အိမ်ထောင်နှစ်ဆက်ခွဲနှင့် သူ့ဘဝ၊သူ့လက္ခဏာ

မကြာသေးသောရက်ကဖြစ်၏၊ ကျွန်ုပ်ဟောခန်းသို့ လွန်စွာအသားမဲသော်လည်း စာအရေးအသားကောင်းပြီး စိတ်ရင်းဖြူစင်လှသည့် အသက်(၅၀)ကျော် ကဗျာဆရာတစ်ဦး ရောက်ရှိ၍လာလေ၏။ ကျွန်ုပ်နှင့် လွန်စွာရင်းနှီသည်ဖြစ်ရာ ရေနွေကြမ်းဖြင့် ဧည့်ခံရင်း ယခုခေတ်တွင် စာဖတ်သူနည်းသွားပြီဖြစ်ကြောင်း၊ လူမှု့စာမျက်နာမှ စာများကိုပင် ရှည်ပါက ဆုံးအောင်မဖတ်ကြတော့သည့် ခေတ်အခြေအနေဖြစ်ကြောင်း ပြောဖြစ်ကြသည်။ ထို့နောက်လက္ခဏာ အကြောင်းပြောကြရာတွင် သူ၏လက္ခဏာအား စစ်ဆေးပေးပါရန် ပြောသဖြင့် စစ်ဆေးကြည့်ရလေသည်။

သူ၏လက်ပုံစံနှင့် လက်အခြေအနေများ၊လမ်းကြောင်းတည်ဆောက်ပုံများကို သေချာလေ့လာကြည့်ပြီးနောက် သူ့ဘဝအခြေအနေ ငယ်စဉ်အခါက အဆင်ပြေခဲ့ပုံ၊ စာပေပညာတို့တွင် ဝါသနာရှိပုံနှင့် ဆန်းသစ်တတ်သည့်သဘောများ၊ ကျန်းမာရေးအခြေအနေနှင့် စီးပွားရေးအကြောင်း၊ခရီးသွားရသည့်အမှတ်အသားများကို တစ်ခုချင်း ဟောရပြောရလေသည်။ ထိုနောက် သူဘဝအတွက် အရေးပါလှသော အချစ်ရေး၊အိမ်ထောင်ရေးအကြောင်းကို စတင်ပြောပြရလေသည်။ (ဤနေရာတွင် အခြားသော သုံးသတ်ဟောပြောချက်များကို ချန်လှပ်ထားခဲ့ပါသည်)

သူ၏ လက်ပုံစံနှင့် အိမ်ထောင်ရေးလမ်းကြောင်း၊နှလုံးလမ်းကြောင်းတို့၏အခြေအနေကို အသက်အလိုက်လေ့ လာကြည့်ရာတွင် အနည်းငယ် ထူပြီး အမျှဉ်ကလေးများ ထွက်နေသည့် နှလုံးလမ်းကြောင်းပိုင်ရှင်ဖြစ်သည်။ စိတ်ထားနုသူတစ်ယောက်ဖြစ်ကြောင်းလည်း သူ့၏လက်မကပြောပြနေပါသေးသည်။ သူ၏ အိမ်ထောင်ရေးလမ်းကြောင်း၏ အခြေအနေသည် အောက်ဘက်သို့ ငိုက်နေပြီး သောကြာဂြိုဟ်ခုံဘက်မှလာသည့် လမ်းကြောင်းတစ်ခုနှင့် မထိတထိအခြေအနေတွင် ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရပြန်သည်။ အသက်လမ်းကြောင်းအတွင်းဘက်မှ အတက်ကလေးတစ်ခုကတော့ သောကြာဂြိုဟ်ခုံဘက်ကို ထိုးတက်နေသည်ကိုလည်း ထည့်သွင်းစဉ်စားရလေတော့သည်။ ထိုအချက်များကို ထောက်ပြပြီးနောက် သူ၏အိမ်ထာင်ရေးအခြေအနေကို ဟောပြောလိုက်ရာ သူက အောက်ပါအတိုင်းအကျဉ်းချုပ် ပြန်၍ ပြောပြလေတော့သည်။

သူ့အနေနှင့် အချစ်ရေးအိမ်ထောင်ရေးတွင် သစ္စာရှိသူတစ်ဦးဖြစ်သည်။ သို့ပါသော်လည်း ကံကဆုံးဖြတ်သည့် အတိုင်း ဘဝဇါတ်ခုံကို ကရသည်ဖြစ်ရာ ကံဇတ်ဆရာအလိုကျဖြစ်ခဲ့ရသည်။ ပထမဆုံး အိမ်ထောင်ပြုခဲ့ပြီး အေးချမ်းစွာနေထိုင်ခဲ့သော်လည်း ကံအကြောင်းကဖန်လာသည့်အချိန် အိမ်ထောင်ဘက်ဖြစ်သူက သူနှင့် လောကကို စွန်ခွာသွားခဲ့သဖြင့် မျက်ရည်ကျခဲ့ရသူဖြစ်သည်။ နှစ်အတော်အကြာမှာတော့ သူဘဝထဲကို မိန်းကလေးတစ်ယောက် ဝင်ရောက်လာပြန်သည်၊ထိုမိန်းကလေးကို သူကသွားစသည်မဟုတ် ၊ဘဝအခြေအနေအရ ဘဝခရီးမှ ဒုက္ခ၊သုခများကို မျှဝေခံစားမည်ဟဆိုလာသဖြင့် မျှဝေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကံဇါတ်ဆရာအလိုကျ အကြောင်းဖန်လို့ သူ့ကို စောစောစီးစီး ခွဲခွာသွားပြန်သည်။ နှစ်တွေထပ်ကြာသွားပြန်တော့ သူ့ဘဝကို အမှန်ပင် စာနာပြီး သေသည့်တိုင် လက်တွဲသွားမည်ဟုဆိုသူ ချစ်ရသူတစ်ယောက် ထပ်တွေ့ခဲ့ပြီး တရားဝင်လက်ထပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ကံတရား၏ အစီအမံသာဖြစ်ပြီး သူ့အနေနှင့် သစ္စာစောင့်သိသူသာဖြစ်ကြောင်းလည်း ဝန်ခံလေသည်။ မှန်သည်၊ လောကတွင် လူသားတို့သည် အတိတ်ကပြုခဲ့သည့် ကံတရား၏ အကျိုးအတိုင်းသာ ယခုအချိန်ခံစားရသည်ဖြစ်လေသည်။ ကျွန်ုပ်လည်း သူပြောပြသည်တို့ကို နားထောင်ရင်း အလွန်ပင် ကြေကွဲဝမ်းနည်းမိတော့သည်။ သူကဆက်ပြောပြန်သည် ကံတရားက ဒီမှာဘဲ နိဂုံချုပ်ပါစေလို့ ဆုတောင်းနေကြောင်း နှင့် သူ့ဘဝတွင် တရားဝင် ၂ ကြိမ်နှင့် ရည်ရွယ်ပြီးမှ ဝေးခဲ့သူနှင့်တစ်ကြိမ် ဖြစ်သဖြင့် ၂ ယောက်နှင့် တစ်ဝက် အိမ်ထောင် ၂ ဆက်ခွဲ ကျခဲ့ရပြီးဟု စာရေးဆရာပီပီ ပြောပြလေတော့သည်။

ထိုနောက် ကျွန်ုပ်ထောက်ပြသော အိမ်ထောင် ၂ ဆက်ခွဲကျရသည့် လက္ခဏာဆိုင်ရာ အကြောင်းများကိုကြည့်ရင်း ကံတရားက သတ်မှတ်ထားတဲ့အတိုင်း လက္ခဏာမှာ ပါလာတယ်၊လက္ခဏာမှာပါလာတဲ့အတိုင်း ဘဝမှာ ဖြစ်ရတယ်ဆိုတဲ့ အချက်ကို သဘောပေါက်နားလည်သွားပြီဖြစ်ကြောင်းပြောပြလေသည်။ ညနေ စောင်းနေပြီဖြစ်သဖြင့် ကျွန်ုပ်လည်း လွန်စွာအသားမဲ၍ စိတ်ကောင်းရှိလှသည့် စာရေးဆရာနှင့်အတူ လက်ဘက်ရည်ဆိုင်သို့ ထွက်ခဲ့ကြလေတော့သည်။

ကင်္ကသူ
09-255068533

Loading...

Facebook Comments