ရည်းစားဟောင်းစုံတွဲရဲ့အကြောင်းကို ထုတ်ဖော်ပြောလာတဲ့ မော်ဒယ် သင်းသင်း

သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲထားတဲ့ မော်ဒယ်သင်းသင်းကတော့ လတ်တလော ပရိသတ်တွေရဲ့ကြားမှာ နာမည်ကြီးနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ သင်းသင်းကတော့ ဝေဖန်မှုတွေများစွာရှိနေပေမယ့်လည်း သူမယုံကြည်ချက်အတိုင်း ရဲရဲဝံ့ဝံ့နဲ့ ရှေ့ဆက်နေသူတစ်ဦးပါ။ လတ်တလောမှာတော့ သင်းသင်းက ရည်းစားဟောင်းနဲ့ပတ်သတ်ပြီး လာရောက်ပြောဆိုသူတစ်ချို့ရှိတာကြောင့် ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ မိန်းမသားတစ်ဦးပေမယ့် ရဲရင့်မှုအပြည့်ရှိတဲ့ သင်းသင်းရဲ့စိတ်ဓါတ်ကတော့ တကယ့်ကို လေးစားစရာပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ရည်းစားဟောင်းနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေကို ပြန်လည်ဖြေရှင်းခဲ့တဲ့ မော်ဒယ် သင်းသင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်းသင်းကတော့ “သူတို့နှစ်ယောက်ကို ဒီထက်ရိုင်းလိုရရင်ရိုင်းပြချင်းသေးတာ အားလုံးကိုတောင်းပန်တယ် သူတို့ကအဲ့တာနဲ့ပဲ တန်တယ် အလှမယ်ဆိုတာနဲ့ ကိုယ့်တွေဘယ်လောက်ထိဖြစ်ခဲ့ကြလဲမသိပဲ လာမဝေဖန်ပါနဲ့. အလှမယ်ဆိုတာနဲ့ မတရားတာကိုအမြဲသည်းခံ အချင်ရောင်ဆောင်ခဲ့တာ သူတို့ရိုင်းစိုင်းတာ ဒါကကိုယ့်တွေကိစ္စပါ အပေါ်ယံစကားနဲ့ တစ်ဖက်သက်လာမပြောနဲ့. အဲ့တော့ သူတို့၂ယောက်ကိုကြိုက်ရင် သူတို့ကိုပဲ ပြောကြပါရှင့် phတွေခေါ်ပြီးမေးနေကြတာ အဲ့လောက်အချိုန်တွေအားနေကြတာလား သူတို့ကိုသွားမေးပါ phခေါ်ပြီးမေးတဲ့မေးခွန်းက ကျမဒေါသဖြစ်စေသောစကား စော်ကားလိုက်တာ ဘာမှမဆိုင်တော့လို့ တတ်လာတဲ့postက အဟောင်းကိုပြန်လာဖွ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့တာ တွေ့ရပါတယ်။

သူမနစ်နာခဲ့တဲ့အကြောင်းကို ရဲရဲဝံ့ဝံ့ထုတ်ပြောပြီး တစ်ယောက်တည်း ရပ်တည်နေတဲ့ သင်းသင်းကတော့ တကယ့်ကို အာဂမိန်းကလေးပါပဲ။ သင်းသင်းကတော့ လတ်တလောမှာ ပွဲတွေဆက်တိုက်တက်ဖြစ်နေပြီး အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

Myint Myat
Source;Thin Thin’s Facebook

Credit : momolay

Loading...

Facebook Comments