အလွမ်းဓါတ်ခံရှိသူတွေ မလွတ်တမ်းနားထောင်သင့်တဲ့ လွှမ်းပိုင်​ရဲ့❝ အချစ်ဈာပန ❞ သီချင်းဗီဒီယို

အလွမ်းသီချင်းတွေရော သံစဉ်မြူးမြူးလေးတွေကိုပါ ပိုင်ပိုင်နိုင်နိုင်ဖန်တီးနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ လွှမ်းပိုင်ကတော့ လူငယ်တွေရဲ့စိတ်ကို ဖမ်းစားထားနိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လွှမ်းပိုင်သီဆိုထားပြီး အကိုဖြစ်သူ ကျော်ဆုသရုပ်ဆောင်ထားတဲ့ “အချစ်ဈာပန” သီချင်းဗီဒီယိုလေးကို FG Entertainment က လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အလွမ်းအဆွေး ခံစားချက်တွေအပြည့်နဲ့ ထည့်သွင်းသီဆိုထားတဲ့ လွှမ်းပိုင်​ရဲ့❝ အချစ်ဈာပန ❞ သီချင်းလေးကတော့ အလွမ်းဓါတ်ခံရှိတဲ့သူတွေ မလွတ်တမ်းနားထောင်သင့်တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ချစ်သူနှစ်ဦးမှာ တကယ်ချစ်တဲ့သူဘက်ကသာ အချစ်တွေဖြစ်ပေါ်နေပြီး မချစ်တဲ့သူဘက်ကတော့ ဟာသသဘောသာ ရှိနေတတ်တဲ့ပုံစံမျိုးကို ရေးသားသီဆိုထားတဲ့ လွှမ်းပိုင်ရဲ့သီချင်းလေးကတော့ အရမ်းကို Feel လို့ကောင်းပါတယ်။

လွှမ်းပိုင်ရဲ့သီချင်းဗီဒီယိုလေးထဲမှာတော့ အကိုအရင်းဖြစ်တဲ့ ကျော်ဆုက အကောင်းဆုံးပုံဖော်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

အလွမ်းဓါတ်ခံရှိသူတွေ မျက်ရည်ဝဲသွားနိုင်တဲ့ လွှမ်းပိုင်​ရဲ့❝ အချစ်ဈာပန ❞ သီချင်းဗီဒီယို

အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ လွှမ်းပိုင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင် ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ လွှမ်းပိုင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေဆက်တိုက်လုပ်ဖြစ်နေပြီး သူ့ရဲ့သီချင်းအသစ်တွေကိုလည်း ပရိသတ်တွေအတွက် ဖန်တီးနေပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း လွှမ်းပိုင်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Album ထဲက လူကြိုက်များခဲ့တဲ့ ❝ အချစ်ဈာပန ❞ သီချင်းဗီဒီယိုလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;FG Entertainment’s Facebook Page

Loading...

Facebook Comments