မည်သည့်လမဆို ၂၁ .၂၂ .၂၃. ၂၄ .၂၅ .၂၆ .၂၇ .၂၈ .၂၉ .၃၀.၃၁ ရက်မွေးသူများ အတွက် ၂၀၁၉ ခုနှစ် အတွင်း ဟောကိန်းများ

ကျန်ရှိနေသေးတဲ့ (21) ရက်နေ့ကနေ (31) ရက်နေ့အထိ မွေးရက်ဟောကိန်းများကို တင်ပေးလိုက်ပါတယ်။ အလုပ်မအားလပ်မှုကြောင့်
အနည်းငယ် နောက်ကျသွားရခြင်းကို တောင်းပန်ပါတယ်။ ဖတ်ကြည့်ကြပါဦးခင်ဗျာ။

မည်သည့်လမဆို (21) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(21) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မယ့် နှစ်တနှစ်ဖြစ်လိမ့်မယ်။ လိုအင်ဆန္ဒတွေ ပြည့်ဝ
လိမ့်မယ်။ ပျော်ရွှင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ၊ အတွေ့အကြုံတွေကို တွေ့ကြုံရမယ်။ စိတ်အားတက်ကြွမှုအပြည့် ရှိတတ်တယ်။ အလုပ်အကိုင် ၊ စီးပွားရေးများ တိုးတက်ကောင်းမွန်မယ်။ ၀င်ငွေ မြင့်မားတတ်တယ်။ ငွေကြေးအစုအပုံ ၀င်ရောက်နိုင်တယ်။ မိမိ ကိုယ်စွမ်းစိတ်စွမ်းရှိသလောက် လုပ်ကိုင်လေလေ ၊ တိုးတက်အောင်မြင်လေလေဖြစ်မယ်။မိမိကိုယ်မိမိလည်း ယုံကြည်မှုတွေ မြင့်မားနေတတ်တယ်။ယုံကြည်မှု မြင့်မားလွန်းနေတဲ့ဖက်တောင် ရောက်နေတတ်တယ်။ အချစ်ရေး အိမ်ထောင်ရေးတွေ အဆင်ပြေနေလိမ့်မယ်။ ပြဿနာတွေ ၊အရှုပ်အထွေးတွေ ကြုံလာရင်တောင် ဘာမှ ပူဖို့ မလိုဘူး။ သူ့အလိုလို ရှင်းသွားလိမ့်မယ်။ ဒီလိုနှစ်မျိုးမှာ ဘာဒုက္ခမှ ကြီးကြီးမားမားရောက်စရာ မရှိဘူး။ ကျန်းမာရေးများလည်း တိုးတက်ကောင်းမွန်နေလိမ့်မယ်။ ရောဂါအခံရှိသူများတောင် ဒီလိုနှစ်မျိုးမှာ ရောဂါသက်သာနေတတ်တယ်။ ဆေးကောင်းဝါးကောင်း တွေ့တတ်တယ်။ ပြောရရင်တော ဒီလိုနှစ်မျိုးမှာ 21 ရက်ဖွားများအတွက် ဘာကိုမှ ပူပင်ကြောင့်ကြနေစရာမလိုဘူးလို့ဘဲ ပြောလိုပါတယ်။

မည်သည့်လမဆို (22) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(22) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ အတော်ကြီး သတိထား ဖြတ်သန်းရမယ့် နှစ်မျိုးဖြစ်လိမ့်မယ်။ အခက်အခဲတွေ ၊ အကျဉ်း
အကြပ်တွေ ကြုံတတ်တယ်။ ရှေ့မတိုးနောက်မဆုတ်သာ ကိစ္စတွေ ဖြစ်နိုင်တယ်။ ပြောရရင် ဒီနှစ်ဟာ အင်မတန် ထိလွယ်ရှလွယ်တဲ့
နှစ်မျိုးဖြစ်တတ်တယ်။ မိမိရဲ့ ရည်မှန်းချက်တွေ ၊ စီမံကိန်းတွေ ၊ လုပ်ငန်းဆောင်တာတွေ အားလုံး ဖရိုဖရဲ ဖြစ်သွားနိုင်တယ်။ အစိတ်စိတ်
အမွှာမွှာ ကြေကွဲသွားတတ်တယ်။ ဘယ်သူမပြု မိမိမှု ဆိုတာလို မိမိရဲ့ အမှားတွေကြောင့် ဖြစ်တတ်တာမျိုးရှိသလို ၊ မဆီမဆိုင် အချောင်
ခံလိုက်ရတာမျိုးလည်း ဖြစ်တတ်တယ်။သွားသတိ ၊ စားသတိ ၊ နေသတိ ၊ ထိုင်သတိ ရှိနေရမယ်။ ဘာသာတရားကို များများ လုပ်ပေးပါ။အခက်အခဲတွေ အများကြီးတွေ့ပေမယ့်လည်း စိတ်ဓာတ်မကျဘဲ အားတင်းကျော်လွှားဖို့ တိုက်တွန်းချင်ပါတယ်။ ဒီနှစ်ဟာ ဆိုးတယ်ဆိုပေမယ့် နံနက်မိုးသောက် ရောက်ခါနီး အမှောင်ကျသလို မျိုးဘဲ ဖြစ်လိမ့်မယ်။ ရှေ့လာမယ့် နှစ်တွေ ကံကောင်းတော့မှာမို့ အမှောင်မိုက်ဆုံးအချိန်ကို ဖြတ်သန်းရတာမျိုးဖြစ်လိမ့်မယ်။ အနာဂါတ်ကို မျှော်လင့်ပြီး ကိုယ့်ကိုယ်ကို အားပေးရမယ်။ စိတ်ဓာတ်မကျပါနဲ့။

မည်သည့်လမဆို (23) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(23) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ အခက်အခဲ ပြဿနာများ အလွန်ဝင်ရောက်လွယ်တဲ့ နှစ်မျိုး ဖြစ်နိုင်တယ်။ အကျဉ်းအကြပ်
အတားအဆီးများ များပြားတတ်တယ်။ ရှေ့တိုးမရ ၊ နောက်ဆုတ်မရ ပြဿနာများလည်း တွေ့ကြုံရနိုင်တယ်။ မိမိပိုင် ဥစ္စာပစ္စည်းများ
ဆုံးရှုံးတတ်တယ်။ ရန်သူမျိုး ၅ပါး ဖျက်ဆီးခံရတတ်တယ်။ ရန်အတိုက်အခိုက်အပြုခံရတာမျိုးတွေ ကြုံနိုင်တယ်။ အမှုအခင်းများ ဖြစ်ပွား လွယ်တယ်။ တရားဥပဒေနဲ့ ညိစွန်းတတ်တယ်။

ကျန်းမာရေးများလည်း ထိခိုက်ပျက်ပြားတတ်တယ်။ အဖက်ဖက်က အဆိုးတရားများသာတွေ့ကြုံနေရလို့ ကောင်းတာ မရှိတော့ဘူးလားလို့ မေးစရာရှိတယ်။ ရှိပါတယ်။ ဒီနှစ်မှာ အခက်အခဲတွေ အများကြီး ကြုံနေတဲ့အချိန်မှာကိုယ့်ရဲ အိမ်ထောင်ဖက် ၊ မိသားစုဝင် ၊ ဆရာသမား အကြီးအကဲများက ကိုယ့်ကို ကူညီစောင့်ရှောက်ကြလိမ့်မယ်။ သူတို့ရဲ ကူညီစောင့်ရှောက်မှုကြောင့် အခက်အခဲတွေ ၊ ဘေးဒုက္ခတွေ အများကြီးပြေလည်သွားနိုင်ပါတယ်။ သူတို့ကံဇာတာက အတက်ဖက်မှာ ရှိရင် ကိုယ့်ရဲ့ ကံကြမ္မာအဆိုးတွေ အားလျော့သွားနိုင်ပါတယ်။ ဒါကြောင့် သိပ်တော့ စိတ်အားငယ်စရာ မရှိပါဘူး။ ကူညီမယ့်သူ ရှိပါတယ်။ပြောရရင်တော့ ဒီနှစ်ဟာ 23 ရက်ဖွားများအတွက် ကံညံ့တတ်သော်လည်း ကူညီစောင့်ရှောက်မည့်သူ ရှိနေ၍ အလွန်အမင်း ဒုက္ခ မရောက်နိုင်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

မည်သည့်လမဆို (24) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(24) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ လက်ညှိုးညွှန်ရာ ရေဖြစ် ၊ ဆေးစက်ကျရာ အရုပ်ထင်မယ့် နှစ်မျိုးဖြစ်ပါလိမ့်မယ်။ အလုပ်
အကိုင် ၊ အကြံအစည်များအားလုံး အထမြောက် အောင်မြင်လိမ့်မယ်။ နာမည်တစ်လုံး အလွန်ကြီးနိုင်တယ်။ လူအများရဲ့ လေးစား
ယုံကြည်မှုကို အတိုင်းအဆမရှိ ရနိုင်လိမ့်မယ်။ လူအများရဲ့ ထောက်ခံမှု နဲ့ အောင်မြင်လိမ့်မယ်။ အနုပညာရှင်များ ၊ လူအများနဲ့ ဆက်ဆံ
လုပ်ကိုင်နေရတဲ့ သူများ အလွန်အောင်မြင်လိမ့်မယ်။ ငွေကြေးကံ အလွန်ကောင်းမယ်။ဝင်ငွေ တိုးတက်မြင့်မားမှုဖြစ်ဖြစ် ၊ ငွေစုငွေပုံဝင်ရောက်မှုမျိုးဖြစ်ဖြစ် ကြုံတွေ့ရနိုင်တယ်။ အိုးအိမ်အဆောက်အဦ ၊ ယာဉ်ကားများ ပိုင်ဆိုင်နိုင်ခွင့်ရှိမယ်။ ပျော်စရာကောင်းတဲ့ ခရီးလမ်းများကို သွားရတတ်တယ်။ မရောက်ဘူးတဲ့ နေရာများကို ရောက်ရှိပြီး အတွေ့အကြုံသစ်များ ရရှိနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ Will Powerမြင့်မားနေတတ်တာကြောင့် စိတ်ကူးကောင်း ၊ အကြံအစည်ကောင်းများကို အကောင်အထည် ဖော်နိုင်လိမ့်မယ်။ မိမိကိုယ်မိမိ ယုံကြည်မှုအလွန်မြင့်မားနေတတ်တယ်။ ပြောရရင်တော့ ဒီနှစ်ဟာ 24 ရက်ဖွားများအတွက် အစစအရာရာ ကြံတိုင်းအောင် ဆောင်တိုင်း မြောက်မယ့် နှစ်တနှစ်လို့သာ ဆိုရပါတော့မယ်။

မည်သည့်လမဆို (25) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(25) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ အပြောင်းအလဲ များစွာနဲ့ တွေ့ကြုံရတတ်တဲ့ နှစ်မျိုးဖြစ်လိမ့်မယ်။ အလုပ်ပြောင်း ၊ နေရာပြောင်း
အိုးအိမ်ပြောင်းခြင်းများ ကြုံရတတ်တယ်။ နိုင်ငံရပ်ခြား ဝေးလံသော နေရာဌာနများသို့သွားရတတ်တယ်။ ဒီနှစ်မှာ 25 ရက်ဖွားများအတွက်
တစ်စုံတစ်ခုသော အပြောင်းအလဲဖြစ်ခြင်းဟာ ကောင်းပါတယ်။ တကယ်လို့ အပြောင်းအလဲတစ်ခုခု မဖြစ်ခဲ့ရင် ဒီနှစ်ဟာ ဆိုးကျိုး ပေးတတ်
ပါတယ်။ အဆိုးကံကြမ္မာများကို မကြုံတွေ့ရအောင် အပြောင်းအလဲတစ်ခုခု ဖြစ်ပေးတာလို့ မှတ်ယူရပါမယ်။ အချို့သော သူများအတွက်
အပြောင်းအလဲဟာ နှစ်သက်သဘောကျစရာ ဖြစ်တတ်သလို ၊ အချို့သော သူများအတွက် သဘောမကျ ၊ မနှစ်သက်တဲ့ အပြောင်းအလဲ လည်းလည်း ဖြစ်နိုင်ပါတယ်။ဘာဘဲဖြစ်ဖြစ် အပြောင်းအလဲဟာ ရေရှည်အတွက်တော့ ကောင်းကျိုးပေးမယ်လို့ ဆိုရပါမယ်။ ဒီနှစ်ထဲမှာ သတိထားရမှာတစ်ခုက မိမိရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းတတ်တာမျိုးဖြစ်တတ်တယ်။ ဒါကြောင့် မကောင်းတဲ့ အကျိုးဆက်များကို နောက်ပိုင်းမှာ ခံစားရတတ်တယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ ဆုံးဖြတ်ချက်တွေချတော့မယ်ဆိုရင် အတွေ့အကြုံရှိတဲ့သူတွေနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်လုပ်ကိုင်ပါ။ အကျဉ်းချုံးပြောရရင် ဒီနှစ်ဟာ 25 ရက်ဖွားများအတွက် အပြောင်းအလဲများရှိနိုင်ပြီး ကံဇာတာ မဆိုးလွန်း/မကောင်းလွန်းဘဲ အသင့်အတင့်မျှသာ အကောင်း/အဆိုး ရှိမယ့် နှစ်ဟု ဆိုရပါမယ်။

မည်သည့်လမဆို (26) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(26) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ((နေနဲ့လနဲ့ နှစ်ပါးဆိုင် ၊ သိကြားကိုယ်တိုင် မ,မည့် လူသား)) ဆိုတဲ့ ကိန်းမျိုးဆိုက်တဲ့ နှစ်မျိုး
ဖြစ်ပါလိမ့်မယ်။ ရှေးဘုန်းရှေးကံ ပွင့်ပြီမို့ နတ်သိကြားများတောင် မနေနိုင်ဘဲ မ,စ မယ့် ကိန်းမျိုးဆိုက်တယ်ဆိုရပါတယ်။ ဖြစ်ချင်တာ အကုန်
ဖြစ်နိုင်ပြီ ၊ လုပ်ချင်တာ အကုန်လုပ်နိုင်ပြီ။ အားလုံး ရေကန်အသင့်ကြာအသင့် ဖြစ်မယ်။ အလုပ်စီးပွားကိစ္စ ၊ ရာထူးရာခံ ကိစ္စ ၊ ငွေကြေး ကိစ္စ ၊ တန်ခိုးအာဏာကိစ္စ ၊ အားလုံးမှာ အဆင်ပြေချောမွေ့နေလိမ့်မယ်။ နာမည်ကြီးချင်နေသူများ အလိုဆန္ဒပြည့်ဝမယ်။

အခက်အခဲများသူ့အလိုလို ပြေလည်ပြေရှင်းသွားလိမ့်မယ်။ ရန်သူအတိုက်အခိုက်အားလုံး ချုပ်ငြိမ်းသွားလိမ့်မယ်။ ကိုယ့်ကိုယ် မကောင်းကြံနေတဲ့သူတွေ သူ့စားရိတ်နဲ့သူ လုံးပါးပါး သွားလိမ့်မယ်။ လူချစ်လူခင်များလာမယ်။ ယုံကြည်စိတ်ချသူ ၊ ထောက်ခံမယ့်သူ များလာလိမ့်မယ်။ စိတ်ကောင်း စေတနာကောင်း ဓာတ်ခံရှိသူများကျတော့ ပိုလို့တောင် အောင်မြင်ကြီးပွားပါဦးမယ်။ ပြောရရင်တော့ ဒီနှစ်ဟာ 26 ရက်ဖွားများအတွက်ဘ၀မှာ မကြုံဘူးမတွေ့ဘူးသေးတဲ့ ကံကောင်းခြင်းမျိုးများတောင် တွေ့ကြုံသည်အထိ ကံဇာတာကောင်းမွန်မည့် နှစ်ဖြစ်ကြောင်းပါ။

မည်သည့်လမဆို (27) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(27) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ အစစအရာရာမှာ ဆန့်ကျင်ဘက် ပဋိပက္ခဖြစ်မှုများ နဲ့ ကြုံဆုံနိုင်တယ်။ ဒီနှစ်ဟာ 27 ရက်ဖွား များအတွက် စနေဂြိုဟ်ကြီး နဲ့ ယူရေးနပ်စ် ဂြိုဟ်ကြီးနှစ်လုံး ပူးယှဉ်လွှမ်းမိုးတဲ့နှစ်ဖြစ်လို့ အလွန်ဘေးအန္တရာယ် များလှတဲ့ နှစ်မျိုး ဖြစ်ဖွဝ် ရှိပါတယ်။ မတော်တဆ ထိခိုက်မှုများ သတိထားပါ။ သွေးထွက်သံယိုကိန်းများ ရှိပါတယ်။မီး ၊ လျှပ်စစ် နှင့် ပေါက်ကွဲစေတတ်သော
အရာများ သတိထားပါ။ ခိုက်ရန်ဖြစ်ပွားမှုများလည်း သတိထားပါ ။ လူစုလူဝေးများနှင့် ရုတ်ရုတ်သဲသဲဖြစ်နေတာမျိုးတွေ့လျှင် ဝေးဝေးကေ
ရှောင်ပါ။ ကိုယ့်အပေါ် အန္တရာယ်ကျရောက်လာတတ်တယ်။ မစပ်စုပါနဲ့။

ကောင်းကောင်း နေထိုင်နေတာတောင်မှ ကံမကောင်းရင်တရားဥပဒေကို မမျှော်လင့်ဘဲ ရင်ဆိုင်ရတတ်တယ်။ ကျန်းမာရေးများအလွန်အမင်း ညံ့သွားတတ်တယ်။ အစစအရာရာ သတိထားပါ။တရားထိုင်ပါ ၊ ပုတီးစိပ်ပါ။ ဘာသာရေးများများလုပ်ပါ။ သဘာဝဘေးအန္တရာယ်များလည်း ကျရောက်တတ်လို့ သတိပြုပါလေ။ပြောရရင်တော့ ဒီနှစ်ဟာ 27 ရက်ဖွားများအတွက် အစစ အရာရာ သတိတစ်လုံး ကိုင်စွဲသုံးမှ ဘေးဥပဒ် အန္တရာယ်များ လွတ်မြောက်နိုင်မည့် နှစ်ဖြစ်ကြောင်းပါ။

မည်သည့်လမဆို (28) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(28) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ လိမ်လည်လှည့်ဖျားမှုတွေကို အများဆုံး ကြုံတွေ့ရတတ်တဲ့ နှစ်မျိုးဖြစ်တတ်ပါတယ်။ ဒီလို
နှစ်မျိုးမှာ ကြုံလာတဲ့ ကိစ္စမှန်သမျှ အလိမ်အညာ မကင်းတတ်ဘူး။ မက်မောလောက်တဲ့ အကျိုးအမြတ်ကြီးများကို တက်မက်မောမိတာ
ကြောင့် ဘ၀ပျက်လောက်တဲ့ လိမ်လည်လှည့်ဖျားမှုကြီးရဲ့ သားကောင်ဖြစ်သွားရတာ ဒီလိုနှစ်မျိုးပါဘဲ။ ဒီလိုနှစ်မျိုးမှာ (ပွပေါက်) ဆိုတဲ့
စကားများကို မယုံပါနဲ့။ ဖြစ်နိုင်မဖြစ်နိုင် ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားသုံးသပ်ပါ။ လောဘမကြီးပါနဲ့။ ဒီနှစ်မှာ အင်မတန် သေချာပါတယ်
ဆိုတဲ့ ရင်းနှီးမြုတ်နှံမှုများတောင်မှ အရှုံးပေါ်တတ်ပါတယ်။

ကိုယ့်ကံက မကောင်းလို့ပါ။ ငွေပင်ငွေရင်းကြီးစွာနဲ့ ရင်းနှီးမြုတ်နှံ လုပ်ကိုင်မှုများကို ဒီနှစ်မှာ ခေတ္တမေ့ထားလိုက်ပါ။ အချစ်ရေးအချစ်ရာ ကိစ္စတွေမှာလည်း လိမ်လည်လှည့်ဖျားခံရတာမျိုး ကြုံဆုံနိုင်တယ်။ကျန်းမာရေးများလည်း အလွန်ညံ့တတ်ပါတယ်။ မတော်တဆ ထိခိုက်တာ ၊ သွေးထွက်သံယို ဖြစ်တာ ခွဲစိတ်ကုသခံရတာ မျိုးတွေလည်း ကြုံနိုင်ပါတယ်။ ကျန်းမာရေးအတွက် ငွေအလွန်ထွက်တတ်ပါတယ် ။ မီးနဲ့လျှပ်စစ် သတိထားပါ။ပြောရရင်တော့ ဒီနှစ်ဟာ 28 ရက်ဖွားများအတွက် ကံဇာတာ ကောင်းများကို မျှော်လင့်၍ မရနိုင်လောက်သော နှစ်မျိုးဖြစ်တယ်လို့ဆိုရမှာဘဲဖြစ်ပါတယ်။

မည်သည့်လမဆို (29) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(29) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ((မုဆိုး ရွှေအိုးရကိန်း)) ဆိုက်တဲ့ အချိန်ကာလမျိုးလို့ ပြောရပါမယ်။ တောလယ်ခေါင်မှာ
လမ်းပျောက်နေတဲ့ မုဆိုးတစ်ယောက် မမျှော်လင့်ဘဲ ရွှေအိုးကြီးကို ခလုတ်တိုက်မိတဲ့ အဖြစ်မျိုး ကြုံရတတ်ပါတယ်။ အစစအရာရာ အခက်
အခဲများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ မမျှော်လင့်ဘဲ အခက်အခဲများက လွတ်မြောက်ပြီး စုတ်ကြီးလာဘ်ကြီး ၀င်တတ်တာ ဒီလို နှစ်မျိုး ဖြစ်တတ်
ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက အခက်အခဲ နှင့် အဆင်မပြေမှုများကို ရင်ဆိုင်ခဲ့ရတဲ့သူများ ယခုနှစ်မှာ အခက်အခဲအားလုံးက လွတ်မြောက်
ပြီး ချမ်းသာရာရမယ့် ကိန်းမျိုး ရှိပါတယ်။ ငွေကြေးကိစ္စ မမျှော်လင့်ဘဲ အဆင်ပြေလာမယ် ၊ ငွေစုငွေပုံ ၀င်ရောက်တတ်တယ် ၊ ဘ၀ တက်လမ်းပွင့်လာတတ်တယ်။

သူတော်ကောင်း ၊ ဆရာသမားကောင်းများ တွေ့လာတတ်တယ်။ ဘာသာတရား ပုံမှန်လုပ်သူများ ဘုရားမတဲ့ ကိန်းဆိုက်လိမ့်မယ်။ ကျန်းမာရေး ချုချာနေသူများပင် ဆေးကောင်းဝါးကောင်းတွေ့လာပြီး ရောဂါသက်သာ ပျောက်ကင်းတတ်တယ်။ ပြောရရင်တော့ ဒီနှစ်ဟာ 29 ရက်ဖွားများအတွက် လူမစွမ်း ၊ နတ်မ ဆိုသလို ကံမကောင်းရာကနေ အကောင်းတရားများ ပြန်လည် ဖြစ်ပေါ်လာနိုင်တဲ့ နှစ်မျိုးဖြစ်ပြီး ပျော်ရွှင်ရမယ့် နှစ်ဖြစ်တယ်လို့ ဆိုရမှာဘဲဖြစ်ပါတယ်။

မည်သည့်လမဆို (30) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(30) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ 30 ရက်ဖွားများအတွက် ဆန့်ကျင်ဘက် ၀ိရောဓိအဖြစ်အပျက်များ ကြုံဆုံတတ်တယ်။အလင်းနဲ့အမှောင် ၊ အဖြူ နဲ့ အမည်း ၊ နေ့ နဲ့ ည ဆိုသလို ဒီနှစ်မှာ ကံကောင်းခြင်း ၊ ကံညံ့ခြင်း နှစ်မျိုးလုံးကို တပြိုင်နက် ကြုံတတ်တယ် ။အင်မတန် ကောင်းမွန်တဲ့ အဖြစ်အပျက်တစ်ခုရဲ့ နောက်မှာ အဆိုးကံကြမ္မာတစ်ခု ကပ်ပါလာတတ်တာ ဒီလို နှစ်မျိုး ဖြစ်တတ်တယ်။အင်မတန် ကံဆိုးတဲ့ အဖြစ်အပျက်နောက်မှာလည်း ကံကောင်းခြင်းတစ်ခု ကပ်ပါလာတတ်ပြန်ပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ ကံကောင်းနေချိန်မှာ သတိတရား အထူးထားရမှာ ဖြစ်သလို ကံညံ့နေချိန်မှာလည်း မျှော်လင့်ချက်တစ်ခု အမြဲရှိနေရမှာ ဖြစ်ပါတယ်။

ပြောရရင် ဒီနှစ်ဟာတရားလွန် မဆိုးဘူးလို့ ပြောနိုင်သလို တရားလွန် မကောင်းဘူးလို့လည်း ပြောရမှာဖြစ်ပါတယ်။ သတိ ဆိုတာတော့ ပိုသည်ထက် မရှိဘူးပေါ့နော်။ သတိတော့ အမြဲထားပါ။ တိတ်တဆိတ် ဒုက္ခပေးမယ့် ရန်သူတော့ ရှိတတ်တယ်။ မိမိအပေါ် မကောင်းကြံနေတဲ့သူတွေအခွင့်အလမ်းသာတတ်တယ်။ ရန်သူကို မိတ်ဆွေ မထင်မိအောင် ဂရုစိုက်ပါ။ ဒီနှစ်ကတော့ ကံအရမ်းမကောင်းနိုင်သလို ၊ ကံအရမ်းလည်းမညံ့နိုင်ပါဘူး။ ကံကောင်း နဲ့ ကံညံ့ မျှယူရမှာဘဲ ဖြစ်ပါတယ်။

မည်သည့်လမဆို (31) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(31) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ အခက်အခဲ အလွန်များတတ်ပါတယ်။ ပြဿနာ အလွန်များတတ်ပါတယ်။ မိမိ လုပ်ငန်း
ဆောင်တာတွေ ဖရိုဖရဲဖြစ်သွားတတ်တယ်။ ရည်မှန်းချက်တွေ လမ်းစပျောက်သွားတတ်တယ်။ ဒုက္ခပေးမည့်သူတွေ အုံနဲ့ကျင်းနဲ့ ဖြစ်လာ
တတ်တယ်။ မိမိကို ဒုက္ခလာပေးတဲ့သူတွေကို ဘာမှ ပြန်မလုပ်နိုင်ဘဲ ဒီတိုင်း လက်ပိုက်ကြည့်နေရတဲ့ အဖြစ်မျိုးရောက်တတ်တယ်။ ငွေရေး
ကြေးရေးတွေ ရုတ်တရက် ကြပ်တည်းသွားတတ်တယ်။

ကိုယ်ရစရာ ရှိတာလည်း ပြန်မရ ၊ ပေးစရာ ရှိတာလည်း ပြန်မပေးနိုင် ဖြစ်တတ်တယ်။ ကတိဂ၀တ်တွေ ပျက်စီးတတ်တယ်။ မိတ်ဆွေကောင်းများနဲ့ စိတ်ဝမ်းကွဲစရာ ကိစ္စတွေ ဖြစ်ပေါ်တတ်တယ်။ စပ်တူလုပ်ငန်းများပဋိပက္ခ အကြီးအကျယ်ဖြစ်တတ်တယ်။ အစုရှယ်ယာတွေ ကွဲသွားတတ်တယ်။ အိမ်တွင်းရေးကလည်း မသာယာဘဲ ပူညံပူညံ ဖြစ်နေတတ်တယ်။ သို့မဟုတ် အိမ်တွင်းမှာ ကျန်းမာရေးကိစ္စများဖြစ်ပေါ်ပြီး ငွေကုန်လူပန်း သောကရောက်ဖြစ်ရတတ်တယ်။ ကိုယ့်ဘ၀ ရှေ့ရေးအတွက်တွေးတော ပူပန်နေရတတ်တယ်။ ပြောရရင်တော့ ဒီနှစ်ဟာ 31 ရက်ဖွားများအတွက် သောကပင်လယ်ဝေရတတ်တဲ့ နှစ်မျိုးဖြစ်ဖွယ်ရှိပါတယ်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

မှတ်ချက်။ ။ Copy ကူးယူနိုင်ပါသည်။ ကျေးဇူးပြု၍ Credit ထည့်ပေးပါရန်။

Loading...

Facebook Comments