YBS ၂၀ယာဉ်ပေါ်မှာ လက်ထိပ်ခတ်လျက်ထွက်ပြေးလာသူတစ်ဦးကို တာဝန်သိခရီးသည်တစ်ဦးရဲ့ သတင်းပေးမှုနဲ့ ဖမ်းဆီးနိုင်ခဲ့

ရန်ကုန် ၊ ဇန်န၀ါရီ ၂၅

ဇန်န၀ါရီလ ၂၄ရက်နေ့ နေ့လည် ၃နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ကို ပြေးဆွဲနေတဲ့ YBS ၂၀ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လူတစ်ဦးမှာ လက်ထိပ်ခတ်လျက် ပါရှိတာကို တွေ့ရတဲ့အတွက် ယာဉ်ပေါ်ပါ တာဝန်သိခရီးသည်တစ်ဦးရဲ့ သတင်းပေးချက်အရ အဆိုပါထွက်ပြေးလာသူကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ တယ်လို့ သိရပါတယ်။

ယာဉ်ပေါ်ပါ တာဝန်သိခရီးသည်တစ်ဦးရဲ့ သတင်းပေးချက်အရ ဘုရင့်နောင်ရဲစခန်းမှ ကိုစောမင်းဦးနဲ့ ဘုရင့်နောင်ပွဲရုံနဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းဝန်း တာဝန်ခံရာအိမ်မှူး ၊ မှုခင်းရှုထောင့်၊ မှုခင်းနှင့်သတင်းစုံစမ်းရေးအဖွဲ့ အနောက်ပိုင်းခရိုင်ဒုဥက္ကဋ္ဌ နဲ့ အနောက်ပိုင်းခရိုင်မှုခင်း နဲ့ သတင်းစုံစမ်းရေးအဖွဲ့ရဲ့ စည်းရုံးရေးမှူးတို့မှ ၀ိုင်းဝန်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာမှာ ထွက်ပြေးလာသူဟာ လှိုင်သာယာစက်မှုဇုန်မှတ်တိုင်အရောက်မှာဆင်းပြေးသွားခဲ့တဲ့အတွက် ဘေးပတ်ဝန်းကျင်ပြည်သူတွေကို အကူအညီတောင်းခံပြီးလိုက်လံဖမ်းဆီးခဲ့ရာ စက်မှုဇုန်ရှေ့ရေကန်ထဲ ခုန်ချခဲ့တဲ့အတွက် ရေထဲဆင်းကာ လိုက်လံဖမ်းဆီးခဲ့ရတာပါ။

ထွက်ပြေးလာခဲ့သူမှာ လှိုင်သာယာမြို့နယ် ၊ ရိုးလေးမှာ နေထိုင်သူ ထွန်းထွန်းဆိုသူဖြစ်ပြီး ၊ ပိတောက်ချောင်းရဲစခန်းမှ ထွက်ပြေးလာတာဖြစ်တယ်လို့ စစ်ဆေးသိရှိရတဲ့အတွက် ဘုရင့်နောင်ရဲစခန်းမှ ပိတောက်ချောင်းရဲစခန်းကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

သတင်း၊ ဓါတ်ပုံ : SH- LUCKY LUCKY

Loading...

Facebook Comments