၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

တနင်္ဂနွေ

ကြိုးစားထားသည့်များအတွက် အသီးအပွင့်တွေကိုစတင်ခံစားရပါလိမ့်မယ်။ မိမိတို့ဖြစ်ချင်တာတွေကိုလဲ ဖြစ်အောင်ကြိုးစားခွင့်တွေရလာတတ်ပါတယ်။အရင်းအနှီးတွေလိုအပ်လာပြီဆိုရင်စိုက်ထုတ်ကူညီမဲ့သူတွေပေါများ တာမျိုးတွေ့ရတတ်ပါတယ်။ ပြောင်းရွေ့လို့မရသော ဥယျာဉ်၊ခြံ၊မြေ၊လယ် များ ၀ယ်ယူလို့ကောင်းတဲ့နေ့ရက်တွေ ပါပဲ။ ကျန်းမာရေးအတွက်စိတ်သောကရောက်စရာတော့ မလိုပါဘူး။ လိုအပ်သောဆေးဝါးများစတင်စားခြင်းတွေ ၊သမားတော်နဲ့စတင်ပြသခြင်းမျိုးတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီလိုကာလတွေမှာ လူချင်လူခင်ပေါနေ တာကြောင့် မိတ်ဆွေသစ်၊ဖောက်သည်သစ်တွေလဲ အလွန်ပဲရလာတတ်ပါတယ်။အချစ်ရေးမှာတော့ စန်းအား ကောင်းနေတဲ့နေ့ရက်တွေပါပဲ။ ချစ်သူရည်စားမရှိသူများ ချစ်သူရည်းစားအလွန်ပဲရလွယ်နေတတ်ပါတယ်။ မိမိလို ချင်တာတွေကို ချစ်သူရည်းစားကဖြည့်ဆည်းပေးနေတတ်ပါတယ်။ အိမ်ထောင်ရေးသောကနည်းပါတယ်။ အိမ်ထောင်ဘက်ရဲ့ချစ်ခင်ကြင်နာမှုတွေကိုရလာတတ်ပါတယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့ ပညာအသစ်စတင် သင်ယူလို့အထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း 9/2/6

အထူးဟော စိတ်ချမ်းသာမဲ့ကာလပါ။

ယတြာ တရားပွဲအတွက် ငွေလှူဒါန်းပါ။

တနင်္လာ

ဒီကာလဟာ ဘာကိစ္စမဆိုသတိလေးကပ်ပြီးလုပ်ကိုင်လိုက်ပါ။ အမှားများနေတတ်ပါတယ်။အသေးအမွှား ကိစ္စဖြစ်ပါစေ ပေါ့ပေါ့တန်တန်လုပ်တာမျိုးကို အထူးပဲရှောင်လိုက်စေချင်ပါတယ်။ ဒီကာလမှာ လုပ်ခဲ့တဲ့အမှား တွေကို ပြန်လည်ပြီးဖြေရှင်းရတတ်ပါတယ်။ ငွေကြေးချေးငှားခြင်း၊ ကြွေးတောင်းခြင်း၊ ငွေပေး၊ငွေယူခြင်း၊အာမခံ ခြင်းများစတဲ့ ငွေကြေးနဲ့ပက်သက်တဲ့ ကိစ္စအ၀၀က အခက်အခဲများတတ်ပါတယ်။ အလုပ်တာဝန်တွေကို ကြောက်တတ်တဲ့သူအတွက်ကတော့ ဒီကာလဟ စိတ်ညစ်ရတတ်ပါတယ်။ မိမိအထက်လူကြီးက အလုပ်မအား တာကြောင့်ဖြစ်စေ၊ ခွင့်ယူတာမျိုးကြောင့်ဖြစ်စေအလုပ်တာဝန်တွေကို မိမိကိုလွှဲသွားတတ်ပါတယ်။

ကျန်းမာရေး ကတော့ ဒီကာလမှာအိမ်မှာနေသူတွေကတော့ သိပ်မဖြစ်ပေမဲ့ ခရီးများသူတွေကတော့ ရောဂါရလွယ်ပါတယ်။ တရားပွဲများ၊ဟောပြောပွဲများ၊ အခြားအမိုးအကာမရှိတဲ့ပါတီပွဲများ ညဘက်တွေသွားရမယ်ဆို ခေါင်းစွပ်ဆိုတာမျိုး ပါမှပဲသွားစေချင်ပါတယ်။ အချစ်ရေးကံအလွန်ပဲညံ့ပါတယ်။ အမှားနည်းအောာင်နေစေချင်ပါတယ်။ အိမ်ထောင်ရေး ကတော့ ဒီကာလမှာ အဆင်ပြေမှုတွေရှိပါလိမ့်မယ်။ ပညာရေးကတော့ မိမိကိုယ်တိုင်ကဆရာရှင်းပြတာကိုနားမ လည်သလို ခံစားနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/1/5

အထူးဟော ကံအားနည်းနေချိန်ပါပဲ။

ယတြာ မီးချောင်းအကျွမ်းများ စွန့်ပစ်လိုက်ပါ။

အင်္ဂါ

ဒီလိုနေ့ရက်တွေမှာ ဆုံးဖြတ်ရခက်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။ ဒါလုပ်ရင်တော့ ဟိုအလုပ်ကလွတ်သွားမယ်ဆိုတဲ့အနေအထားမျိုးပါ။ လုပ်ချင်တာတွေကများပြီး အချိန်ကမလောက်တာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ဒါကြောင့် အခြားဝေယျဝစ္စလုပ်ရမဲ့အချိန်တွေကိုလျော့ ၊အိပ်ချိန်များနေရင်အိပ်ချိန်တွေ ကိုလျော့ပြီး လုပ်ကိုင်မှအဆင်ပြေတတ်ပါတယ်။ မိဘတွေရဲ့ကျန်းမာရေးကိုဂရုစိုက်စေချင်တယ်။ အထူးသဖြင့်မိခင် ရဲ့ကျန်းမာရေးတွေကိုပိုမိုဂရုစိုက်လိုက်စေချင်ပါတယ်။ဒီကာလတွေမှာ ငွေကြေးနဲ့ပက်သက်ပြီးတော့ သူများငွေတွေ အဖွဲ့အစည်းကငွေတွေလက်မခံပါနဲ့။ လာဘ်ပိတ်သွားတတ်ပါတယ်။

မိမိတို့ဖြစ်ချင်တဲ့ မိမိတို့လိုချင်တဲ့ ကိစ္စတွေကို အချိန်ပေးပြီးလုပ်ဆောင်မှရပါလိမ့်မယ်။ မိမိရဲ့ကျန်းမာရေးကတော့ ဒီကာလမှာ အလွန်ပဲဇက်ကြောထိုး ခေါင်းနောက်တာမျိုးဖြစ်လွယ်ပါတယ်။ ၀မ်းအချုပ်မခံလိုက်ပါနဲ့။ အချစ်ရေးမှာတော့ ချစ်သူကမိမိမဟုတ်တဲ့တစ်စိမ်း တစ်ရံတွေနဲ့ အချိန်ကုန်နေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အနည်းငယ်ကတောက်ကဆဖြစ်ရုံကလွဲပြီး တော့ အရမ်းဆိုးနေတာမျိုးတော့မတွေ့ပါဘူး။ပညာယူလို့ ခက်ခဲတဲ့နေ့ရက်တွေပါပဲ။

အကျိုးပေးဂဏန်း 5/3/6

အထူးဟော ကံသင့်ပါတယ်။

ယတြာ စံပယ်ပန်းဘုရားကပ်လှူဆုတောင်းပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းကတော့ အခက်အခဲတွေကို အောင်မြင်စွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။ မိမိရဲ့စိတ်ကူး အယူအဆတွေကောင်းတာကြောင့် အဘက်ဘက်က အဆင်ပြေနေတတ်ပါတယ်။ ကောင်းမွန်ပြည့်ဝသော မိတ် ဆွေတွေရဲ့အကူအညီတွေ အထောက်အပံ့တွေရလာတတ်ပါတယ်။ မိမိကိုချစ်သူခင်သူတွေရဲ့ လက်ဆောင်ပေးတာ မျိုးတွေလဲ အလွန်ပဲကြုံရတတ်ပါတယ်။ ကျန်းမာရေးအတွက်တော့ အနည်းငယ်စိတ်ပူပန်ရတတ်ပါတယ်။ အစားအသောက်မှားတာမျိုးတွေကြောင့်လဲ ကျန်းမာရေးကိုအားနည်းသွားစေတတ်ပါတယ်။ စီးပွားရေးနဲ့ပက်သက် ပြီးအလွန်ပဲရှာလို့ဖွေလို့ကောင်းတဲ့နေ့ရက်တွေပါပဲ။ အလုပ်တွေချဲ့ထွင်နိုင်ပါလိမ့်မယ်။

အလှအပနှင့်ပက်သက် သောအလုပ်များ၊၀န်ဆောင်မှုနဲ့ပက်သက်သောအလုပ်များ အထူးကောင်းပါတယ်။ အချစ်ရေးအတွက် စိတ်ချမ်းမြေ့ ရပေမဲ့ မိဘတွေက သဘောမတူတာမျိုးကြောင့်အလွန်ပဲစိတ်ညစ်ရတတ်ပါတယ်။အိမ်ထောင်ရေးသာယာပျော်ရွင် ရတတ်ပါတယ်။ အိမ်ထောင်ဘက်က မိမိရဲ့အကျိုးစီးပွားတွေကိုကူညီလုပ်ကိုင်ပေးနေရတတ်ပါတယ်။ ပညာရေး အတွက်ကောင်းသောရလဒ်တွေရလွယ်ပါတယ်။ မိမိကသာကြိုးစားမှုတွေရှိဖို့လိုအပ်ပါတယ်။

အကျိုးပေးဂဏန်း 5/6/2

အထူးဟော အလုပ်စီးပွားကောင်းနေမည်။

ယတြာ မွေးနံထောင့် ပန်းအဖြူ ၅ပွင့်လှူပါ။

ကြာသပတေး

ဒီကာလမှာ အကျိုးစီးပွားဆောင်ရွက်ရာမှာ အခက်အခဲမကင်းတာမျိုးတွေ့ရကြုံရတတ်ပါတယ်။ သူများငွေ ကြောင့်ဒုက္ခရောက်ရတတ်ပါတယ်။ အာမ လုံးဝမခံပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီမရဘဲ မိမိဘာသာ လုပ်ကိုင်ဆောင် ရွက်နေရတတ်ပါတယ်။ စက်ပစ္စည်းဝယ်မယ်ဆို စဉ်းစားပါအုံးဗျာ၊ ၀ယ်ပြီးမှနောင်တရနေတာမျိုးလဲ ဖြစ်ရပျက်ရ တတ်ပါတယ်။ လျှပ်စစ်ကိုင်တွယ်ခြင်းများ ဒီကာလမှာ သတိထားပြီးကိုင်တွယ်ပြုပြင်ပါ။ စိတ်ထဲလုပ်ချင် တာလေး တွေများနေတတ်ပါတယ်။

တစ်ခုပြီးမှတစ်ခုလုပ်စေချင်ပါတယ်။ဒီတစ်ပတ်လုံးလုပ်စရာကိစ္စတွေ တန်းစီနေတတ်ပါတယ်။ အနားယူချိန်တောင်မရှိနိုင်တဲ့ အခြေအနေမျိုးကြုံရတတ်ပါတယ်။ ခရီးတိုလေး တွေကြုံ ရတတ်ပါတယ်။ကျန်းမာရေးမှာတော့ ကိုယ်လက်ကိုက်ခဲခြင်း လူနုန်းခြင်းမျိုးကြုံရတတ်ပါတယ်။အချစ်ရေးမှာတော့ မိမိကိုယ်တိုင်ကလဲအချစ်ရေးအပေါ်စိတ်ပါဝင်စားမှုအားလျော့နေတတ်ပါတယ်။အိမ်ထောင်ရေးကတော့ အလုပ်များ နေတာကြောင့် မိသားစုကိုအချိန်မပေးနိုင်ဖြစ်ရပါလိမ့်မယ်။ ပညာရေးကတော့ ကြိုးစားနိုင်မှ အဆင်ပြေမှာပါ။ ပညာရေးအားနည်းနေပါတယ်။

အကျိုးပေးဂဏန်း 7/4/1

အထူးဟော အလုပ်ရှုပ်နေပါလိမ့်မယ်။

ယတြာ နွားနို့ ဘုရားကပ်လှူပါ။

သောကြာ

လျှို့ဝှက်ချက်တွေပေါက်ကြားနေတဲ့ကာလပါပဲ။ မိမိရဲ့ အကောက်HACKခံရတာမျိုးတွေအထူးကြုံရတတ်ပါ တယ်။ အရေးကြီးသော လျှို့ဝှက်သင့်သောကိစ္စများကို နှုတ်မလုံသူတွေကိုထုတ်မပြောသင့်ပါဘူး။ လိုတာ ထက်ပိုပြီး အပင်ပန်းခံရမယ်ဆိုပါက အနားယူချိန်ကိုလဲ သတ်သတ်မှတ်မှတ်ထားပါလို့ ပြောချင်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးများ တိုးတတ်နိုင်ပေမဲ့ ရောင်းမှားဝယ်မှားမဖြစ်အောင်သတိထားဖို့တော့ လိုအပ်ပါ တယ်။ အလုပ်ကိစ္စတွေများနေပါလိမ့်မယ်။ စိတ်ပင်ပန်းစရာ လူပင်ပန်းစရာတွေလဲ ကြုံရတွေ့ ရတတ်ပါတယ်။ ၀န်ထမ်းများအလုပ်နဲ့ပက်သက်ပြီး အပြောင်းအလဲကြုံရတတ်ပါတယ်။ ကိုယ်ပိုင်ငွေသုံးစွဲမှုများလဲ စနစ်ကျဖို့လိုပါ တယ်။

မိမိက လုပ်ငန်းခွင်တာဝန်ကြီးကြီးယူထားသူဆို အရေးကြီးတဲ့ကိစ္စများကို ဆုံးဖြတ်ချက်ချနေရပါ လိမ့်မယ်။ ကျန်းမာရေးလဲ အရင်ကထက်ပိုဂရုစိုက်ပါ။ ရောဂါကြီးကြီးမားမားမရှိပေမဲ့ ပန်းဖျားဖျားတာမျိုးတွေ ကြုံရ တတ်ပါ တယ်။ အချစ်ရေးအဆင်ပြေနိုင်ပေမဲ့ ကိုယ်အလုပ်နဲ့ကိုယ် အချစ်ရေးကို အာရုံမစိုက်နိုင်တာမျိုး ဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ ပညာရေးကတော့ မိမိရဲ့စိုးရိမ်စိတ်ကပဲ တွန်းအားတစ်ခု ဖြစ်စေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/5/2

အထူးဟော ကျန်းမာရေးထိခိုက်အောင်အလုပ်မလုပ်ပါနဲ့။

ယတြာ မြေပဲလေးကြော်ပြီး ဘုရားကပ်လှူပါ။

စနေ

ဒီလိုမိမိဖြစ်ချင်တာတွေ အချိန်ယူပြီးလုပ်လာနိုင်ပါလိမ့်မယ်။ အတိတ်က အခက်အခဲတွေကို အဆင်ပြေ အောင်ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ စိတ်ပျက်ပြီးလက်လျော့ထားတဲ့အလုပ်တွေကို ပြန်လည်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေရတတ်ပါတယ်။ ကြိုးစားထားသမျှအရာထင်ရုပ်လုံးပေါ်လာပါလိမ့်မယ်။ ၀န်ထမ်းများ ဒီထက် ကောင်းတဲ့နေရာ၊ ဒီထက်မြင့်တဲ့ရာထူးမျိုးတွေရလွယ်ပါတယ်။ မိမိဖြစ်ချင်တာတွေကို အကောင်အထည် ဖော်နိုင်မှာပါ။ အိမ်အသစ် ပန္နက်ရိုက်ခြင်းများ ၊ ဆိုင်အသစ်ဆောက်ခြင်း၊ လုပ်ငန်းတစ်ခုစတင်ဆိုင်းဘုတ် တင်ခြင်းများ ဒီကာလမှာအထူးပြု လုပ်စေချင်ပါတယ်။

အင်တာဗျူးဖြေဆိုခြင်းများ ၊ စာမေးပွဲဖြေဆိုခြင်းများလဲ ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီအပတ်ထဲ အရမ်းကြီး ဆိုးနေတာမျိုးမတွေ့ပါဘူး။ အချစ်ရေးမှာတော့ နှစ်ကိုယ်တူအနာဂတ်အတွက် မိဘတွေကို တိုင်ပင်ဆွေးနွေးသင့် တဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးမှာ အိမ်ထောင်ဘက်က အလုပ်များနေပြီး မိမိကိုယ်ဂရုစိုက်နိုင်မယ်တော့ မထင်ပါဘူး။ ပညာရေးမှာတော့ မိမိကလဲကြိုးစား ကံကလဲကောင်းဆိုတော့ အတိုင်းထက်အလွန်ပါပဲ။

အကျိုးပေးဂဏန်း 1/5/4

အထူးဟော ကံမြင့်နေမည်။

ယတြာ မိဘဘိုးဘွားတွေကို ဆေးဝါးဓာတ်စာ လှူဒါန်းလိုက်ပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )Viber only -09775555695

Loading...

Facebook Comments