ဥာဏ်ရည်မပြည့်မှီသည့် မိန်းခလေးငယ်ကို အဓမ္မကျင့်ခဲ့သည့် ညီအကို ၃ယောက်အား ထောင် အနှစ် ၂၀စီ ကျခံစေရန် မြ၀တီခရိုင်တရားရုံး အမိန့်ချ

မြ၀တီ၊ ဇန်န၀ါရီ ၁၅

အသက် ၁၅ နှစ်အရွယ် ဥာဏ်ရည်မပြည့်မှီသည့် မိန်းခလေးငယ်ကို အဓမ္မကျင့်ခဲ့သည့် ညီအကို ၃ယောက်အား ထောင် အနှစ် ၂၀စီ ကျခံစေရန် မြ၀တီခရိုင်တရားရုံးက ယနေ့တွင် အမိန့်စီရင်ချက်ချမှတ်လိုက်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလက မြ၀တီမြို့ ရှိ နေအိမ်တစ်အိမ်​တွင်း ဖြစ်ခဲ့သည့် အဆိုပါမုဒိန်းမှုကို ခရိုင်တရားရုံးက စစ်ဆေးပြီး ယခုကဲ့သို့အမိန့်​ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားလိုရှေ့နေ ဖြစ်သူ ဦးမျိုးအောင်က ‘’ ညီအကိုတွေက က​လေးမလေးကို အိမ်ထဲ ခေါ်သွင်းပြီး ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်။ မိန်းခလေးတွေဘက်က အတော်လေးကို အဆင်မပြေကြတာပါ’’ဟု ပြောသည်။

ယခု ပြစ်ဒဏ်ချမှတ်ခံလိုက်ရသူများမှာ အသက် ၂၄နှစ်အရွယ်၊ အသက် ၂၇နှစ်အရွယ်နှင့် အသက် ၃၀အရွယ်ရှိ အမျိုးသားများဖြစ်ကြသည်။

PN
ဓါတ်ပုံ-ဦးအောင်ထွန်းလင်း

Credit : Popular News Journal

Loading...

Facebook Comments