ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတဲ့ ဇာတ်ပို့မင်းသမီးလေး ဆက်ဆက်

ရုပ်ရှင်ဇာတ်ကားကြီး တစ်ခု အဆင်ပြေချောမွေ့စွာ ရိုက်ကူးနိုင်ဖို့အတွက် ဒါရိုက်တာ၊ စက်အဖွဲ့၊ မင်းသား၊ မင်းသမီးတွေသာမက ဇာတ်ပို့ဇာတ်ရံတွေကလဲ အရေးကြီးပါတယ်။ ဇာတ်လမ်းတစ်ခု ဇာတ်ရှိန်တက်စေဖို့၊ ပြေပြစ်စေဖို့အတွက် ပံ့ပိုးကူညီရတဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အခန်းကဏ္ဍက တော်တော်ကြီး အရေးပါပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာလဲ မင်းသား၊ မင်းသမီးတွေမဟုတ်ပဲ ပရိသတ်တွေ ကြိုက်နှစ်သက်စွာ အားပေးကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေများစွာရှိပါတယ်။

ပရိသတ်တွေ ချစ်ကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေအနက် ဆက်ဆက်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို မှတ်မိကြမယ်ထင်ပါတယ်။ ဆက်ဆက်ဟာ ရုပ်ရှင် ဗီဒီယိုတွေမှာ သူငယ်ချင်းခန်း၊ ညီမခန်းတွေက သရုပ်ဆောင်ရင်း ပရိသတ်တွေ သတိထားမိလာသူလေးပါ။

ဆက်ဆက်ဟာ အနုပညာလောကထဲက အတော်ကြာ ပျောက်ကွယ်သွားပြီး အခုလက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ပုံမှန်အတိုင်း လုပ်ကိုင်နေပြီဖြစ်ပါတယ်။

ဆက်ဆက်ဟာ အခုဆိုရင် အိမ်ထောင်ကျပြီးပြီဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးကိုလဲ မွေးဖွားထားပြီးပြီဖြစ်ပါတယ်။ ဆက်ဆက်ရဲ့သားလေးကို ဆက်ဆက်ကတော့ ချစ်စနိုးလေးနဲ့ ဝလုံးလေးလို့ခေါ်ကြောင်းသိရပါတယ်။

ဆက်ဆက်က အနုပညာလုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်နေပြီမို့ ဆက်ဆက်ကို သတိရသေးတဲ့ ပရိသတ်တွေ အားပေးကြပါဦးနော်။ ဆက်ဆက်တို့မိသားစုလေးကိုချစ်ရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: ဆက်ဆက်’s f

Credit : momolay

Loading...

Facebook Comments