ဇနီးချောလေးကိုချီပြီး ငွေဆောင်မှာ ပျော်ပျော်ကြီး ကဲနေတဲ့ ​ရွှေထူ

အနုပညာနယ်​ပယ်​တစ်​ခုစီက​နေ ပရိသတ်​​တွေရဲ့ လက်​ခံအား​ပေးခြင်းကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့တစ်​ဦးနဲ့တစ်​ဦး နှစ်​နှစ်​ကာကာ ချစ်​မိသွားကြတာမို့ အခက်​အခဲ​တွေကိုရင်​ဆိုင်​ရင်း နှစ်​ကိုယ်​တူ ​ပျော်​ရွှင်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို နှစ်​ကိုယ်​တူ ပုံ​ဖော်​​နေကြတာပါ။ လတ်​တ​လောမှာ​တော့ ​ရွှေနှစ်ရွှေစုံတွဲလေးက ပျင်းလို့ ငွေဆောင်ကမ်းခြေသို့ အလည်ပတ်ရောက်ရှိနေတဲ့ သူတို့နှစ်ဦးရဲ့ပုံရိပ်တွေကို လူမှုကွန်​ယက်​စာမျက်​နှာ​ပေါ်မှာ ကြည်​ကြည်​နူးနူး တင်​ထားတာ ​တွေ့ရပါတယ်​။

ဇနီးချောလေးကို သာသာလေးချီပြီး ကမ်းခြေတစ်ပတ် ပတ်နေတဲ့ ရွှေထူး

ရွှေထူးကတော့ “ပျင်းလို့ လင်မယား နှစ်ယောက် ကမ်းခြေ ရောက်လာ 😁” ဆိုပြီး သူတို့ဇနီးမောင်နှံရဲ့ချစ်စရာပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

ရွှေထူးက​တော့ လတ်​တ​လောမှာ နယ်​ရှိုးပွဲဆိုရင်းနဲ့ တစ်​ခြား​သော အနုပညာ အလုပ်​​တွေဆက်​တိုက်​ လုပ်​ဖြစ်​​နေတာဖြစ်​ပြီး ​ရွှေမှုံ​လေးကလည်း ဇာတ်​ကား​တွေ ဆက်​တိုက်​ရိုက်​ကူးဖြစ်​​နေတာ ​တွေ့ရပါတယ်​​နော်​။ ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ ​အောက်​တိုဘာလ ၃၀ရက်​​နေ့က လက်​ထပ်​လက်​မှတ်​ထိုးခဲ့ပြီး နိုဝင်​ဘာလ ၁၁ရက်​​နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်​တဲ့​ရွှေနှစ်​​ရွှေက​တော့ မတူညီတဲ့ နယ်​ပယ်​​တွေမှာ ​ကိုယ်​စီ​အောင်​မြင်​မှု​တွေကို ပိုင်​ဆိုင်​ထားကြတာပဲ ဖြစ်​ပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ကမ်းခြေမှာ အပျော်ကြီးပျော်နေတဲ့ ​ရွှေနှစ်​​ရွှေစုံတွဲ​လေးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Htoo Khant & Shwe Mhone Yati’s Facebook

Credit : momolay

Loading...

Facebook Comments