၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးကို သက်ဆိုင်ရာကအိမ်ပြန်လိုက်ပို့တာအိမ်ကလက်မခံတဲ့ ဖြစ်ရပ် (ရုပ်သံ)

ဖြစ်မှ ဖြစ်ရလေ အခုလို အဖြစ်မျိုး တစ်ခါမှ မကြုံဖူးမမြင်ဖူးဘူး.. ။ ကိုယ်မွေးလာတဲ့ ကလေး ဘာပဲဖြစ်နေနေ ကိုယ့်မိသားစုပဲမို့ ကိုယ်တွေပဲ တာဝန်ယူကြရတာပဲမဟုတ်လား။ အခုတော့ အဲ့လိုမဟုတ်ပဲ လမ်းဘေးမှာ ခွေးဖြစ်ဖြစ် နွားဖြစ်ဖြစ် ပစ်ထားတယ်ဆိုတော့ ရက်စက်လွန်းရာ ကျပါတယ်။

ပြီးတော့ ကလေးက ယောက်ျားလေးလည်း မဟုတ် မိန်းကလေးတစ်ယောက်ဖြစ်နေတယ်..။ ဗွီဒီယိုထဲမှာ တွေ့မြင်ရတာကတော့ ကလေးက ဆိုးလွန်းလို့ ပြောစကားနားမထောင်လို့ အိမ်ကနေ မကြာမကြာ ထွက်သွားပြီး ပြန်လာချင်တဲ့ အချိန်မှ ပြန်လာတယ်လို့ မိသားစု ၀င်တွေက ပြောဆိုနေတာကို တွေ့ရပါတယ်..။

အိပ်ပြန်လာပို့တဲ့ သက်ဆိုင်ရာမှ တာဝန်ရှိတွေနဲ့ လည်း အချေအတင် ပြောဆိုနေကြတာကို ဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ကြားသိရမှာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ လည်း ပြန်လာပို့တဲ့ တာဝန်ဝန်ရှိတဲ့ အကိုတွေကပဲ ပြန်ခေါ်သွားတာကို တွေ့ရပါတယ်..။

တိုက်ခန်းက (၆)လွှာမှာ ကလေးက ခြေထောက်နာနေတော့ တက်လာတုန်းကတော့ တာဝန်ရှိအကိုတွေ တွဲခေါ်တက်လာခဲ့ကြသော်လည်း ပြန်အဆင်းမှာတော့ ကလေးက မဆင်းနိုင်တော့လို့ တာဝန်ရှိအကိုတွေကပဲ ထမ်းပိုးပြီး ဆင်းသွားခဲ့ကြရတာကို တွေ့မြင်ရပါတယ်…။

ဘာပဲဖြစ်ဖြစ် ကိုယ်မိသားစုကနေ ပေါက်ဖွားလာတဲ့ မိသားစုဝင်တစ်ယောက်ကို အခုလို စွန့်ပစ်ခြင်းဟာ မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုလို့ မြင်မိပါတယ်.။

နောက်ဆက်တွဲ သတင်းများကို ဆက်လက်တင်ပြပေးပါမည်။

Loading...

Facebook Comments