ပေါင်မှာ အမိုက်စား တက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်​ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်လို့ဆိုလိုက်တာနဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ရင်ခုန်ချင်စရာကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေ ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးလို့ ပရိသတ်တွေက ပြေးမြင်မိကြမှာပါ။ တစ်နေ့တစ်ခြား ပိုပိုပြီး လန်းလာတဲ့ သင်ဇာလေးကတော့ တက်တူးထိုးရတာကိုလည်း ကြိုက်နှစ်သက်သူတစ်ဦးမို့ သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ အမိုက်စားတက်တူးလေးတွေ ထိုးလေ့ရှိပါတယ်။ မနေ့ကတော့ သင်ဇာက သူမရဲ့ပေါင်ပေါ်မှာ အမိုက်စားတက်တူးအသစ်တစ်ခု ထပ်ထိုးခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့တာကြောင့် ပရိသတ်တွေကလည်း အရမ်းကို စိတ်ဝင်တစား ရှိနေကြတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပေါင်ပေါ်မှာ အမိုက်စားတက်တူးတစ်ခု ထပ်ထိုးခဲ့တဲ့ သင်ဇာဝင့်ကျော်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးအသစ်လေးထိုးခဲ့တဲ့အကြောင်းကို အင်စတာဂရမ်ပေါ်မှတစ်ဆင့် ပရိသတ်တွေဆီကို ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ အဆိုပါ တက်တူးအသစ်လေးကို တက်တူးဆရာ တွတ်ပီဆီမှာ သွားထိုးခဲ့တာပဲ ဖြစ်ပါတယ်။

သင်​ဇာဝင့်​​ကျော်​က​တော့ လတ်​တ​လောမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ရိုက်​ကူးဖြစ်​​နေပြီး ​ကြော်​ငြာ​တွေလည်း ရိုက်​ကူးဖြစ်​​နေတယ်လို့​လည်း သိရပါတယ်​။ အချစ်​​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုရယ်​ သူငယ်​ချင်း​တွေရယ်​နဲ့အတူ ဘဝကို ​ပျော်​​ပျော်​ကြီး ဖြတ်​သန်း​နေတဲ့ သင်​ဇာ​လေးက​တော့ အပျိုကြီးမမဖြစ်​ရတာကိုလည်း ဂုဏ်​ယူ​နေသူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း တက်တူးအသစ်လေးနဲ့ ဂေါ်တော့မယ့် သင်​ဇာ​လေးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Thinzar Wint Kyaw’s Instagram
Photo;Tut pe

Credit : momolay

Loading...

Facebook Comments