ယနေ့ ဒေါ်အိအိခိုင်ကို သတ်ပြီးလုယက်သူ တရားခံ ဇာတ်မင်းသား ထွက်ပြေးလွတ်မြောက်လျက်ရှိ

ယနေ့ နံနက် (၁း၀၀)နာရီခန့်က ဖြစ်ပွားခဲ့သောလူသတ်လုယက်မှု (ပ)၁၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ မှ တရားခံ (၂)ဦး ဖြစ်သော
– ၁ – တရားခံ မင်းထက် (ခ) Sai Ko (၂၇)နှစ်ဇာတ်မင်းသားဟုသိရှိရ

ဇာတ်အမည် စုံစမ်းဆဲ- ၂ – တရားခံ ထွန်းနိုင်ဝင်း၂၅ နှစ်၊ ဇီးချောင်းရွာ၊ စစ်ကိုင်းမြို့နယ်တို့မှာ ထွက်ပြေးလွတ်မြောက်လျက်ရှိ။

သေဆုံးသူမှာ ရွှေကူမြို့၊ အမှတ်(၃)ရပ်ကွက်မှဒေါ်အိအိခိုင် ၄၃ နှစ် ၊ (ဘ) ဦးခင်မောင်သိန်း ဖြစ်ပြီး ၎င်းနေအိမ်တွင် လွန်ခဲ့သော (၃)ရက်ခန့်ကရောက်ရှိတည်းခို လျက်ရှိသော ဧည့်သည်များဖြစ်။

တရားခံများသည် သေဆုံးသူ ဝတ်ဆင်ထားသည့်၁၀ ကျပ်သားခန့်ရှိ လော့ကက်သီးပါ ဆွဲကြိုး(၁)ကုံး၊ ၅ မူးသားခန့် ရှိ လက်ကောက် အကွင်း(၂၀)လက်စွပ် ၅မူးသားခန့်ရှိ ၃ ကွင်း၊ foot change(၂)ကျပ်သားခန့် (၁)ကွင်း၊ Oppo အမျိုးအစားလက်ကိုင်ဖုန်း (၃)လုံး စုစုပေါင်းတန်ဖိုး- ကျပ်သိန်း(၂၀၀)ဖိုးခန့် လုယက်သွားခဲ့ခြင်းဖြစ်။

ကူညီစုံစမ်း ပေးပါရန်/ သတင်းရှိပါက ကူညီဖမ်းဆီးပေးပါရန် နှင့် အကြောင်းကြားပေးပါရန် ။

ရွှေကူမြို့မရဲစခန်းမှူး 09402023596  Credit DY Han Hmway  – via-Lwin Oo

 

Loading...

Facebook Comments