ရှမ်းပြည်နယ်သို့  ထွက်ပြေးသွားသည့် ဆိုလိုနတ်သား ဂိုဏ်းခေါင်းဆောင်အားပူးပေါင်းရှာဖွေနေ

မူးယစ်ဆေးဝါးတွေကို အွန်လိုင်းကနေ ဖြန့် နေတဲ့ လိုဆိုနတ်သား အဖွဲ့ ဟာ ထိုင်းအိစံ လူငယ်တွေအကြားမှာ ဂိုဏ်းဝင်တွေ များပြီး လူမိုက်တွေအများဆုံး စုစည်း မွေးထားတာဖြစ်ပါတယ်။

ခွန်ကင် ခရိုင်အတွင်းက ကျောင်းသားလေးတစ်ဦးကို သေတဲ့အထိ ၀ိုင်းရိုက်ခဲ့တဲ့ လူငယ်အုပ်စုကို လိုက်ဖမ်းရင်းနဲ့  ဆိုလိုဂိုဏ်းဝင်တွေ အများအပြား ဖမ်းမိသွားခဲ့တာ ဖြစ်ပါတယ်။

ပီန၀ပ် ပရထုန် (ခ) ကိုကယ်(အ၀ါရောင် ၀တ်ထားသည်ပုံ) ဆိုသူဟာ ဂိုဏ်းခေါင်းဆောင်ဖြစ်တာကို ဖမ်းမိတဲ့ မူးယစ်ဆေးစွဲလူငယ်တွေရဲ့  ဖေါ်ထုတ်ချက်တွေအရ ရဲတွေက အလိုရှိဆုံး ရာဇ၀တ်သားအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

ဆိုလိုနတ်သား ဂိုဏ်းဟာ အသင်းဝင်တွေကို အွန်လိုင်းကနေ စုပြီးမူးယစ်ဆေးတွေ ကို လူငယ်တွေအကြား လိုက်ရောင်းခိုင်းပါတယ်။
ရလာတဲ့ငွေမဲတွေကို ပန၀ပ် ပရထုန် ဆီကိုပို့ ရတယ်၊ ဆိုလိုနတ်သားဂိုဏ်းကို ငွေကြေးအရ ထောက်ပံ့ပေးနေတာက မြန်မာနယ်စပ်က မူးယစ်ဂိုဏ်းအဖွဲ့ တစ်ဖွဲ့ လို့  ဆိုပါတယ်။

ဆိုလို လူမိုက်ဂိုဏ်းဝင်တွေဟာ အင်အားများလာပြီးကြေးစား လူမိုက်တွေဖြစ်လာပါတော့တယ်၊နောက်ပိုင်း ကြေးစားလူသတ်ဂိုဏ်းအထိ ကြီးမားလာပြီး အွန်လိုင်းမှာ လူငယ်အုပ်စုတွေ နေရာတကာ လိုက်ကြမ်းနေ သတ်ဖြတ်နေတဲ့ ရုပ်သံတွေ ပြန်လာနေခဲ့ပါတယ်။

ဆိုလိုနတ်သား ဂိုဏ်းခေါင်းခေါင်းဟာ ယခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းမြောက်ပိုင်း ချင်းရိုင် ကနေ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းကလက်နက်ကိုင်အဖွဲ့ တစ်ခုဆီ ထွက်ပြေး နေတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပြီး မြန်မာ နိုင်ငံ တာချီလိတ် ရဲတပ်ဖွဲ့ ကို ပူးပေါင်းဖမ်းဆီးပေးဖို့  တောင်းဆိုထားကြောင်းသိရပါတယ်။

နောက်ဆုံးသတင်းတွေအရ တာချီလိတ်ရဲတပ်ဖွဲ့ ကဆိုလိုဂိုဏ်းဝင်ထိုင်းလူငယ် နှစ်ဦးကို ဖမ်းမိထားပြီလို့  သိရပေမယ့် ဂိုဏ်းခေါင်းဆောင် ပီနာဝပ် ဟုတ်မဟုတ်ဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိသေးကြောင်းထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။

SAW

Loading...

Facebook Comments