ဖမ်းဆီး ခံထားရတဲ့ ဒါရိုက်တာ မိုက်တီး ရောဂါအခြေအနေကြောင့် တာမွေတရားရုံး မှ အာမခံပေး

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော် တို့ဟာ ဆိုရင်ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပါ။ လင်းဇာနည်ဇော်တို့ရဲ့ အစ်ကို ဖြစ်သူ ဒါရိုက်တာ မိုက်တီး ဟာဆိုရင်လည်း ပရိသတ်ကြိုက် ဇာတ်လမ်းကောင်း တွေကို ဖန်တီး ရိုက်ကူးတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ မိုက်တီး ကို ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက တာမွေမြို့နယ် အထက်တန်းကျောင်းရှေ့တွင် မူးယစ်ဆေးဝါးအချို့ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီး ကို အာမခံ နဲ့ လွတ်လာတဲ့ ဒါရိုက်တာ မိုက်တီး ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒါရိုက်တာ မိုက်တီး ကို မူးယစ်ဆေးဝါးအမှု နဲ့ ဖမ်းဆီးထား ပြီး ရုံးချိန်းတိုင်းကိုလည်း ညီမဖြစ်သူ လင်းဇာနည်ဇော် တို့ညီအစ်မက တက်ခဲ့ကြတာပါ။ ဒါရိုက်တာ မိုက်တီး အချုပ်ကျ ပြီးမကြာခင်မှာပဲ ဖခင်ကြီး ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး ဒါရိုက်တာ မိုက်တီးက ဖခင် ရဲ့ ဈာပန ကိုမြင်တွေ့ခွင့်မရခဲ့ပါဘူးပရိသတ်ကြီးရေ။

ထောင်ထဲမှာ ဖမ်းဆီး ခံထားရတဲ့ ဒါရိုက်တာ မိုက်တီးက ကျန်းမာရေး အခြေအနေကြောင့် အင်းစိန် ထောင် ဆေးရုံ ကို ရုတ်တရက် တက်လိုက်ရတာကြောင့် မိသားစုများက အရမ်းကို စိုးရိမ်ခဲ့ကြတာပါ။ဒီတစ်ခါမှာတော့ ဒါရိုက်တာမိုက်တီးကို တာမွေမြို့နယ် တရားရုံးက အာမခံပေးလိုက်တယ် ဆိုတဲ့ သတင်း ထွက်ရှိခဲ့ပြီး ဒါရိုက်တာမိုက်တီး ကို ထောင်ဆရာဝန် က တရားရုံးမှာ ထောက်ခံပေးလို့ အာမခံပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ဒါရိုက်တာမိုက်တီးက လက်ရှိမှာ ကင်ဆာရောဂါဝေဒနာ ခံစားနေရတယိလို့ မီဒီယာ တစ်ခုရဲ့ မေးမြန်းချက်ကို ရဲအရာရှိတစ်ဦးက ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။

အစ်ကို ဖြစ်သူ ဒါရိုက်တာ မိုက်တီး က အာမခံနဲ့ ထွက်လာခဲ့ရပေမယ့် လင်းဇာနည်ဇော် တို့မိသားစု ကတော့ ပျော်နိုင်မှာမဟုတ်ပါဘူး။ ပရိသတ်တွေရဲ့ ဆုတောင်း မိသားစုရဲ့ ဆုတောင်း လည်း မပြည့်ခဲ့ပါဘူး ။ ဒါရိုက်တာ မိုက်တီးက ကင်ဆာ ရောဂါကို ခံစားနေရပြီပဲဖြစ်ပါတယ်။

ဒါရိုက်တာမိုက်တီး အာမခံနဲ့ ထွက်လာတဲ့ သတင်းလေးက မိသားစု ဝင်တွေအတွက် ဝမ်းမသာနိုင်ပဲ ဝမ်းနည်းရမယ့် အခြေအနေပါ ပရိသတ်ကြီးရေ ။
Moekalay
Source;eleven media group’s facebook

Credit : momolay

Loading...

Facebook Comments