အံ့မင်းညိုရဲ့သမီးလေးအတွက် လိုအပ်တာမှန်သမျှကိုဆောင်ရွက်ပေးမယ့် ခေတ်သစ်ဖောင်ဒေးရှင်း

ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အံ့မင်းညိုရဲ့ မိသားစုလေးအကြောင်းကို မေးမြန်းထားတဲ့ အင်တာဗျူးလေးတစ်ခု တက်လာပြီးတဲ့ နောက်မှာ ပရိသတ်တွေ မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ အံ့မင်းညိုရဲ့ (၇)နှစ်အရွယ် သမီးအကြီးလေးက မွေးရာပါ နှလုံးအပေါက်ပါပြီး မျက်စိတစ်ဖက်လဲ ကောင်းကောင်း မမြင်ရသူတစ်ဦးဖြစ်ပါတယ်။ အံ့မင်းညိုကတော့ ဖခင်ကောင်းတစ်ဦးပီပီ ရှိသမျှ စည်းစိမ်တွေကို ထုခွဲရောင်းချပြီး ကုသပေးပေမယ့် သမီးလေးရဲ့ ရောဂာကတော့ ထင်သလောက် မသက်သာလာခဲ့ပါဘူး။

သမီးလေးအတွက် ဖခင်ကောင်းတစ်ဦးပီပီ ကြိုးစားရုန်းကန်နေတဲ့ အံ့မင်းညိုအတွက် သတင်းကောင်းလေးတစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ။ အဲ့ဒီသတင်းကောင်းလေးကတော့ လင်းလင်းနဲ့ချစ်သုဝေတို့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းမှ အံ့မင်းညိုရဲ့ သမီးအကြီးလေးအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုများကို ကူညီထောက်ပံ့သွားမှာဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပတ်သတ်ပြီး လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “ကိုအံ့မင်းညိုရဲ့ သမီးလေး မွေးရာပါနှလုံးအပေါက်ပါ ကျန်းမာရေးကိစ္စနှင့်ပတ်သတ်ပြီး ဆရာဝန်ကြီးများနှင့် တွေ့ဆုံပြင်ဆင်ခါ လုပ်ဖို့လိုအပ်တာမှန်သမျှ ခေတ်သစ်ဖောင်ဒေးရှင်း မှ ဆောင်ရွက်ဖို့ စကားသွားပြောဖြစ်ပါတယ်။” ဆိုပြီး မျှဝေထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ” ခေတ်သစ်” ဖောင်ဒေးရှင်းက (၅)နှစ်အောက် မွေးရာပါ နှလုံးအပေါက်ပါတဲ့ ကလေးငယ်တွေကို ထောက်ပံ့ကူညီပေးတာဆိုပေမယ့်လဲ အံ့မင်းညိုတို့မိသားစုလေးက တော်တော်လေး ကံကောင်းသွားတယ် ဆိုရပါမယ်။

ပရိသတ်ကြီးလဲ အံ့မင်းညိုတို့မိသားစုနဲ့ထပ်တူ တော်တော်ကြီး ဝမ်းသာနေကြမယ်လို့ ထင်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ “ခေတ်သစ်” ဖောင်ဒေးရှင်းကြီးလဲ အခုထက်မက လိုအပ်သူများကို ကူညီထောက်ပံ့နိုင်တဲ့ ဖောင်ဒေးရှင်းကြီး ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျ ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Htwe Lynn Ko’s fb

Credit : momolay

Loading...

Facebook Comments