တိုက်စစ်မှူး ဆာလာ လိုက်ပါစီးနင်းလာသည့် လေယာဉ် ပျောက်ဆုံးနေ အသက်ရှင်ရန် အခွင့်အလမ်းနည်းပါး

ကာဒစ်အသင်းသည် ပြင်သစ်လီဂူးကလပ် နန့်တက်အသင်းမှပြောင်းရွှေ့ကြေး စတာလင်ပေါင်
၁၅သန်းဖြင့် ခေါ်ယူခဲ့သည့် တိုက်စစ်မှူး အမ်မီလီယာနို ဆာလာသည် ကာဒစ်အသင်းနှင့် လာရောက်ပူးပေါင်းရန်လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ

၎င်းလိုက်ပါစီးနင်းလာသည့် လေယာဉ်သည် လေကြောင်းအသွားအလာ ထိန်းချုပ်ရေးစင်တာနှင့်အဆက်အသွယ်ပြတ်တောက်နေကြောင်း ပြင်သစ်လေကြောင်းအသွားအလာထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ခဲ့သည်။

တာဝန်ရှိသူများက ပျောက်ဆုံးနေသည့်လေယာဉ်ကို ရှာဖွေနေဆဲဖြစ်သော်လည်း အမ်မီလီယာနိုဆာလာအနေဖြင့် အသက်ရှင်ရန် အခွင့်အလမ်းနည်းပါးလျက်ရှိသည်။

အဆိုပါဖြစ်စဉ်ကြောင့် နန့်တက်အသင်းသည် အန်တီတီအသင်းနှင့်ယှဉ်ပြိုင်ကစားရမည့် ပြင်သစ်ကိုပါ
ဖလားပွဲစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့သည်။အမ်မီလီယာနိုသည် ကာဒစ်အသင်းနှင့် ပူးပေါင်းရန် နန့်တက်အသင်းဖော်များကို နှုတ်ဆက်ခဲ့ပြီးအသင်းဖော်များနှင့်အတူ ဓာတ်ပုံရိုက်ကူးသွားခဲ့ကြောင်း သိရသည်။

အမ်မီလီယာနိုဆာလာ၏မိခင် မာစီးဒီးစ်က ကျွန်မရဲ့သားကို လာခေါ်သွားတဲ့လေယာဉ်က ကာဒစ်အသင်းဥက္ကဋ္ဌရဲ့ လေယာဉ်လို့သိရပါတယ်။ကာဒစ်အသင်းက ကျွန်မတို့ကို လေယာဉ်ပျောက်နေတဲ့ အကြောင်း
အသိပေးခဲ့ပါတယ်။

လေယာဉ်ကိုရှာဖွေနေတယ်လို့လဲ သိရပါတယ်။ကျွန်မသားအတွက် အကောင်းဆုံးကို မျှော်လင့်နေပါတယ်ဟု ပြောကြားခဲ့သည်။ကာဒစ်အသင်းကလည်း အမ်မီလီယာနိုဆာလာ၏ဖြစ်စဉ်နှင့် ပတ်သက်၍စိတ်မကောင်း ဖြစ်မိကြောင်းနှင့်အသက်ရှင်လျက်ပြန်တွေ့ရန် မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

အမ်မီလီယာနိုဆာလာသည် အာဂျင်တီးနားနိုင်ငံသားဖြစ်ပြီး ၄င်း၏ကစားသမားဘဝကို ပြင်သစ်လီဂူးပြိုင်ပွဲ၌သာ ကျင်လည်ခဲ့သူဖြစ်ပြီးကာဒစ်အသင်းသို့ မပြောင်းရွှေ့မီဘော်ဒိုး၊ ကိန်းနှင့် နန့်တက်အသင်းတို့တွင် ကစားခဲ့သူဖြစ်ကြောင်းသိရသည်။Dkhitmedia

 

Loading...

Facebook Comments