မကြာခင်​ ဂယက်​ထလာ​တော့မယ့်​ သင်​ဇာဝင့်​​ကျော်​ရဲ့အသည်းယားဖွယ်​ ပွဲတက်​ဖက်​ရှင်

သင်​ဇာဝင့်​​ကျော်​က​တော့ သူမကိုယ်​သူမ အမြဲ ယုံကြည်​မှုရှိပြီး တက်​ကြွလန်းဆန်း​နေတတ်​တဲ့ ဆွဲ​ဆောင်​မှုရှိလွန်းသူ​လေး တစ်​ဦးပါ။ အမြဲလိုလို စိတ်​ဝင်​စားစရာ​ကောင်းတဲ့ အမိုက်​စား ​ဖက်​ရှင်​​တွေနဲ့ ပွဲတက်​​လေ့ရှိတဲ့ သင်​ဇာ​လေးက​တော့ ဒီ​နေ့​လေးမှာ မြောက်ဥက္ကလာမြို့နယ်မှာ ဖွင့်လှစ်လိုက်တဲ့ ယူနိုက်တက်ဗွီးရှင်း မျက်မှန်ဆိုင်ဖွင့်ပွဲကို အသည်းယားဖွယ်​ဖက်​ရှင်​နဲ့ တက်​​ရောက်​ခဲ့တာ တွေ့ရပါတယ်​။

အနုပညာသမား​ကောင်းတစ်​ဦးဖြစ်​တဲ့ သင်​ဇာ​လေးက​တော့ အခက်​အခဲ​တွေကို မမှုပဲ သူမချစ်​တဲ့ အနုပညာကိုသာ အ​ကောင်းဆုံး​နဲ့ တာဝန်​အ​ကျေဆုံး ပုံ​ဖော်​​နေတာပဲ ဖြစ်​ပါတယ်​။

သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အမိုက်​စားဖက်​ရှင်​နဲ့ ပွဲတက်​ခဲ့တဲ့ သင်​ဇာ​လေးကို ချစ်​​ပေးလိုက်​ကြပါဦး​နော်​။

Myint Myat

Credit : momolay

Loading...

Facebook Comments