စနိုက်ကြော်သူတစ်ဦးကို ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ ဟန်လင်း

ပရိသတ်တွေချစ်တဲ့စုံတွဲလေးဖြစ်တဲ့ ဟန်လင်းနဲ့ မေဦးက တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ လက်တွဲခဲ့တာ အခုဆိုရင် ချစ်သူသက်တမ်း(၂) နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ ဟန်လင်းနဲ့ မေဦးတို့က အားလုံးသိပြီးသားအတိုင်း LGBT အတွဲလေးဖြစ်ပေမယ့် ပရိသတ်တွေရော မိဘအသိုင်းအဝိုင်းကပါ နားလည်လက်ခံထားတဲ့ အတွဲလေးဖြစ်ပါတယ်။ ဟန်လင်းနဲ့ မေဦးတို့ကလဲ အချစ်စစ်တစ်ခုတည်းနဲ့ အခုလိုအခြေအနေတွေကို လက်ခံထားတဲ့ ချစ်စရာအတွဲလေးဖြစ်ပါတယ်။

ဟန်လင်းနဲ့မေဦးက အသက်မွေးတဲ့နယ်ပယ်ခြင်းမတူညီပေမယ့် အခုဆိုရင် May & Co ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ကို အတူတူဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဟန်လင်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး စနိုက်ကြော်တစ်ဦးကို ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။ “စနိုက်ကျော်ရတာကြိုက်တဲ့ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတဲ့ ဟိုတစ်ယောက် နောက်ဆုံးသိထားရမှာက ငါ့ခြံကအမြင့်ကြီး ခတ်ထားရုံမက သံဆူးကြိုးတွေပါ ခတ်ထားလို့ ခြံထဲကလူလည်း ခြံခုန်လို့ မရသလို လာလည်းနိုက်လို့ မရဘူး …” ဆိုပြီးပြောထားပါတယ်။

အလုပ်တွေကိုယ်စီနဲ့မို့ မအားလပ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်နဲ့ အချိန်ပေးထားကြပါတယ်

ပရိသတ်ကြီးလဲ ကိုယ့်ချစ်သူကို ကြောင်တောင်နှိုက်ရဲတဲ့သူတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ဟန်လင်းရဲ့ခံစားချက်ကို နားလည်မယ်ထင်ပါတယ်။ မေဦးနဲ့ဟန်လင်းတို့ရဲ့ ချစ်ခြင်းလေး အဆင်ပြေချောမွေ့ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Han Lin’s fb

Credit : momolay

Loading...

Facebook Comments