ကိုဟန်ဝင်းအောင်ကို ရဲတွေက ၀ရုန်းသုန်းကား လိုက်လံဖမ်းဆီး- ရုပ်သံ

တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ကို ရဲတွေက ၀ရုန်းသုန်းကား လိုက်လံဖမ်းဆီးခဲ့ ။ ရန်ကုန်၊ ဇန်န၀ါရီ ၂၈။

လက်ပံတောင်းအရေးနဲ့ မြစ်ဆုံအရေးတွေမှာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုဟန်ဝင်းအောင်ကို ယမန်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ မြစ်ဆုံစီမံကိန်း ဆန့်ကျင်ဆန္ဒပြပွဲအပြီးမှာ ရဲတပ်ဖွဲ့က ၀ရုန်းသုန်းကား လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုဟန်ဝင်းအောင်ကို ဖမ်းမမိခဲ့ဘဲ ရဲတွေက “ရေထဲပဲပျောက်သွားပြီ” လို့ စကားပြောစက်ကတဆင့် အထက်အာဏာပိုင်တွေဆီကို သတင်းပို့ခဲ့တာ တွေ့မြင်ရပါတယ်။

Unicode

Loading...

Facebook Comments