ဇနီးကို အခြားယောက်ျားနဲ့ ဟိုတယ်အခန်းထဲမှာ လက်ပူးလက်ကြပ်မိသောရုပ်သံ အွန်လိုင်းတွင်ပျံ့နှံ့

အိမ်ထောင်ရေးဆိုတာ အလွန်အကဲဆတ်ပါတယ်၊ လုံးဝ အမှားမခံပါဘူး။ ဒီမိုကရေစီအပြည့်အဝရှိပြီး ကိုယ်ကြိုက်တာကိုယ်လုပ်နိုင်တဲ့ အနာက်နိုင်ငံက တိုင်းပြည်တွေမှာတောင် အိမ်ထောင်ရေးဖောက်ပြန်မှုကို ခွင့်မလွှတ်နိုင်ကြပါဘူး။

မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ အိမ်ထောင်ရေးဥပဒေတွေအရ ဆိုရင်တော့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အပြစ်မျိုးကို ဘယ်ထောင့်ကမှ ရှောင်ထွက်သွားလို့ မရပါဘူး။

လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းက ပျံ့နှံ့ခဲ့တဲ့ ရုပ်သံမှာတော့ ယောက်ျားဖြစ်သူက သူ့ရဲ့ဇနီးကို အခြားအမျိုးသားတစ်ယောက်နဲ့ ဟိုတယ်အခန်းထဲမှာ လက်ပူးလက်ကြပ်မိခဲ့တဲ့ ရုပ်သံဟာ အွန်လိုင်းပေါ်မှာ လျှပ်စီးလက်သလို ပျံ့နှံခဲ့ပါတယ်။

ရုပ်သံမှာ ယောက်ျားဖြစ်သူက ဟိုတယ်အခန်းထဲမှာ၊ အတွင်းခံတွေ၊ ကွန်ဒုံးတွေကို သက်သေအဖြစ်တွေ့ရှိခဲ့ပြီး ဇနီးကို ဖောက်ပြန်တယ်လို့ စွပ်စွဲပြောဆို ရိုက်နှက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဇနီးဖြစ်တဲ့ အမျိုးသမီးက မဟုတ်ဘူးလို့ တွင်တွင် ငြင်းနေသလို။ သူနဲ့အတူ ရှိနေတဲ့ “အောင်သူ” လို့ သိရတဲ့ အမျိုးသားကတော့ “ဘာမှမဖြစ်သူး ငါမူးနေလို့” လို့ ဖြေရှင်းချက် ပေးနေတာကို တွေ့ရပါတယ်။

နောက်ဆုံးရုပ်သံမှာတော့ အမျိုးသမီးက ကွဲမယ်ကွာမယ်ဆိုတဲ့ အကြောင်း ပြောခဲ့တာကို တွေ့ရပါတယ်။

အဖြစ်မှန်အတိအကျကို မသိရသေးသော်လည်း ဒီရုပ်သံဟာ ကျော်မင်းခန့် အကောင့်ပိုင်ရှင်က မျှဝေခဲ့ပြီးတဲ့နောက် ပြန်လည်ဝေမျှသူ ဝင်ရောက်ဝေဖန်ရေးသားသူတွေနဲ့ လက်တလောပျံ့နှံ့လျှက်ရှိပါတယ်။

Credit:Popolay

Loading...

Facebook Comments