ဇနီးဖြစ်သူ ရွှေမှုန်ရတီရဲ့ အလှတွေကို ချီးကျူးလိုက်တဲ့ ရွှေထူ

ရွှေမှုန်ရတီကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ခင်ပွန်းသည်နဲ့အတူ Live မှာပါဝင်ခဲ့တာတွေ့ရပါတယ်။ ကြင်စဦးဇနီးမောင်နှံလေးတွေဖြစ်ကြတဲ့အတိုင်း အမြဲလိုလို ရိုမန်တစ်ဆန်တဲ့ အပြုအမူလေးတွေကို သူတို့ရဲ့ Live ထဲမှာ လည်းတွေ့ရမှာပါနော်။ ခင်ပွန်းသည်ရဲ့အလိုလိုက်မှုနဲ့ အချစ်ခံမှုတွေကြားမှာ ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ ရွှေမှုန်ရတီကတော့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့တာဝန်တွေကိုလည်း ကျေပွန်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုန်ရတီကတော့ ယနေ့လေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ Live လွှင့်ခဲ့တာတွေ့ရပါတယ်။ ဇနီးမောင်နှံ (၂) ဦးရဲ့ ကြင်နာမှုအပြည့်စကားလုံးတွေနဲ့ နွေးထွေးတဲ့အပြုအမူလေးတွေနဲ့အတူ အမြဲလိုလို Live လွှင့်လေ့ရှိတတ်တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ Live လေးမှာတော့ ဇနီးသည်ရဲ့ လှပမှုလေးတွေကို ချီးကျူးပြောဆိုထားတာလည်းတွေ့ရပါတယ်။ ပွဲတက်ဖို့သွားနေတဲ့ ဇနီးဖြစ်သူ ရွှေမှုန်ရတီတစ်ယောက်ကလည်း အတော်လေးကိုလှနေခဲ့တာပါ။

သီချင်းတွေကို ချစ်တတ်တဲ့ခင်ပွန်းသည်နဲ့အတူ ရွှေမှုန်လေးကလည်း ဘယ်လိုတွေ ဖျော်ဖြေမလဲဆိုတာကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele

Video Source-Htoo Khant

Loading...

Facebook Comments