ယောဂီနန္ဒမာလာကို ကျပ်သိန်း ၁ သောင်းဖြင့် အာမခံပေး

ငွေကြေးလိမ်လည်မှုများဖြင့် အရေးယူခံထားရသည့် ယောဂီနန္ဒမာလာကို ဇန်န၀ါရီ ၁၅ ရက်တွင် လှိုင်မြို့နယ်တရားရုံး၌ ဒုတိယအကြိမ်မြောက် ရုံးထုတ်သည်။

ယနေ့ရုံးထုတ်တွင် ဒေါ်နန္ဒမာလာအား ငွေကျပ် ၀န်း ၁ သောင်း (ငွေကျပ် သိန်း ၅၀၀၀ ဖြင့် အာမခံမည့်သူ ၂ ဦး) ဖြင့် အာမခံပေးခဲ့ကြောင်း၊ သို့သော် ယနေ့ ရုံးချိန်းတွင် အာမခံပေးနိုင်မည့်သူ ၂ ဦးကို မပြသနိုင်သေးသဖြင့် ဆက်လက်ထိန်းသိမ်းထားကြောင်း၊ လာမည့် ဇန်န၀ါရီ ၂၈ ရက် ရုံးချိန်တွင် ငွေကျပ် သိန်း ၅၀၀၀ ဖြင့် အာမခံမည့်သူ ၂ ဦးအား တင်ပြနိုင်ပါက အာမခံဖြင့် အချုပ်လွတ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်နန္ဒမာလာအား သီးကုန်းအမြန်လမ်းရဲစခန်းမှ ဇန်နဝါရီ ၂ ရက် ညနေပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဒေါ်နန္ဒမာလာသည် လူအချို့ထံမှ ငွေကြေး ကျပ်သိန်းပေါင်း ၁ သောင်းကျော် လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရပြီး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲစခန်း၊ မင်္ဂလာဒုံရဲစခန်းတို့၌ အမှုဖွင့်ခံထားရပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းတခု၌ ဖမ်းဝရမ်းထုတ်၍ တရားခံပြေးအဖြစ်ကြေညာခြင်းခံထားရသူဖြစ်သည်။

TCM
Photo – Victor

Credit : News Watch

Loading...

Facebook Comments