အလန်းစားဖက်ရှင်နဲ့ ရေကူးဖို့ပြင်နေတဲ့ ဆုအိမ့်စံ

ထူးခြားတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဆုအိမ့်စံကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆုအိမ့်စံက အလန်းစားဖက်ရှင်နဲ့ ရေကူးဖို့ပြင်ဆင်နေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ လုံလုံခြုံခြုံလေးဝတ်ထားတာတောင် ထိထိမိမိဂေါ်နေတဲ့ ဆုအိမ့်စံရဲ့ပုံရိပ်တွေကတော့ တကယ့်ကို ဆွဲဆောင်မှုရှိလှပါတယ်နော်။

ဆုအိမ့်စံကတော့ “Ready to swim😅” ဆိုပြီး သူမရဲ့အလန်းစားပုံရိပ်တွေကို အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်တွေအတွက် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

အနီရောင်ကိုယ်ကြပ်အကျီင်္လေးနဲ့ ကျားသစ်ကွက်ဘောင်းဘီလေးကို အထာကျကျဝတ်ဆင်ထားတဲ့ ဆုအိမ့်စံကတော့ အရမ်းကို ဖက်ရှင်ကျနေတာပါ။

ဆုအိမ့်စံကတော့ သူမကိုအရမ်းချစ်ပြီး အလိုလိုက်တဲ့ ချစ်သူလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အချစ်ရေးကံကောင်းသူလေးဆိုရင်လည်း မမှားပါဘူး။

ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ဆုအိမ့်စံပါဝင်သရုပ်ဆောင်ထားတဲ့ “သရဲသဘောင်္” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ လူတိုင်းအားကျရတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ ဆုအိမ့်စံလေးကတော့ နားလည်မှုတွေ များစွာပေးထားနိုင်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရူးခါနေအောင်မိုက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ ဘေဘီဆုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Hsu Eaint San’s Instagram

Loading...

Facebook Comments