ထိုက်ထိုက်တန်တန် ဂုဏ်ပြု​ပေးသင့်​တဲ့ ယာဉ်​​မောင်း​လေး ရဲတပ်​သား မျိုး​ကျော်​လွင်

ထိုက်ထိုက်တန်တန် ဂုဏ်ပြု​ပေးသင့်​တဲ့ ကိုလှ​ရွှေယာဉ်​​မောင်း​လေး ရဲတပ်​သား မျိုး​ကျော်​လွင်​တဲ့

ဖြစ်​စဉ်​ က​တော့၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့​နေ့လည်​ ၁နာရီ ၅မိနစ်​ အချိန်​ခန့်​တွင်ကြိမ်ချောင်း-တမန်းသား-ခမောင်းဆိပ်ကားလမ်းအတိုင်း ​ရဲတပ်​သား မျိုး​ကျော်​လွင်​ ​မောင်းနှင်​ပီး ယာယီရဲမှူးကြီး တင့်လွင် ဦးစီး ၂ + ၅ ဦးစီးနှင်းလိုက်​ပါလာတဲ့ ​မော်​​တော်​ယာဉ်​ ဟာ ဝက်​ကျိန်း(မြို)ရွာ တံတားအနီး ခမ အ​ရောက်

အ​ရှေ့ဝဲဘက်​ ​တောင်​​ကြော​ပေါ်မှ AA လက်​နက်​ကိုင်​ ၁၀ ဦးမှအသင့်စောင့်ကြိုပစ်ခတ်ရာ ယာဉ်ပေါ်ပါ ၇ ဦး အနက်​ ၆ ဦး ​​သေနတ်​ ထိမှန်​ ဒဏ်​ရာများရရှိခဲ့ပါတယ်​။ သေနတ်ထိမှန်သူများအနက်ယာဉ်မောင်း မျိုး​ကျော်​လွင်​ ဟာပါးစပ်ဖောက်ဝင် အောက်မေးရိုးပြုတ်ဒဏ်ရာရရှိခဲ့ပေမယ့်​ ကားကို လုံးဝ မရပ်​ဘဲရန်​သူ ပစ်​ခတ်​​နေသည့်​ကြားမှ တရကြမ်း ​မောင်းနှင်​ ​ဖောက်​ထွက်​ပြီး

ယာဉ်​​ပေါ်ပါ ရဲတပ်ဖွဲ့ဝင် ၇ ဦးလုံး ကို​နေ့လည်​ ၁နာရီ ၂၅ မိနစ်​ အချိန်​ခန့်​တွင်​ကြိမ်ချောင်းနယ်မြေရဲစခန်း သို့ အ​ရောက်​​ဘေးကင်းစွာ မောင်နှင်​ပို့​ဆောင်​နိုင်ခဲ့ပါတယ်​။

လေးစားပါတယ်​ဗျာ ။ဒဏ်​ရာပြင်းထန်​စွာ ရရှိ​နေခဲ့​ပေမယ့်​မိနစ်​ ၂၀ကြာ ကားကို အာရုံစိုက်​ ဂရုတစိုက်​မောင်းနိုင်​တာကို ​လေးစားမိတယ်​ဗျ။အခု​တော့ ယာဉ်​​မောင်း မျိုး​ကျော်​လွင်​ အပါ ဒဏ်​ရာရ ရဲတပ်​ဖွဲ့ဝင်​ ၆ဦးလုံးကို တပ်​မ​တော်​စစ်​​ဆေးရုံမှာ ​​လိုအပ်​​သော ​ဆေးဝါး ကုသ​မှုများ​ဆောင်​ရွက်​​နေပီဖြစ်​​ကြောင်း သိရှိရသည်​။နိုင်​ငံ​တော်​လူကြီးများ အ​နေနဲ့ယာဉ်​​မောင်း ရဲတပ်​သား မျိုး​ကျော်​လွင်​ အားထိုက်​တန်​စွာ ဂုဏ်​ပြု​ပေးသင့်​ပါ​ကြောင်းတင်​ပြလိုက်​ပါတယ်​ ခင်​ဗျ ။ ရဲသီဟ

၁၆/၀၁/၂၀၁၉ ။ နကခ(၂)မှုး ရဲမှုးကြီးတင့်လွင်ဦးစီး (၂+၅)=၇ဦးအဖွဲ့ စကခ(၁၅)နည်းဗျူဟာမှုး မှုးကြီးထွန်းမင်းသိမ်းဦးစီးအဖွဲ့နဲ့အတူ ဒေသခံတိုင်းရင်းသားမျာအား ARSA ရန်မှကာကွယ်ရန်ထားသော အောင်ဇူနမရုံး၊ အောင်ဇံ၊ ငါးရံချောင်း၊ ခမောင်းဆိပ်၊ မင်းခမောငါး၊ တမန်းသား၊ နန်းရာကိုင်၊ မင်္ဂလာညွန့်၊ သက်ဆိုင်ရာရဲကင်းစခန်းများအား လိုက်လံစစ်ဆေးခဲ့ပါသည်။

၁၂၅၅ အချိန်တွင် နည်းဗျူဟာမှုး မှုးကြီးထွန်းမင်းသိမ်းနှင့်အဖွဲ့အား ရဲမှုးကြီးနှင့်အဖွဲ့မှ လမ်းခွဲထွက်ခွာခဲ့ရာ ၁၃၀၅အချိန်တွင် ဝက်ကျိန်း(မြို) ကျေးရွာ တံတားအနီး ခမ(ဒီယူ၃၁၆၃၆၅) အရောက်တွင် လမ်းအရှေ့ဝဲဘက်တောင်ကျောပေါ်မှာ AAလက်နက်ကိုင်(၁၀)ဦးခန့်မှ လက်နက်ငယ်၊လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲမှုးကြီးတင့်လွင်အပါအဝင် ရဲမှုးသိန်းသန်းထိုက် ရဲတပ်ကြပ်သိန်းဦး၊ ရဲတပ်သားမျိုးကျော်လွင်၊ ရဲတပ်ကြပ်နှင်းအောင်ထိုက် စုစုပေါင်း(၆)ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ထို့နောက်တွင် AAလက်နက်ကိုင်များသည် ရန်အောင်မြင်ရွာဘက်သို့ ဆုတ်ခွာသွားရာ တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းခဲ့ပါသည်။ ရန်အောင်မြင်ရွာအနီးတွင် နှစ်ဘက်ထိတွေ့ပစ်ခတ်မှုများ အပြန်အလှန်ဖြစ်ခဲ့ကြသည်ဟုသိရပါသည်။ကိုခိုင်ဇော်၁၆/၀၁/၂၀၁၉

Loading...

Facebook Comments