အဝတ်ဗလာနဲ့ မိန်းကလေး ကို ၀ိုင်းဝန်းထိန်းသိမ်းခဲ့သော်လည်း နောက်ဆုံးမှာ . . .
Unicode
ယနေ့မနက် 9:45 မိနစ်မှာ ဖုန်းဆက်အကူအညီတောင်းလာသည်မှာ တာချီလိတ်မြို ့အထွက် ဗျူဟာအရှေ ့တွင်အမျိုးသမီးတစ်ဦး အဝတ်မပါဗလာဖြင့် ကားကြီးတစ်စီးကိုတားပြီး ကားပေါရောက်အောင်တွယ်တက်ခါ ကားအမိုးပေါ်အရောက်တွင် ခုန်ချမည့်ဟန်လုပ်လိုက် အော်ခြင်ရာ
လျှောက်အော်လိုက် ဖြင့်
ကားဆရာလည်း ဒုက္ခရောက်နေပါသည် အမြန်လာရောက်ကူညီပေးပါရန် ထို့ကြောင့် ကျွန်တော်တို့လည်း အမြန်ရောက်ရှိသွားခါ အမျိုးသမီးငယ်မှာစိတ်ဖောက်ပြန်နေပြီး ဘယ်လိုမှချော့ပြီးခေါ်၍မရသည့်အဆုံး ကားပေါ်ရောက်အောင်တက်ပြီး အကြမ်းဖက်ပြီးအောက်ကိုရောက်အောင်ခေါ်ပြီး အတင်းချုပ်နှောင်ခဲ ့ရပါသည်
ကျွန်တော်တို ့ ယောင်္ကျားလေး ( ၅ ) ယောက် မနည်းထိမ်းသိန်းယူရပါသည် သူ့ရဲ ့ခြေထောက်ကန်ချက်ကလည်းလေထဲမှာ ဝဲ နေပါတယ် ကရာတေးသမားလို့တောင်ပြောလို့ရပါတယ် ကျွန်တော်တို့ ကားပေါ်တင်ပြီး ဟောင်လိတ်ရဲစခန်းကိုသတင်းပို့ပြီး သူ့ကိုသိရှိသူက သူ၏အမျိုးသား ကျိုင်းလပ်မှာရှိပါသည် ရွာနာမည်ပါပြောပါသည်
ဒါနဲ ့ကျွန်တော်တို ့မှတာချီလိတ်မြို ့မှ ကျိုင်းလပ်မြို ့သို ့လိုက်ပါပို့ဆောင်ခဲ ့ရာတာလေမြို ့နှင့် ( ၁၅ ) မိုင်အကွာမှာ အပေါ့ အပါးသွားခြင်တယ်ပြော၍ မိန်းကလေးအဖော်ကလည်းမပါ ကားတံခါးကိုဖွင့်ပေးနေစဉ်မှာ အတင်းထွက်ပြေးသွားခဲ ့ပါတော့တယ်
ကျွန်တော်တို ့ ဝတ်ပေးထားသော အင်္ကျီကိုလည်း တစ်ခါထဲချွတ်လိုက်ပါတော့တယ် ကျွန်တော်တို့လည်း ဥပေက္ခာ ပြုခဲ ့လိုက်ပါပြီ ( သဗ္ဗေ သတ္တာ ကာမ သက္ကာ )မနက် 9:45 မိနစ်က ကူညီမှု ယနေ့ နေ့လည် 2:00 ထိုးမှ အိမ်သို ့ပြန်ရောက်ပါတယ်ခင်ဗျာ ။30-1-2019 pm 2:50 မိနစ် ။ KHM ။ ZMT
Loading...
Facebook Comments