City FM ကပေးတဲ့ တစ်နှစ်တာလုံး ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ်ဆုကို စိုင်းစိုင်းခမ်းလှိုင်ရရှိ

ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက် စနေနေ့ညလေးမှာတော့ City FM ရဲ့ ၁၇ နှစ်နှစ်ပြည့်အခမ်းအနားပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲလေးကိုတော့ အနုပညာရှင်များစွာနဲ့ ဂီတပညာရှင်များတက်ရောက်လာခဲ့ကြတာ တွေ့ရပါတယ်။ အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုလို့ပြောရမယ့် ဆုပေါင်းများစွာကိုလည်း ချီးမြင့်ပေးအပ်ခဲ့တဲ့ ဒီပွဲလေးကတော့ အနုပညာရှင်တွေနဲ့ ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်ခဲ့ပါတယ်။

City FM ရဲ့ ၁၇ နှစ်ပြည့်နေ့လေးမှာတော့ တစ်နှစ်ပတ်လုံး အရောင်းရဆုံးခွေတွေနဲ့၊ တစ်နှစ်တာလုံးအတွက် အတောင်းဆိုခံရဆုံးသီချင်းတွေကို ရွေးချယ်ပြီးတော့ ဆုတွေပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဇကာတင်စာရင်းထဲမှာလည်း ရွှေထူး၊ဂျီဖတ်၊ဖြိုးပြည့်စုံ နဲ့အတူ အိမ့်ချစ်၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်းတို့ အပြင် အခြားသော အနုပညာရှင်တွေလည်းပါဝင်ခဲ့တာတွေ့ရပါတယ်။

ဒီပွဲလေးမှာတော့ City FM က ပေးလိုက်တဲ့၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်ပတ်လုံးရောင်းအားအကောင်းဆုံး ဆုကို ရရှိသွားသူကတော့ စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ Sai Sai is Sai Sai ဆိုတဲ့ အယ်လ်ဘမ်နဲ့အတူ City FM ကပေးတဲ့ဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။We Love Cele

Photos-Credit

Loading...

Facebook Comments