ထိုင်းနိုင်ငံ ဖိစနုလို့  ခရိုင်မှာ မိန်းမ(ကိုယ်ဝန်လေးလ)နဲ့  ယောက်ခမ နဲ့ မိသားစုငါးလောင်းပြိုင်သတ်ပြီး ရနောင်းကနေ့  မြန်မာဖက်ကမ်းနယ်ခြားဖြတ်ပြေးတဲ့ လူသတ်သမားကို ထိုင်းစစ်တပ်က နှစ်နိုင်ငံနယ် စပ်မှာ ဖမ်းမိသွားခဲ့ပါပြီ၊လူသတ်သမားကို မြန်မာဖက်ထွက်ပြေးဖို့  ခေါ်သွားကြတဲ့ နယ်မြေခံ လူငယ်လေးဦး ပါဖမ်းဆီးရုပ်သံ

ရနောင်း ၊ ဇန်န၀ါရီ – ၁၅

ထိုင်းနိုင်ငံမြောက်ပိုင်း၊ အူတာရာဒစ်ပြည်နယ်မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဇနီး၊ ယောက်ခထီး၊ ယောက်ခမနဲ့ ဇနီးဘက်က ဆွေမျိုးနှစ်ဦးကိုသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ (၃၇)နှစ်အရွယ်လူ သတ်တရားခံကို မြန်မာနိုင်ငံနဲ့ကပ်လျက် ရနောင်းမြို့မှာ ဒီကနေ့ဖမ်းဆီးရမိသွားပြီလို့ ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ တရားခံတီးရာပွန်ပင်နမ်မွန်ကို ဒီကနေ့မနက်(၈း၃၀)၀န်းကျင်မှာ ကရာဘာရီခရိုင် လုံခြုံရေးကင်းတစ်ခုအနီး ရဲတပ်ဖွဲ့နဲ့ စစ်သားတွေ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အခုအခါမှာ ရနောင်းပြည်နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီလို့ သိရပါတယ်။

တီးရာပွန်ရဲ့ယောက်ခမ ကင်းက၀ီ၊ သူမရဲ့ညီအစ်မနှစ်ဦးဖြစ်တဲ့ နမ်ဖ၊ အင်သဆစ်တို့ဟာ အူတာရာဒစ်ပြည်နယ်၊ ဖီချိုင်းခရိုင်အတွင်းရှိ နေအိမ်တစ်အိမ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့ ကြပြီး တီးရာပွန်ရဲ့ဇနီးသည် ကန်ရာရက်နဲ့ ယောက်ခထီး ၀ီရတ်တို့ဟာလည်း အနီးနားက နေအိမ်တစ် အိမ်မှာ အသတ်ခံခဲ့ရတာလို့ ပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒုတိယမြောက်လူသတ်မှုဖြစ်ခဲ့ တဲ့နေအိမ်မှာ အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဆီကို တနင်္ဂနွေညနေ(၅း၄၅)၀န်းကျင်မှာ သတင်းရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

တရားခံမောင်းပြေးသွားခဲ့တဲ့ တိုယိုတာဆီဒင်ကားကို တနလ်ာနေ့မှာ ဖစ်ဆန်နူလော့ခ်ပြည်နယ် ၊ မူအန်ခရိုင်အတွင်းက ဟိုတယ်တစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့ကြရပြီး တရားခံဟာ ဟိုတယ်ဝန်ထမ်းတစ်ဦးဆီက ဆိုင်ကယ်ငှားရမ်းသွားခဲ့ကာ ပြန်မလာတော့ဘူးလို့ စုံစမ်းသိရှိလာရပါတယ်။ ရဲတပ်ဖွဲ့ကနေ တ ရားခံဟာ သူ့ဇာတိဖြစ်တဲ့ ရနောင်းဘက်ကို ထွက်ပြေးသွားပြီလို့ ကောက်ချက်ဆွဲပြီး လိုက်လံဖမ်းဆီးခဲ့ ရာက မိသွားခဲ့တာပါ။

အိမ်နီးချင်းတွေပြောပြမှုအရ တီးရာပွန်းဟာ သ၀န်တိုစိတ်ကြီးလွန်းသူတစ်ဦးဖြစ်ပြီး ဇနီးသည်နဲ့ မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားလေ့ရှိခဲ့ကာ အခင်းဖြစ်ခဲ့တဲ့တနင်္ဂနွေမနက်ပိုင်းကလည်း အကြီးအ ကျယ်စကားများနေခဲ့ကြတယ်လို့ သိရပါတယ်။ တီးရာပွန်းဟာ အခုပစ်သတ်ခဲ့တဲ့ဇနီးနဲ့ အိမ်ထောင်မကျခင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့ဖူးပြီး အခုအခါမှာ သူ့ကိုဖမ်းဆီးရမိသွားခဲ့ပေမယ့် ဇနီးသည် ဘက်က ဆွေမျိုးတွေကတော့ သူတို့ကိုသတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် အခုထက်တိုင် ထိတ်လန့်နေကြဆဲဖြစ်ပါတယ်။

Credit : Channel B Media Group

Loading...

Facebook Comments