သူများတွေနဲ့မတူပဲ 20 Year Challenge လုပ်ပြလိုက်တဲ့ ခွန်းဆင့်နေခြည်

လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေလုပ်ရင်း ပရိသတ်တွေအတွက် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတိုင်အောင် တန်ဖိုးရှိတဲ့ အလှတရားတွေကို မပြောင်းလဲအောင် ထိန်းသိမ်းထားနိုင်တဲ့ ခွန်းဆင့်နေခြည်ကတော့ လတ်တလော လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီး နေတဲ့ 10 year challenge ကို သူများတွေနဲ့မတူပဲ 20 year challenge ကို လုပ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကထက်တောင် ပိုပြီး နုပျိုနေတဲ့ ခွန်းဆင့်နေခြည်ရဲ့ပုံရိပ်တွေကတော့ တကယ့်ကို အံ့သြမင်သက်ဖွယ်ပါပဲနော်။

ခွန်းဆင့်နေခြည်ကတော့ “ဘာတွေပြောင်းလဲသွားလည်းဆိုတော့ အသက်ပိုကြီးသွားတယ် ပိုချောလာတယ် (အယ်လယ်- Fans တွေမပြောခင် ကိုယ်ဘာသာအရင်ပြောထားတာ) အသိပညာအတတ်ပညာဝမ်းစာတွေပိုပြည့်လာတယ် အရင်ကလေးဘဝကလို သူများပြောတိုင်းမယုံတတ်တော့ဘူး နှလုံးသားကနည်းနည်းတော့ကျုံ့သွားတယ် ကျန်းမာအောင် ပျော်ရွှင်အောင်နေရတာကြိုက်တယ် အရမ်းဝမလာအောင်လို့ Body ဝိတ်မတတ်အောင်ထိန်းသိမ်းရတာ အခက်ခဲဆုံးဘဲ ••• ဖြစ်ပျက်ခဲ့သမျှ ဖြတ်သန်းခဲ့ရသမျှ အတွေ့အကြုံအခက်အခဲပေါင်းစုံနဲ့ ပျော်ရွှင်စိတ်ချမ်းသာမှုပေါင်းစုံ အားလုံးအတွက်လည်းကျေနပ်တယ် ဒီနေ့ထိအသက်ရူခွင့်ရနေသေးတဲ့အတွက်လည်းကမ္ဘာလောကကြီးကိုကျေးဇူးတင်တယ် (Everything I can do it).” ဆိုပြီး အချိန်တွေ ကြာလာတာနဲ့အမျှ ပိုပြီးရင့်ကျက်လာတဲ့ သူမရဲ့အကြောင်းကို ရေးသားထားတာပါ။

မအိုဆေးတွေများ စားထားသလားလို့တောင် အထင်မှားရလောက်အောင် နုပျိုလန်းဆန်းနေဆဲဖြစ်တဲ့ ခွန်းဆင့်နေခြည်

သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမကပဲ အဆိုပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်တာကြောင့် သူမရဲ့သီချင်းတွေကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးပါတယ်။ တလောက ရုံတင်ပြသခဲ့တဲ့ “မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း အကောင်းဆုံးသရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေရဲ့အားပေးလက်ခံမှုကို ရရှိခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နှစ်တွေဘယ်လောက်ကြာကြာ ပိုပိုပြီးလှလှလာတဲ့ ခွန်းဆင့်နေခြည်ကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Khunn Sint Nay Chi’s Facebook Page

Loading...

Facebook Comments