ကေတီဗီ မှာ ကိုရီးယားလူမျိုးတွေရဲ့ အနိုင်ကျင့်ခံရတဲ့ မြန်မာမိန်းကလေး အဖြစ်မှန်ပြောပြီ

ကိုရီးယားနိုင်ငံသား ဖွင့်ထားတဲ့ KTV မှာ ကိုရီးယားနိုင်ငံသားတွေရဲ့ အကြမ်းဖက်ခံရတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်သံ / KTV မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးကို ကိုရီးယားနိုင်ငံသား (၃) ဦးမှ အကြမ်းဖက်ရိုက်နှက်နေတာကို မြန်မာဆိုင်ဝန်ထမ်းတွေက ၀င်ရောက်ဟန့်တားခြင်းမရှိဘဲ ၀ိုင်းကြည့်နေတာကို ရင်နာတယ်။

အရင်တုန်းကလည်း အခုလိုပဲ အဓမ္မကျင့်ခံရဖို့ အားထုတ်ခံရတာတွေ ရိုက်နှက်ခံရတာတွေရှိတယ်။ ဘယ်သူမှ မဖြေရှင်းပေးဘူး။ မန်နေဂျာကလည်း အေးအေးဆိုပြီးတော့ မသိချင်ယောင်ဆောင်သွားတယ်။ ဘယ်သူတွေ ဘယ်လိုပဲအနိုင်ကျင့်ခံရခံရ မသိသလိုပဲနေတယ်။ သူဋ္ဌေးကလည်း မသိချင်ယောင်ဆောင်နေတယ်။ သူဋ္ဌေးက ကိုရီးယား နိုင်ငံသားပါ ။ ဖြစ်ခဲ့တဲ့ အချိန်က ည ၁ နာရီခွဲမှာ ဖြစ်ခဲ့တာပါ ။ရိုက်ကူး၊ မေးမြန်း၊ တည်းဖြတ် – သီဟ——– အကုန်သိ မှုခင်း ———

မြန်မာမိန်းခလေးတစ်ဦး ကေတီဗီမှာအလုပ်လုပ်နေပါတယ် ။ကေတီဗီက ကိုရီးယားလူမျိုးပိုင်တဲ့ ကိုရီးယားများအတွက်ဖွင့်ထားတဲ့ ကေတီဗီ ပါ ။ကိုရီးယားတစ်ဖွဲ့ ကေတီဗီကို ရောက်လာကြပါတယ် ။ကေတီဗီလာတာဆိုတော့ မူးတာမဆန်းမူးခွင့်ရှိတယ် ပျော်ခွင့်ရှိတယ် ။ဒါ့အပြင် မိန်းခလေးသဘောတူရင် ကြိုက်တာဖြစ်ခွင့်ရှိတယ် ။

မိန်းခလေးကို ကာမစော်ကားမှုပြုလုပ်လာတယ်မိန်းခလေးက လက်မခံပါ ငြင်းဆန်တယ် ။ရှောင်ထွက်ပြီး သီချင်းထဆိုတယ် ။ ဝတ်ထားတဲ့
စကပ်ကို လိုက်လှမ်တယ် ။ မိန်းကလေးကစိတ်ဆိုးပြီး မိုက်ကို လွှင့်ပြစ်လိုက်တယ် ။ ကိုရီးယားတစ်ကောင်က ထိုးဖို့ပြင်တယ် ။မိန်းကလေးကစားပွဲပေါ်ရှိတဲ့ ပုလင်းကိုခွဲပြီး ကိုင်ထားတယ်တဲ့

အနားကပ်ရင်ထိုးမယ်လို့ ဟန်ပြထားတယ် ။အနောက်က တစ်ယောက်က ဝင်လုံးပြီး လက်ကိုလိမ်ချိုးပြီး ချုပ်ထားလိုက်တယ် ။ကျန်တဲ့ကိုရီးယားတွေကပါးတွေဝင်ရိုက်ကြတယ်အဲ့အထိကတော့ ဖြစ်တတ်တဲ့သဘောပဲ

ဒီမှာမပြီးပဲ ကောင်မလေး အခန်းထဲမှထွက်ပြီးနားနေဆောင်ပြန်သွားလိုက်တယ် ။ကိုရီးယားတွေ ထပ်လိုက်သွားပြီး အမျိုးသမီးရဲ့နားနေဆောင်ထိ လိုက်ထိုးကြတယ် ။မန်နေဂျာ အပါအဝင် ဝန်ထမ်း မြန်မာလူမျိုးတွေရှိတယ် ။ ဝင်မတားကြဘူး ။ ရပ်ကြည့်နေကြပါတယ်တဲ့ ။

ရသေးတယ် ထိမှာကြောက်လို့ ဝင်မတားရဲတာနားလည်ပေးလို့ရတယ် ။မိန်းခလေးမှ ရဲစခန်းကို သွားရောက်တိုင်ချက်ဖွင့်တယ် ။ ရဲစခန်းက အမှုဖွင့်မပေးရဲဘူးဖြစ်နေတယ် ။ဆိုးသွားပြီ ။သူ့ဟာသူ ပြည့်တန်ဆာ ဖြစ်ပါစေ ။ သူလက်မခံရင် တရားစွဲပိုင်ခွင့်ရှိကိုရှိ ရမယ် ။

မိန်းကလေးတစ်ယောက်ကို ယောက်ျားလေး လေးယောက်ကဝိုင်းထိုးနှက်တာ ကို ဘာလို့အမှုကို ချက်ချင်းဖွင့်မပေးနိုင်တာလဲ ?ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိုးမိန်းကလေးကို လူမျိုးခြားတွေက ကာမစော်ကားတယ် မရတဲ့ အခါကိုထိလက်ရောက် ထိုးကြိတ်တယ် ။

ဒီပြသနာကို ငွေမျက်နှာလား ?ရာထူးပါဝါ တွေကြောင့်လား ?ချက်ခြင်းအရေးယူမပေးတာ ဘာကြောင့်လဲ ?မြန်မာလူမျိုး ဆိုင်ဝန်ထမ်းတွေက ရော ဘာလို့ရှောင်ဖယ်နေကြတာလဲ ?

အမျိုးချစ်စိတ် ဆိုတာ ပြတိုက်မှာ သွားကြည့်ရတော့မယ့် မြန်မာလူမျိုးတွေကို ကြည့်ပြီးသနားလာတယ် ။အုပ်ချုပ်ရေးပိုင်းရဲ့ လျှော့ရဲမှု အထက်အောက်ကြောက်ရွံ့မှု အမှန်တရားကို လဘ်နဲ့လဲလှည်မှုတွေ ရှိနေတာကြားနေရတော့ မြန်မာလူမျိုးဖြစ်နေရတာကို ရှက်ရွံ့ မိတယ် ။

အမှန်တရားသည် ငွေကြေးအောက်မှာ ငုတ်လျှိုးပျောက်ကွယ်မသွားပါစေနဲ့လို့ ဆုတောင်းရင်း ~NLD အစိုးရလက်ထက် အုပ်ချုပ်ရေးပိုင်းမှ ချ
စားမှုတွေ ချုပိငြိမ်းသွားပြီလားဆိုတာတွေးရင်းးကိုးမိုင် ဝိတိုရိယ ဆေးရုံ ဘေးလမ်းထဲကNAVI ကေတီဗီမှာ ၂၇ ရက်နေ့ညပိုင်းကဖြစ်ပျက်ခဲ့ကြတာလို့ သိရပါတယ် ။ကိုကိုမောင်(ညောင်ကန်)

Loading...

Facebook Comments