မန္တလေးက အသက်ရှစ်နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ ဖမ်းမိ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က အသက်ရှစ်နှစ်အရွယ် မိန်းကလေးကို ဒဏ်ရာရအောင်လုပ်ပြီး အဓမ္မပြုကျင့်ခဲ့သူကို ရပ်စောက်မြို့မှာ ဖမ်းဆီးရမိပြီလို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ဇန်န၀ါရီလ(၂၄)ရက် ည(၈)နာရီခန့်ကပြစ်မှုကျူးလွန်သူ သီဟနိုင်(ခ)သီဟ(ခ) အငယ်လေးကို ရပ်စောက်မြို့ တောင်ကွက်သစ်ရပ်ကွက်၊ ရပ်တော်မူဘုရားဝင်း အနီးမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၄)ရက်ကပြည်ကြီးတံခွန်မြို့နယ်မှာ အသက်(၈)နှစ်အရွယ် ဒုတိယတန်းကျောင်းသူဟာ နေအိမ်ကနေ စက်ဘီးစီးပြီး ထွက်သွားရာ
ပြန်မလာတာကြောင့် လိုက်လံရှာဖွေခဲ့ရာ CCTV မှတ်တမ်းအရ အမျိုးသားတစ်ဦးရဲ့ ဆိုင်ကယ်နောက် လိုက်ပါသွားတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ အဲဒီ မိန်းကလေးကို ရတနာပုံနည်းပညာတက္ကသိုလ်ဝင်းမှာ အဓမ္မပြုကျင့် ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပြစ်မှုကျူးလွန် သူကို ပြင်စာနယ်မြေရဲစခန်းက (ပ)၁၈၂/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃/ ၃၂၅ အရ အမှုဖွင့်ပြီး လိုက်လံဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာနယ်မြေရဲစခန်းက ထိရောက်ဟန့်တားလောက်တဲ့ပြစ်ဒဏ်ရရှိရေး စစ်ဆေးဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

ဓာတ်ပုံ – Mandalay Police

Loading...

Facebook Comments