ဟာသသရုပ်ဆောင် ကင်း​ကောင်​ရဲ့ နောက်ဆုံးထွက်သက်မှ ဆို့နင့်ဖွယ် ပုံရိပ်တစ်ချို့

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဇာတ်ပို့သရုပ်ဆောင် ကင်းကောင်ကတော့ သူကျရာဇာတ်ရုပ်အတိုင်း အကောင်းဆုံး သရုပ်ဆောင်ရင်း ပရိသတ်အတွက် အနုပညာအတွက် ပေးဆပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီး ကင်းကောင်ကတော့ ဒီကနေ့ ဇန်နဝါရီလ ၂၂ရက် မနက်၇နာရီခန့်မှာ ရုပ်ရှင်ရိုက်ကူးနေရင်း ချွဲကြပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေအကုန်လုံး ဝမ်းနည်းကြေကွဲခဲ့ရတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သရုပ်ဆောင်သားညီက ဦးကင်းကောင်ရဲ့နောက်ဆုံးထွက်သက်မှ ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

သားညီကတော့ ” ဟာသသရုပ်ဆောင် (ကင်းကောင်)ကွယ်လွန်သွားပါသည် ပုပ္ပါးမြို့စေတနာရှင်လူမူ့ကူညီရေးအသင်းမှာ ကျောင်ပန်တောင်မြို့ သုဂတိရှင်နာရေးကူညီးမူ့အသင်ကိုလိုက်လှိုင်ပိုဆောင်ပါတယ် ကျောက်ပန်တောင်မြို့နာရေးကူညီမူ့အသင်းမှာ ရန်ကုန်သို့လိုက်လှိုင်ပို့ဆောင်နေပါသည်” ဆိုပြီး ဦးကင်းကောင်ရဲ့နောက်ဆုံးထွက်သက်မှ ပုံရိပ်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားခဲ့တာပါ။

သရုပ်ဆောင်ကြီး ကင်းကောင်ရဲ့ နောက်ဆုံးထွက်သက်မှ ပုံရိပ်တွေကတော့ တကယ့်ကို ဆို့နင့်ဖွယ်အတိပါပဲ

ပရိသတ်တွေကို အရမ်းချစ်တဲ့ သရုပ်ဆောင် ကင်းကောင်ကတော့ သူချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေကိုခွဲပြီး ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့ပါပြီ။ ချစ်ပရိသတ်တွေလည်း သရုပ်ဆောင် ကင်းကောင်တစ်ယောက် နောင်ဘဝမှာ အေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Source-Momolay

Loading...

Facebook Comments