော လူမှုကွန်ယက်ပေါ်မှာနာမည်ကြီးနေတဲ့ ကြာတော့သည်လည်း မောင့်စကား ဇာတ်ဝင်ခန်းထဲက တစ်ခန်းကို Tik Tok ဗီဒီယိုလေးနဲ့ သရုပ်ဆောင်ပြထားတာဖြစ်ပါတယ်။
ချစ်ဖို့ကောင်းတဲ့ ခင်လွှမ်းက သူမရဲ့ အမိုက်စား ခန္ဓာကိုယ်နဲ့အတူ ဘယ်လိုတွေ သရုပ်ဆောင်ထားမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
ခင်လွှမ်းရဲ့ အိုက်တင်ကျကျ သရုပ်ဆောင်ချက်
Video Source-Khin Hlwan
Facebook Comments