၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း – 10.1.2019 မှ 16.1.2019 အထိ

တနင်္ဂနွေ

ဒီလိုနေ့ရက်တွေက အပျော်အပါးတွေမဖက်ဘဲ အလုပ်တွေကို အားထုတ်လုပ်ဆောင်သင့်တဲ့ကာလတွေ ပါပဲ။ မိမိဥာဏ်၊၀ီရိယတွေစိုက်ထုတ်နိုင်သလောက် အောင်မြင်မှုတွေကလဲ မြင့်မားနေတတ်ပါတယ်။ စီးပွားရေးနဲ့ ပက်သက်ရင် မိမိကိုပညာသင်ပေးခဲ့ဖူးသော ဆရာသမားတွေဆီကအကြံဥာဏ်ကောင်းများရရှိတတ်ပါတယ်။ အိုး အိမ်ပြုပြင်ခြင်းများဆောင်ရွက်နိုင်သလို ၊အိမ်တွင်းစီးပွားရေးများလဲ အညံ့အဆိုးကင်းနေတတ်ပါတယ်။

မိသားစု အတွင်း မိမိကသာဦးဆောင်သွားရင်ဖြင့် အဘက်ဘက်က ပြေလည်မှုတွေရတတ်ပါတယ်။ အရေးကြီးတဲ့စာချုပ် စာတန်းများချုပ်ဆိုခြင်းများ လုပ်ဆောင်သင့်တဲ့ကာလတွေပါပဲ။ ကျန်းမာရေးကတော့ မိမိကိုယ်တိုင်က ကိုယ်ခံ အားကောင်းနေတတ်ပါတယ်။ အနေအထိုင်ဂရုတစိုက်မရှိတဲ့သူတောင်မှ ကျန်းမာရေးကတော့ စိတ်ပူစရာမလို သေးတာတွေ့ရပါတယ်။

အချစ်ရေးမှာတော့ မိမိအတွက်ဆင်ခြင်စရာတွေများပါတယ်။ မိမိရဲ့အပြောမတတ်မှု ကြောင့် ချစ်သူကအကြီးအကျယ် စိတ်ကုန်သွားတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့်မယ်။ ပညာရေးမှာလဲ မိမိကကြိုးစားဖို့ပဲလိုအပ်တာပါ။ ကံကကောင်းပြီးသားပါ။

အကျိုးပေးဂဏန်း 2/1/8
အထူးဟော စီးပွားရေးတိုးတတ်အောင်မြင်နေမည်။
ယတြာ အာလူးဟင်းချက်ပြီး ဘုရားရှင်ကို ကပ်လှူဆုတောင်းပါ။

တနင်္လာ

မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူများငွေကိုတော့ လက်ထဲမထားပါနဲ့။ အသင်းအဖွဲ့ပိုက်ဆံများမကိုင်ထားပါနဲ့။ ဘဏ္ဍာရေးနဲ့ပက်သက်ပြီး တာဝန်ယူဆောင်ရွက်ကြသူများပြဿနာများရ တတ်ပါတယ်။ ခရီးကိစ္စများ၊ ကုန်သွယ်မှုကိစ္စများ၊ ကုန်ရောင်းကုန်ဝယ်ကိစ္စများ အမြတ်နည်းတတ်ကြပါတယ်။ စီးပွားရေးနဲ့ပက်သက်ရင် မိသားစုနဲ့မတိုင်ပင်ဘဲ လုပ်တာပိုကောင်းပါတယ်။

အဲလိုမဟုတ်ရင်တော့အဖျက်ဝင်တတ် ပါတယ်။ အလုပ်အကိုင်တွေက ပုံမှန်လည်ပတ်နေတတ်ပါတယ်။ မိမိကသာငွေကြေးစီမံခန့်ခွဲတတ်ဖို့ပဲလိုအပ်ပါ တယ်။ ကားဝယ်ခြင်း၊ ကားရောင်းခြင်းများ နှင့် ကားအလဲအထပ်လုပ်ခြင်းများ သတိထားဆောင်ရွက်သွားစေချင် ပါတယ်။ ကျန်းမာရေးကတော့ မညံ့ဘူးလို့ပဲပြောရပါလိမ့်မယ်။ အငန်လျော့စားပါ။

တတ်စာများတတ်နိုင်သလောက် ရှောင်လိုက်ရင်ဒီအပတ်ထဲ စိတ်ပူစရာမလိုတော့ပါဘူး။ အချစ်ရေးကတော့ ကောင်းပါတယ်။ ဒါပေမဲ့မိမိအချစ်ရေး ကိစ္စကို မိဘတွေမသိသေးရင်ဖွင့်မပြောပါနဲ့။ ပြောလိုက်မိရင်တော့ လက်မခံတာများပါတယ်။ အိမ်ထောင်ရေး မှာ တော့ အိမ်ထောင်ဘက်ကပြဿနာရှာတတ်ပါတယ်။ ပညာရေးကတော့ ပညာရှာလို့အလွန်ကောင်းနေတတ်ပါ တယ်။

အကျိုးပေးဂဏန်း 5/6/1
အထူးဟော ငွေနဲ့ပက်သက်ရင်တော့အာမ မခံလိုက်ပါနဲ့။
ယတြာ ကန်စွန်းရွက်ကြော်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူပါ။
မိမိမစားပါနဲ့။

အင်္ဂါ

စိတ်ညစ်စိတ်ရှုပ်စရာတွေများနေလိမ့်မယ်။ အခြားအကြောင်းကြောင့်တော့မဟုတ်ဘူး။ အလုပ်အကြွေးများ နေတာကြောင့်ပါ။ ကိုယ်ပိုင်အလုပ်ဆိုတတ်နိုင်သမျှညအချိန်ထိပါ အလုပ်ကိုလုပ်စေချင်ပါတယ်။ ၀န်ထမ်းများ မနိုင်ဝန်တွေခိုင်းလာရင်လဲ သတ်မှတ်ရက်တွေမပြီးနိုင်ဘူးဆိုတာ သေချာရှင်းပြလိုက်ပါ။

လုပ်နိုင်မှတာဝန်ယူတာ ပိုကောင်းပါတယ်။ သားသမီးနဲ့ပက်သက်ပြီး အောက်လက်ငယ်သားနဲ့ပက်သက်ပြီးစိတ်တိုဒေါသထွက်စရာလေး တွေကြုံနေရတတ်ပါတယ်။ နားလည်ခွင့်လွှတ်ပေးလိုက်ပါ။ မီး၊လျှပ်စစ်နဲ့ပက်သက်ပြီးပြုပြင်စရာတွေရှိရင်တော့ မိမိ ကိုယ်တိုင်မလုပ်ပါနဲ့။ ကျွမ်းကျင်သူကိုခေါ်ခိုင်းစေချင်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။အညောင်းမိ နေသူများ အားကစားလုပ်ဖို့မမေ့လိုက်ပါနဲ့။ ပုံမှန်လေးတော့ လမ်းလျှောက်ပေးပါ။ အချစ်ရေးမှာတော့ ချစ်သူပူဆာ တာကို ၀ယ်ပေးနေရတတ်ပါတယ်။

အိမ်ထောင်ရေးကတော့ အဆင်ပြေတတ်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ဘက်က ခြေရှုပ်နိုင်တဲ့အတွက် သတိထားတတ်ဖို့တော့လိုအပ်ပါတယ်။ ပညာရေးအတွက် ကတော့ကြိုးစားဖို့ လိုပါတယ်။ စာမေးပွဲဖြေစရာရှိရင် မိမိကရှန်းတာကြောင့် အမှားများနိုင်ပါတယ်။

အကျိုးပေးဂဏန်း 8/4/0
အထူးဟော အနည်းငယ်တော့ခေါင်းစားရတတ်ပါတယ်။
ယတြာ နှင်းဆီနီနီ ၃ပွင့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

စိတ်ချမ်းသာစရာများနေပါလိမ့်မယ်။ မိမိတပည့်များ အောက်လက်ငယ်သားများ လာရောက်ဂါရ၀ပြုတာမျိုး တွေကြုံတွေရတတ်ပါတယ်။ အဖိုးတန်တဲ့လက်ဆောင်ကောင်းတွေရလာတတ်ပါတယ်။ ဘာသာရေးစိတ်နှစ်လုပ် ကိုင်တတ်သူဆို ဒီလိုကာလမျိုးမှာတော့ ငွေအ၀င်ကြမ်းနေတတ်ပါတယ်။ မိမိလှူမယ်လို့ရည်မှန်းထားသော အလှူ တန်းများလဲလှူခွင့်တွေရလာတတ်ပါတယ်။

အရည်နှင့်ပက်သက်သောလုပ်ငန်းတွေဖြစ်တဲ့ရေသန့်လုပ်ငန်းများ၊ အချိုရည်၊အအေးနဲ့ပက်သက်သောလုပ်ငန်းများ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ၀န်ဆောင်မှုပေးရတဲ့အလုပ်တွေ အထူးတိုးတတ်နေပါလိမ့်မယ်။ လေကြောင်းခရီးများ၊ ရေလမ်းခရီးများ အဆင်ပြေအောင်မြင်သွားတတ်ပါ တယ်။ မိတ်ဆွေသစ်များ၊ ဖောက်သည်သစ်များ တိုးပွားအောင်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။

ကျန်းမာရေးကတော့ အနည်းငယ်ညံ့နေတတ်ပါတယ်။ ဆီးချုပ်ဝမ်းချုပ်ဖြစ်လွယ်ပါတယ်။ ၀မ်းမှန်ဆေးတွေမှီဝဲသင့်တဲ့ကာလပါပဲ။ အချစ် ရေးမှာတော့ အလုပ်ကိစ္စတွေကြောင့် ချစ်သူနဲ့ဝေးကွားနေရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်စရာ ကောင်းမဲ့နေ့ရက်တွေပါပဲ။ ပညာရေးကတော့ ကောင်းပြီးသားပါ။ မိမိကလဲ ကြိုးစားသင်ယူနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/1/4
အထူးဟော ကံမြင့်မားနေတတ်ပါတယ်။
ယတြာ ရဟန်းသံဃာတွေကိုယပ်တောင်လှူပါ။

ကြာသပတေး

မိမိစိတ်ကူးထားပြီး လက်တွေ့အကောင်အထည်မဖော်ဖြစ်သေးတဲ့ကိစ္စတွေရှိရင် ဒီကာလမှာ အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ လုပ်လက်စအလုပ်များ၊ မအောင်မြင်လို့ တစ်ပိုင်းတစနဲ့ရပ်တန့်ထား တဲ့အလုပ်များ ပြီးဆုံးအောင်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ မိမိစားချင်တဲ့အစားအသောက်များ၊မိမိသွားချင်တဲ့ခရီး များ စားရသွားရတတ်ပါတယ်။

ဘာသာရေးနဲ့ပက်သက်ပြီးတော့လဲ အသိဥာဏ်တွေပွင့်လင်းသွားတတ်ပါတယ်။ အဓိဌာန်စတင်ဝင်ရောက်ခြင်းများ၊ သီလစောင့်တည်ခြင်းများ ဆောင်ရွက်သင့်တဲ့နေ့ရက်တွေပါပဲ။ မေတ္တာစိတ် ရှေ့ထားပြီး သတ်သတ်လွတ်စားသူများ ပိတ်နေတဲ့ကံတွေပွင့်သွားတတ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာ လက်ကား အလုပ်တွေကို ဦးစားပေးလုပ်ကိုင်ပါ။

မြေမှု အမွေမှုတွေရှိရင် ညှိနှိုင်းဆောင်ရွက်လို့ အလွန်ကောင်းနေတတ်ပါ တယ်။ ကျန်းမာရေးကတော့ အကောင်းများပါတယ်။ ဒါပေမဲ့ ရေချိုးမှားတတ်ပါတယ်။ အအေးပတ်တာ အပူရှပ် တာမျိုးတွေဖြစ်လွယ်ပါတယ်။ အချစ်ရေးမှာတော့ထစ်ကနဲဆိုစိတ်ကောက်တတ်တဲ့ချစ်သူကြောင့် စိတ်ညစ်ရတတ် ပါတယ်။ အိမ်ထောင်ရေး၊အိမ်တွင်းရေးအေးချမ်းပါလိမ့်မယ်။ ပညာရေးကံကတော့ အကောင်းဆုံးပါပဲ။

အကျိုးပေးဂဏန်း 5/2/9
အထူးဟော စိတ်ချမ်းသာရပါလိမ့်မယ်။
ယတြာ ဒံပေါက်ဆွမ်းဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။

သောကြာ

ဒီလိုကာလတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်ကိုင်ကြသူများ၊စက်ကား ကိုင်တွယ်မောင်းနှင်ကြသူ များ သတိလေးကပ်ပြီး လုပ်သင့်ပါတယ်။ ထိခိုက်ရှနာဖြစ်လွယ်တဲ့နှစ်ပါပဲ။ အလျင်လိုရင်အနှေးဖြစ်ရတတ်ပါတယ်။ အောက်လက်ငယ်သားတွေကို ဦးဆောင်ခွင့်မပေးသင့်သေးပါဘူး။ မိတ်ဆွေကောင်းတွေကလဲ မိမိအခက်အခဲရှိ ရင်မဖြေရှင်းပေးနိုင်တာမျိုးဖြစ်တတ်ပါတယ်။

ဒီလိုနေ့ရက်တွေက သူများကိစ္စတွေကိုဝင်ပါခြင်း၊ ကြားကနေ သက်သေအဖြစ်လက်မှတ်ထိုးခြင်း၊အာမခံခြင်းတွေကိုရှောင်မယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။ မိမိအလုပ်မှာ အပင်ပန်းခံပြီး အောက်ခြေသိမ်းကအစ မိမိတာဝန်ယူလုပ်ကိုင်ပါ။ လက်ညှိုးထိုးခိုင်းတာထက် မိမိကိုယ်တိုင်ဝင်လုပ် တာကပိုမိုအောင်မြင်သုခရတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီကာလမှာမတ်တပ်ဖျား မတ်တပ်နာလောက်ပဲ ဖြစ်ရတတ်ပါတယ်။ အသံဝင်တာချောင်းဆိုးတာ မျိုးဖြစ်လွယ်ပါတယ်။

အချစ်ရေးမှာတော့ မိမိအပေါ်အထင်လွဲ အပြစ်မြင်နေတဲ့ချစ်သူကို ပြန်လည်ပြီး နားလည်မှုရအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အကောာင်းဘက်ကို အလေးသာပါတယ်။ အိမ်ထောင်ရေးသာယာမဲ့ကာလပါပဲ။ ပညာရေးမှာတော့ကြိုးစားသမျှ အရာထင်အောင်မြင်တတ်ပါတယ်။
အကျိုးပေးဂဏန်း 1/5/0
အထူးဟော ကံအနည်းငယ်အားနည်းနေမည်
ယတြာ ပုဗ္ဗဏုသုတ်ကို တစ်နေ့တစ်ခေါက်ရွတ်ဆိုပါ။

စနေ

ဒီကာလအတွင်းမှာတော့ အခက်အခဲတွေကိုဖြတ်ကျော်သွားနိုင်ပါလိမ့်မယ်။ သူများတွေကိုကူညီချင်စိတ် တွေများနေတတ်ပါတယ်။ ကူညီခွင့်တွေလဲရလာပါလိမ့်မယ်။ မိမိသိထားတဲ့ တတ်ထားတဲ့ပညာကို ပြန်လည်မျှဝေ နိုင်မဲ့နေ့ရက်တွေပါပဲ။ မိသားစုအတွင်းစိတ်ဝမ်းကွဲနေတာတွေ၊ အလုပ်အတွင်းဝန်ထမ်းတွေ စိတ်ဝမ်းကွဲနေတာ တွေကို မိမိကအဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။

အမှုအခင်းများ၊ပြဿနာများကိုပြီးပြတ် အောင်ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ အလုပ်တွေတိုးတတ်ပါလိမ့်မယ်။ အတွေးသစ် အမြင်သစ်တွေကိုဦးစားပေးလုပ် သွားလိုက်ပါ။ သွားချင်တဲ့ခရီးကိုမသွားရဘဲနဲ့ မိမိမသွားချင်တဲ့ခရီးကိုသွားရတတ်ပါတယ်။ စကားနဲ့စောင်းမြောင်း ပြောတာတွေကို သည်းခံနိုင်ဖို့တော့လိုပါတယ်။ ရန်ရှာသူတွေကိုသည်းခံလိုက်ပါ။

ထိုသူတွေကပဲမိမိကိုအထင်ကြီး လေးစားလာပါလိမ့်မယ်။ ကျန်းမာရေးကတော့ အဆိုးအညံ့ကင်းနေတတ်ပါတယ်။ လမ်းတော့များများလျှောက်ပါ။ အချစ်ရေးကတော့ ကောင်းပါတယ်။ စန်းပွင့်သလိုလူချစ်လူခင်လဲများတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်နဲ့အဆင်ပြေသာယာနေပါလိမ့်မယ်။ပညာရေးကတော့ အထူးကောာင်းမွန်နေတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 4/6/7
အထူးဟော ကောင်းသောအတွေးတွေကိုဖြန့်ကျက်တွေးပါ။
ယတြာ ထန်းလျက်ခဲ ၁၁လုံးကိုဘုရားကပ်လှူဆုတောင်းလိုက်ပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )
viber only -09775555695

သင့်နေ့ရက်တိုင်းကံကောင်းခြင်းများ ပြည်စုံဖို့ 8998 သို့ DL ဟု ပေးပို့ပြီး နေလ အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီး အခမဲ့တပါတ် ရယူလိုက်ပါ။

Loading...

Facebook Comments