စွဲဆိုထားတဲ့ ကာမလိမ်လည်မှုကို ဆုံးခန်းတိုင် ရင်ဆိုင်မယ်လို့  ကျန်းမာရေးဆရာမလေးပြော

နေပြည်တော်တိုင်းမ် မူခင်းသတင်းအဖွဲ့ အယ်ဒီတာချုပ်အား စွဲဆိုထားသည့်အမှုကို ဆုံးခန်းတိုင်ရင်ဆိုင်မည်ဟု ကျန်းမာရေးဆရာမဆို

မြန်မာအမျိုးသမီးများကို ထပ်မံ၍ အစော်ကားမခံစေရန်အတွက် နေပြည်တော်တိုင်းမ်မူခင်းသတင်းအဖွဲ့အယ်ဒီတာချုပ်အား စွဲဆို ထားသည့်အမှုကို ဆုံးခန်းတိုင်အောင် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ကျေးလက် ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့် ကပြောကြားလိုက်သည်။

ကျန်းမာရေး ဆရာမ ဒေါ်သန်းသန်းမြင့်သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ နယ်၊ မွှေ့လည်ကျန်းမာရေးဌာနတွင် တာဝန် ထမ်း ဆောင်စဉ် နေပြည်တော်တိုင်းမ် အယ်ဒီတာချုပ် ၀ရိန်မိုးနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

ယင်းနောက်ပိုင်းတွင် ၀ရိန်မိုးမှ ၄င်း သည်လူပျို လူလွတ်ဟုဆိုကာ ကာမလိမ်လည်ရယူခဲ့သည့်အတွက် ကာမလိမ်လည်မှု ပုဒ်မ(၄၁၇ )ဖြင့် ဂန့်ဂေါမြို့နယ်တရား ရုံး တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်သည် ဇန်န၀ါရီ ၂၀ ရက် က ရန်ကုန်မြို့ ရှိ မြန်မာဂျာနယ်လစ်ရုံးခန်းတွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပြီး နေပြည်တော်တိုင်းမ် မူခင်းသတင်းအဖွဲ့ဝင်များအနေဖြင့် မြန်မာအမျိုး သမီး များကို ထပ်မံမစော်ကားစေရန်အတွက် အယ်ဒီတာချုပ် ၀ရိန်မိုးနှင့်ပတ်သက်သည့် အမှုကိုအဆုံးထိရင်ဆိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မဘက်ကအများကြီးနစ်နာတယ်။လူကိုလည်းအရသိမ်းခံရတယ်။သိမ်းပုံသိမ်းနည်းကလည်း သူရဲ့တပည့်တွေရော၊ ကျွန်မ တို့ အရပ်သူအရပ်သားတွေ ရှေ့မှာကော စော်ကားသွားတယ်။

အဲလို စော်ကားသွားတဲ့အပြင် ဆေးနဲ့လည်းပစ်ဖမ်းတယ်ဆိုတော့ ကျွန်မဘက်ကအများကြီးနှစ်နာပါတယ်။ကျွန်မကဒီအမှုကိုလည်းပြီးအောင်လုပ်ချင်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မသာ ဒီအ မှု ကိုငွေကြေးလည်းမတက်နိုင်လို့ဆိုပြီးတော့ ဒီအမှုတွေကို ရင်မဆိုင်ပဲနဲ့ ဒီတိုင်းပဲနေလိုက် မယ်ဆိုရင် သူတို့အဖွဲ့အစည်း ကလူတွေဟာ မြန်မာနိုင်ငံကအမျိုးသမီးတွေကိုနောက်ထပ် ဒီလိုပဲပြုကျင့်နေကြဦးမှာပဲ၊ ကျွန်မကသာငြိမ်နေလိုက်ရင် နောက် ထပ် အမျိုးကောင်းသမီးလေးတွေ ဘယ်နှစ် ယောက်အစော်ကားခံရမလည်းမသိပါဘူး။

ကျွန်မရဲ့ အရှက်ရယ် ၊ ဂုဏ် သိက္ခာရယ် ကို မငှဲ့ပဲဖော်ထုတ်တာဖြစ်ပါတယ်” ဟု ဒေါ်သန်းသန်းမြင့်ကပြောသည်။

ထို့အပြင် အဆိုပါအမှုနှင့် ပတ်သက်၍ ဆရာမ ဒေါ်သန်းသန်းမြင့်သည် အမှုရုံးချိန်းတခုမှအပြန် ဂန့်ဂေါ်ကလေးလမ်း၊ စိုင်ဒူး တံတားအ ရောက် တွင် ရဲတပ်ဖွဲ့မှ သတင်းအရ ဟုဆိုကရပ်တန့်စစ်ဆေးခြင်းခံခဲ့ရကာ မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၈ ခုနှစ်၊အောက်တိုဘာ၂ရက်နေ့တွင် ဂန့်ဂေါမြို့ နယ်တရားရုံးကအာမခံပေးခဲ့ကြောင်းသိရသည်။

“ ကျွန်မဂန့်ဂေါတရားရုံးကနေအပြန်လမ်းရောက်တော့ ရဲတွေကတားတယ်။ လိုင်စင်စစ် တယ်ထင်ပြီး အေးစေးရပ်ေ ပးပြီးလိုင် စင်ပြတော့ ကျွန်မကိုလိုင်စင်စစ်တာမဟုတ်ဘူး၊ မူးယစ်ဆေးဝါးသတင်းရလို့ စစ်တယ်ဆိုပြီးပြောတယ်။ ကျွန်မကဘာမှမရှိဘူး၊

မူးယစ်ဆေးဝါးတောင်မမြင်ဖူးဘူးစစ်ပေါ့ဆိုတော့ ကျွန်မကျောပိုး အိတ် ကိုခပ်လှမ်းလှမ်း တဲမှာသွားစစ် မယ်ဆိုပြီး ခေါ်သွားပြီး စစ်တယ်၊ စစ်တော့မတွေ့ဘူး၊ ပြန်ရောက်တော့ ဆိုင်ကယ်ကိုက် အောက်ကခွက်ထဲမှာ အရပ်ဝတနဲ့လူတယောက် ကမူးယစ်ဆေး ၀ါးတွေ့တယ်ဆိုပြီးပြောတယ်။

အဲ့မှာမူးယစ် ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ကျွန်မကိုဖမ်းတာ” ဟု မှုးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိ မှုဖြင့် ဖမ်းဆီးခံရသည့်ဖြစ်စဉ် ကိုဒေါ်သန်းသန်းမြင့်ကရှင်းပြသည်။

ဒေါ်သန်းသန်းမြင့်သည် အဆိုပါအမှုကို ရင်ဆိုင်နေရသည့်အတွက် ကျန်းမာရေးဝန်ထမ်းအဖြစ်မှ အနားပေးခြင်းခံ ခဲ့ထားရ ကြောင်းသိရသည်။ထို့အပြင် မိမိဂုဏ် သိက္ခာ ကျဆင်းစေရန်အတွက် မိမိ၏ကျန်းမာရေး ၀န်ထမ်းဝတ်ဆုံနှင့် ဓာတ်ပုံများကို လူမှုကွန် ရက်တွင် တင်ခဲ့သည့် နေပြည်တော် တိုင်း မ်မူခင်းသတင်းဂျာနယ်မှ အဖွဲ့ဝင် အချို့ ကိုလည်း ဆက်သွယ်ရေးဥ ပဒေပုဒ် မ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း ၊

မိမိတွင် မူးယစ်ဆေးဝါးရှိသည်ဟု သတင်းပေးသူကိုလည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြန်လည် စစ်ဆေးသင့်ကြောင်း ဒေါ်သန်းသန်းမြင့်ကပြောသည်။

အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာမလေးသည် မတရားခံရခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် သတင်းများထွက် ပေါ် လျက်ရှိပြီး ယင်းဖြစ်စဉ်တွင် တရားခံမည်သူဆိုသည်ကိုထောက်ပြကြကြောင်း၊

ယခုကိစ္စနှင့်ပတ်သက်၍ တရားခံမှန်ကန်စွာ ပေါ်ပေါက်ရန်တိုင်းရဲတပ်ဖွဲ့မှူးထံအကြောင်း ကြားထားပြီး ဥပဒေတွင်အပြစ်ရှိသူ အယောက် (၁၀၀) လွှတ်လျှင်လွှတ်ပါစေ၊ အပြစ်မရှိသူ (၁)ယောက်ကို မှားယွင်းအပြစ်ပေးမိတာမှုမျိုးမဖြစ်စေရန် အရေးကြီးကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြည်တွင်းမီဒီယာတခုသို့ပြောကြားခဲ့သည်။
NewsWatch

Loading...

Facebook Comments