သူတို့သားအဖနှစ်ယောက် ရဲ့ အခြေအနေကို ပြောလာတဲ့ ဘုဏ်းသိုက်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဘုဏ်းသိုက် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ ဘုဏ်းသိုက်က အများနဲ့မတူ တဲ့ လူအများသွားလာရ ခက်ခဲတဲ့ နေရာတွေထိ သွားရောက် ရိုက်ကူး ပြီး အရည်အသွေးမြင့် တဲ့ကားတွေကိုသာ ရိုက်ကူးပုံဖော်သူ ဖြစ်သလို ဒါရိုက်တာ တစ်ဦးအနေနဲ့လည်း ရပ်တည်နေသူပါ။ အနုပညာကိုကြိုးစားလုပ်ရင်း ချစ်ရတဲ့ သမီးလေးနဲ့ အတူဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးကို ဘုဏ်းသိုက် ပြောပြတဲ့ သူတို့ သားအဖ နှစိယောက် ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဘုဏ်းသိုက်က ” အဲဒီလိုနဲ့ပဲ…မြမိုးဂင်္ဂါ တို့ သားအဖ နှစ်ယောက်ဟာ ပြက္ခဒိန်ပေါ်က နေ့ရက်တွေကို အတိအကျ နေထိုင်ရင်း…တစ်ခါတစ်ရံ မိုးတွင်းကြီးမှာ ခြောက်ကပ်စွာ..။တစ်ခါတစ်ရံလည်း ဆောင်းတွင်းကြီး ပေမယ့် သားအဖနှစ်ယောက်ကတင်းတင်းကျပ်ကျပ် ဖက်ထားကြတဲ့အတွက် တစ်ယောက်ရင်ငွေ့ တစ်ယောက် ခိုလှုံလို့…မီး မွှေးပြစရာ မလိုဘဲ အနွေးဓာတ် ရခဲ့ကြပါတယ်။

“ဒီလိုပါပဲ…သမီးလေးရယ်..ရတယ် လို့ တစ်ကယ်တွေးမှပဲ နွေး ရမယ့် တို့ခေတ်ကြီးထဲဘဝ ဆိုတာတော့….မျက်ရည်ကျတဲ့အထိ ရယ်မောရလိုက်…မျက်ရည်တွေ ကျလာလိုက်ပေါ့….။အဲဒီတော့ ..ကျောင်းတွေ တက်ရင်း..ကြိုရင်း….ပို့ရင်း..ပျံရင်း.. သန်းရင်း နဲ့ပဲ…ရှာရင်း… ဖွေရင်း…ငိုရင်း…ရယ်ရင်း…. ပျော်ရင်း….ပါးရင်း…ဒီဘဝ မှာလည်း.. လိပ်ပြာ လှလှ ပျံကြရအောင်ပါ သမီးလေးရေ..!မြမိုးဂင်္ဂါ ..ဘုဏ်းသိုက်”ဆိုပြီး ပြောထားပါတယ်။

သားအဖ နှစ်ယောက်ရဲ့ သံယောဇဉ်နဲ့ ဖြတ်သန်းပုံတွေကို ပြောပြထားတာလေးက ဖတ်ရင်းဖတ်ရင်း မျက်ရည်ကျ လာတဲ့အထိပါပဲ ပရိသတ်ကြီးရေ ။

သရုပ်ဆောင် ဘုဏ်းသိုက်ရဲ့ ခံစားချက်နဲ့ ရေးဖွဲ့ထားတဲ့ စာလေးထဲက အကြောင်းအရာကို ပရိသတ်တွေသိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;hpone thaik’s facebook

Credit : momolay

Loading...

Facebook Comments