ပရိသတ်တွေမသိသေးတဲ့ သင်ဇာဝင့်ကျော်ရဲ့ အကြောင်းကိုပြောပြလာတဲ့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာ

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ အမိုက်စားဖက်ရှင်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းယူသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော တစ်ဦးပါပဲ..။အချိုးအစားကျပြီး လှပတဲ့ ခန္ဓာကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး အမိုက်စားဖက်ရှင်လေးတွေနဲ့ ပရိသတ်ကို ညှို့ယူထားတဲ့ မင်းသမီးတစ်ယောက်ဆိုလည်းမမှားပါဘူးနော် ။

သူမရဲ့ ဖက်ရှင်တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအများအပြားရှိနေပေမယ့် သူမက တော့ လုပ်စရာရှိတာတွေကိုပဲ ဆက်လက်လုပ်ဆောင်နေပြီး ဘာတစ်ခုမှ ပြန်လည် တုံ့ပြန်ခြင်းမရှိခဲ့ပါဘူးလတ်တလောမှာတော့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာက ပရိသတ်တွေမသိသေးတဲ့ သင်ဇာ့ရဲ့ အကြောင်းတွေကို ဖွင့်ဟလာခဲ့ပါတယ် ။

သင်ဇာနဲ့အတူတူ ဘာသာရေးတွေတွဲလုပ်ဖြစ်နေတာနဲ့ပတ်သက်ပြီး သူမက မကြာခဏဆိုသလို ဘုန်းကြီးကျောင်းတွေသွားတတ်လို့ သင်ဇာက တရားစခန်းဝင်ချင်တယ်လို့ စတင်ဆက်သွယ်လာခဲ့တာဖြစ်ပြီး အတူတူ ဘာသာရေးတွေလုပ်ဖြစ်တယ်လို့ပြောပြခဲ့ပါတယ် ။

သင်ဇာက စိတ်ထားအရမ်းကောင်းတယ် ၊ သူများပေါ်စိတ်ယုတ်မာမရှိဘူး ၊ အဓိကအကြိုက်ဆုံးအချက်က သင်ဇာဝင့်ကျော်ဟာ သူများအတင်းလုံးဝမပြောတတ်ဘူး လို့ပြောပြခဲ့ပါတယ် ။

သင်ဇာက သူ့ဘာသူလူငယ် ဖရီးစတိုင်နေတတ်တယ်ပေမယ့် ဆုံးမသမျှကိုလည်း နားထောင်တတ်တယ် ၊ အလှူအတန်းလည်း အရမ်းရက်ရောတယ်လို့ သိရပါတယ် ။ ဒါပေမယ့် သင်ဇာက သူဘယ်လောက်လှူတယ် ဘယ်မှာလှူတယ်ဆိုတာမျိုးကိုတော့ လူမှုကွန်ရက်မှာ သိပ်မတင်တတ်ပါဘူးတဲ့ ။

စိတ်ထားတော်တော်ကောင်းပြီး အရမ်းချစ်ဖို့ကောင်းတယ်လို့ သရုပ်ဆောင်အေးသီတာက သင်ဇာနဲ့ပတ်သက်ပြီး သူမရဲ့အမြင်လေးကိုပြောပြခဲ့ပါတယ် ။

Credit:burmese.asia

Loading...

Facebook Comments