အသိပညာမကြွယ်ဝတော့ ဌက်ပျောသီးကြောင့် ကလေးသေဆုံးခဲ့ရ

သုသေတနပညာရှင်တွေရဲ့ လေ့လာပြုချက်များအရ ဌက်ပျောသီးဟာ လူ့ခန္ဓာကိုယ်အတွက် များစွာ အကျိုးပြုပါတယ်။ ဌက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်၊ ဗီတာမင် C ၊ B2 တို့က ကြွယ်ဝစွာပါဝင်တာမို့ လူသားကျန်းမာရေးအတွက် များစွာ အသုံးဝင်တဲ့ အသီးပါ။

လူကြီးတွေတင်မကဘူး ကလေးတွေ စားရင်လည်း သူတို့လေးတွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ကလေးတွေကို ကျွေးတဲ့အခါမှာ ဘယ်အရွယ်ကို ကျွေးသင့်တယ်။ ဘယ်အရွယ်ကို မကျွေးသင့်ဘူးလည်းဆိုတာကိုတော့ သိထားသင့်ပါတယ်။

အခုတော့ ကျန်းမာရေးဗဟုသုတမရှိလို့ အင်ဒိုနီးရှားနိုင်ငံမှာ မွေးကင်းစကလေးငယ်လေး တစ်ဦးကို အဘွားဖြစ်သူက ဌက်ပျောသီး ကျွေးခဲ့မိပါတယ်။ ဒါပေမယ့် သူထင်ထားသလို ဖြစ်မလာဘဲ လုံးဝကို မထင်တဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်။

ဖြစ်ပုံကတော့ ကလေးလေးဟာ (၂)ရက် (၃)ရက် ကြာအောင် ကိုယ်အလေးချိန်တွေ သိသိသာသာ ကျဆင်းလာလို့ဆိုပြီး အဘွားဖြစ်သူက စိတ်ပူကာ ဌက်ပျောသီးကို ထောင်းချေပြီး ကျွေးလိုက်ပါတယ်။

ဒါပေမယ့် ကလေးရဲ့ အစာခြေဖျက်စနစ်ဟာ သိပ်မလုပ်နိုင်သေးတဲ့အတွက် ကလေးဟာ သွေးတွေ ပြန်အန်လာပါတော့တယ်။ မိဘတွေလည်း စိတ်ပူပြီး ကလေးငယ်ကို ချက်ချင်း ဆေးရုံကို ပို့လိုက်တော့ ကလေးမှာ ကျင်ကြီးအိမ်က သွေးထွက်နေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဆရာဝန်တွေလည်း ချက်ချင်းဘဲ အရေးပေါ်ကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့် ကလေးငယ်ရဲ့ နှာခေါင်း၊ ပါးစပ်နဲ့ စအိုစကနေ သွေးတွေ ထွက်လာပါတယ်။ (၁)နာရီလောက် ဆရာဝန်တွေ ကလေးငယ်ရဲ့ အသက်ကို အကောင်းဆုံး အသည်းအသန် ကယ်တင်ပေမယ့် ကံမကောင်းစွာနဲ့ဘဲ ကလေးငယ်ဟာ သေဆုံးသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ တကယ်ကို ဖြစ်ပျက်ခဲ့တဲ့ ကျန်းမာရေး သတင်းလေးပါ။ ဒါကြောင့် ဒီအဖြစ်ပျက်လေးကို သင်ခန်းစာယူပြီး ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ပိုမိုဂရုစိုက်နိုင်ကြပါစေ။

Credit:we.com

Loading...

Facebook Comments