မသန်စွမ်း သူအား ကူညီပေးခဲ့သည့် ဒေါ်လာနှစ်သန်းကြောင့် မိမိကိုယ်မိမိ သတ်သေရမလို ဖြစ်သွားခဲ့သူ

February 2,2019

လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်း ဘ၀ ကယ်မယ့်သူမရှိတော့ဘူးလို့  စိတ်အားငယ်နေတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ နယ် ဖတ်ဖရ ကျေးရွာမှာနေထိုင်နေသူ အလေ စင်ချား ၅၃ နှစ်ဟာ ဖေ့ဘုတ်သုံးရင်း ကင်ဆာရောဂါ အဆင့်လေး ရောက်နေပြီဖြစ်တဲ့ နိုင်ငံခြား တိုင်းပြည် က အမျိုးသမီးတဦးနဲ့  အွန်လိုင်းမှာ သူငယ်ချင်းဖြစ်သွားခဲ့ကြပါတယ်။

ဘ၀နောက်ဆုံးအချိန်ရောက်နေတဲ့ ထိုင်းအမျိုးသမီး ဟာရီထိုင် ဟာ နိုင်ငံခြားသား သန်းကြွယ်သူဌေးတဦး နဲ့  အိမ်ထောင်ကျပြီး ယောက်ဆုံးပါးသွာတော့ ဒေါ်လာသန်းပေါင်းများစွာအမွေရခဲ့သူလို့ အလီသိရပါတယ်။အွန်လိုင်းမှာ ချက်ကင်နဲ့  ပြောဆိုကြရင်း နိုင်အလေဟာ မသန်စွမ်းသူတဦးဆိုတာသိသွားပြီး ဘ၀မှာ ဘာအလိုအပ်ဆုံးလဲလို့  ဟာရီထိုင်ကမေးတဲ့အခါ ကျွန်တော် လက်တွန်းလှည်း တစ်လုံးသာရလိုပါတယ်လို့ အလေက ရိုးရိုးသားသား ပြောတော့ ကင်ဆာဝေဒနာ အမျိုးသမီးဟာ နိုင်အလီကို အတော်လေး သနားသွားပုံရပါတယ်။

သူမဟာ ကင်ဆာကြောင့် လပိုင်းလောက်သာနေရတော့မှာကြောင့် မသေခင် သူမ သိမ်းထားတဲ့ ဒေါ်လာ နှစ်သန်း (ဘတ်သန်း ၆၀) ကို စာတိုက်ကနေပို့  လိုက်မယ်၊ ဒါပေမယ့် ၃၀ ရာကိုင်နုံးကိုသာ ယူပြီး ပိုတဲ့ငွေကို အလေလို မသန်စွမ်းသူတွေအတွက် ကူညီထောက်ပံ့ရေးမှာ သုံးပါလို့  ကတိတောင်းပါတယ်။ဟုတ်ကဲ ခင်ဗျာ ကျွန်တော်ကတိပေးပါတယ်လို့  အလီလည်း အကြောင်းပြန်လိုက်ပါတယ်။

ရက်ပိုင်းလောက်သာ ကြာလိမ့်မယ့် အလေး ပေးလိုက်တဲ့ လိတ်စာအတိုင်း နံမည်နဲ့  စာတိုက်မှာ ပါဆယ်ရောက်နေပြီလို့  သက်ဆိုင်ရာက ဖုန်းဆက်လာပြီး ပါဆယ်ဖြတ်ပိုင်း ပေးသွားပါတယ်၊ ပါဆယ်မှာဒေါ်လာတွေပါလာတဲ့အတွက် ထိုင်းနိုင်ငံ အကောက်အခွန်ဌာန ကို အာမခံ ၀န်ဆောင်ခ ဘတ်သုံးသောင်း ပေးရမယ်လို့ အကြောင်းကြားခဲ့လို့  အလီ လည်း မိခင်ကို ဘတ်ငွေ ၃၀၀၀၀ အမြန်၇ှာခိုင်းပြီးအာမခံကြေး ပို့  ပေးလိုက်ပြီး ကတဲက ဇတ်လမ်းပြီးသွာခဲ့ပါပြီ။

ထိုင်းတနိုင်လုံးကို လိုက်လိမ်နေတဲ့ ကင်ဆာ အလိမ်ဂိုဏ်းရဲ့  သားကောင် ဖြစ်ခဲ့တဲ့ အလေ ရဲ့ အနားမှာ ခုတော့ ရဲတပ်ဖွဲ့ နဲ့  အိမ်နီးချင်းတွေ ၀ိုင်း အားပေးနေရပါတယ်။တကယ်ပါ ကျွန်တော် သတ်သေရလောက်အောင် စိတ်ဆင်းရဲခဲ့ပါတယ်.. တခြားလူတွေလိမ်ပါလားဗျာ ကျွန်တော့လို့  မသန်စွမ်းရဲ့ 
ငွေကိုမှ………………။

အလေ လိုဘယ်နှစ်ယောက် အလိမ်ခံပြီးကြပါပြီလဲ???

SAW

Loading...

Facebook Comments