အွန်​လိုင်းချစ်သူမှ ချစ်ဟန်ဆောင်ပြီး လူသတ်​ကာ ရွှေထည်ပစ္စည်း သိန်းနှစ်ရာကျော်ယူ​ဆောင်​သွား

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့အမှတ်(၃)ရပ်ကွက်နေအိမ်တအိမ်၌ အမည်မသိအွန်လိုင်းချစ်သူအမျိုးသားကို ညအိပ်တည်းခိုခွင့်ပြုသဖြင့် တည်းခိုသူက အိမ်ရှင်အမျိုးသမီးကိုသတ်​ပြီး ရွှေထည်လက်​ဝတ်​ရတနာပစ္စည်းကျပ်သိန်းနှစ်ရာကျော်အား ယူဆောင်ထွက်ပြေးသွား​ကြောင်း ရွှေကူမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ဟန်မွှေးထံမှသိရသည်။

ဖြစ်စဉ်မှာ ရွှေကူမြို့မင်းကုန်းရပ်၊အမှတ်(၃)ရပ်ကွက်နေ ဒေါ်အိအိခိုင်အသက်(၄၃)နှစ် ဈေးရောင်း၊အိမ်ထောင်ကွာရှင်းထားသူ၊သားသမီး(၃)ယောက်မိခင်သည် အဒေါ်ဖြစ်သူနှင့်နေထိုင်လျှက်ရှိရာ လွန်ခဲ့သော(၃)ရက်ခန့်က ဒေါ်အိအိခိုင်၏ မိတ်ဆွေဆိုသူ(၂)ယောက်တို့မှ လာရောက်ညအိပ်တည်းခိုလျှက်ရှိရာ

ဇန်နဝါရီ(၁၁)ရက်ည(၁၂)နာရီအချိန်ခန့် အခင်းဖြစ် ညတွင် ဒေါ်အိအိခိုင်၏သားဖြစ်သူ တင်အောင်ခိုင်နေ အိမ်အောက်ထပ်၌ အိပ်နေစဉ် ဒေါ်အိအိခိုင်နှင့်တခန်းထဲအိပ်နေသူ ညီမဖြစ်သူ လင်းဇာခြည်ထွန်းခိုင်မှလာရောက်နှိုးသဖြင့်“ဘာဖြစ်တာလဲ´´ဟု မေးမြန်းရာ “အမေ့ကိုရှာမတွေ့ဘူး´´ဟု ပြောသဖြင့်၎င်းတို့ မောင်နှမနှစ်ယောက်သည်​အပေါ်ထပ်အခန်းတခန်းတွင် လိုက်လံကြည့်ရှု့ရာ ဒေါ်အိအိခိုင်အား ပက်လက် အနေအထားဖြင့်သတိလစ် နေသည်ကိုတွေ့ရှိရသဖြင့်

“အမေဘာဖြစ်မှန်းမသိဘူး​ခေါ်မရဘူးဟု ပြောဆိုကာ တအိမ်ထဲအတူနေ အဒေါ်ဖြစ်သူ ဒေါ်စန်းညွန့်အား အကြောင်းစုံပြောပြ၍ မိခင်ဖြစ်သူ၏ခန္ဒာကိုယ်အား စစ် ဆေးကြည့်ရာ နှာခေါင်းမှသွေးများယိုထွက်ကာ သတိလစ်လျှက်အနေပြီး၎င်းအမြဲဝတ်ဆင်ထားသောသံကွင်းဆက်​​ရွှေဆွဲကြိုး​၊

ရွှေဆွဲသီးအပါ(၁၀)ကျပ်သားခန့်တစ်​ကုံး၊ကြံဆစ်လက်ကောက် (၁)ကွင်းလျှင် (၅)မူးသားခန့်အကွင်း(၂၀)၊ဟမ်းချိန်း(၂)ကျပ်သားခန့်(၁)ကွင်း၊လက်စွပ်ခွေးလည်ပတ်၊တကွင်းလျှင်(၅)မူးသားခန့်(၃)ကွင်း၊ ဖုချိန်း(၂)ကျပ်သားခန့် (၁)ကွင်း (oppo)အမျိုးအစားဆင်းကဒ်ပါလက်ကိုင်ဖုန်း(၃)လုံးတို့ ​ပျောက်ဆုံး​နေသဖြင့်​ ညအိပ်တည်းခိုနေသူ မိခင်၏မိတ်ဆွေများအိပ်ခန်းသို့သွားရောက်ကြည့်ရှု့ရာ မတွေ့ရှိရကြောင်းသိရသဖြင့် ရွှေကူမြို့မရဲစခန်းသို့သားဖြစ်သူတင်အောင်ခိုင်မှ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

အခင်းဖြစ်နေအိမ်သို့ ရွှေကူမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးဟန်မွှေးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးများမှ သွားရောက်ကြည့်ရှု့စစ်ဆေးရာ အခင်းဖြစ်နေရာ၌ဒေါ်အိအိခိုင်အသက်(၄၃)နှစ်အဘ ဦးခင်မောင်သိန်းသည်သတိလစ်မေ့မြောလျှက်ရှိပြီး နှာခေါင်းမှသွေးများယိုထွက်နေကာ ခေါင်းအုံးဖြင့်ဖိသတ်ခံရသည်ဟုယူဆရပြီး၊

ရွှေကူမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့သဖြင့် လူသတ်၍ ပစ္စည်းများယူဆောင်ထွက်ပြေးသူအား ဖမ်းဆီးပေးပါရန် သားဖြစ်သူ တင်အောင်ခိုင်အသက်(၁၉)နှစ်မှ တရားလိုပြုလုပ် တိုင် ကြာခဲ့သဖြင့်ရွှေကူမြို့မရဲစခန်းမှ အပူတပြင်းစုံစမ်းခဲ့ရာ ၎င်းပြစ်မှုကျူးလွန်ခဲ့သည်​ဟု ယူဆရသူ(၂)ဦးသည်အခင်းမဖြစ်ပွားမှီ ရွှေကူမြို့ မြမြင့်မိုရ်တည်းခိုခန်းတွင်လွန်ခဲ့သော(၅)ရက်ခန့်ကခေတ္တတည်းခိုနေထိုင်ခဲ့
ကြောင်း သိရှိရပြီး

တည်းခိုခန်းခ ငွေအကြွေးကျန်နေသဖြင့် ၎င်းတို့၏ ခရီးဆောင်အိတ်များနှင့်အသုံးအဆောင်ပစ္စည်းများကျန်ရှိနေသည်ဟု ရွှေကူမြို့မြမြင့်မိုရ်
တည်းခိုခန်းမန်နေဂျာ ဦးခင်မောင်ညွန့်ထံမှ စုံစမ်းစစ်​​ဆေးချက်အရ သိရသည်​။

သေဆုံးသူ၏သားတင်အောင်ခိုင်နှင့်သမီးလင်းဇာခြည်ထွန်းခိုင်တို့က သေဆုံးသူဒေါ်အိအိခိုင်၏ ဖေ့စ်ဘုတ်AH YEE အကောင့်တွင် Sai ko (ခ)မင်းထက်နှင့်သူငယ်​ချင်းအဖြစ်ရှိကြောင်း အတည်ပြုချက်အရ အွန်​လိုင်း​ပေါ်တွင်​ချစ်​သူဖြစ်​​နေကြပြီး ၎င်းကချစ်ဟန်ဆောင်ကာ ပစ္စည်းယူလူသတ်ခဲ့ကြောင်း ရွှေကူမြို့မရဲစခန်းမှ သဲလွန်စအဖြစ် စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါလူသတ်မှုအား ကျူးလွန်ခဲ့သည်​ဟုယူဆရပြီးထွက်ပြေးတိမ်း​နေသူတို့ကိုလူသတ်လုယက်မှု(ပ) ၂၀၁၉ ပုဒ်မ၊၃၀၂/၃၉၄ဖြင့်အမှု ရေးဖွင့်ထားပြီး ရွှေကူမြိုမရဲစခန်းမှအထူးအဖွဲ့ဖွဲ့စည်း၍ ကျူးလွန်​သူကိုဖမ်းမိနိုင်ရေးအထူးစုံစမ်းလျှက်ရှိကြောင်းသိရသည်။ မိုးမြင့် / ZinMoe

Loading...

Facebook Comments