အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်တွေကို တင်လိုက်တဲ့ သျှားထွဋ်အိန္ဒြာ

အသက် (၂၃) နှစ်အရွယ်ရှိ အလှမယ် သျှားထွဋ်အိန္ဒြာကတော့ ၂၀၁၄ ခုနှစ်က အမေရိကန်မှာကျင်းပတဲ့ မယ်စကြဝဠာပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အလှမယ် သျှားထွဋ်အိန္ဒြာဟာ မြန်မာ့ဂုဏ်ဆောင်အလှမယ်လောကကနေပြီးတော့ အနုပညာနယ်ပယ်ကိုပါ ခြေလှမ်းသစ်တွေနဲ့ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

သျှားထွဋ်အိန္ဒြာကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အမှတ်တရရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေမျှဝေထားခဲ့တာဖြစ်ပါတယ်။ ဒီပုံလေးတွေကိုတော့ ၂၀၁၄ ခုနှစ်က အမေရိကန်မှာကျင်းပတဲ့ မယ်စကြဝဠာပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်စဉ်မှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီးတော့ နာမည်ကျော် မိုင်ယာမီကမ်းခြေမြို့မှာရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

သူမက “အိုင့်ကို အထင်မသေးပါနဲ့လို့ အိုင် မပြောခဲ့ဘူးလား 🤩 Throwback with Mr.Donald Trump at Doral,Miami #2014 #MissUniverse #MissUniverseMyanmar” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရိုက်ကူးထားတာတွေကို မျှဝေပေးထားတာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ သူမတို့နှစ်ဦးကို ချိုသာတဲ့အပြုံးတွေနဲ့အတူ တွေ့မြင်ရပါတယ်။We Love Cele

Photos-Sharr Htut Eaindra

Loading...

Facebook Comments