ဂရုစိုက်လွန်းတဲ့ ချစ်သူကြောင့် ကံအကောင်းဆုံးလူသားဖြစ်နေရတာလေးကို သက်သေပြလိုက်တဲ့ ဧငြိမ်းဖြူ

အဆိုတော်နဲ့ သရုပ်ဆောင်မလေးစုံတွဲဖြစ်တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ ချစ်သူနှစ်ဦးကတော့ အရမ်းကို Roပြီး ချစ်တတ်လွန်းတာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ ချစ်စရာစုံတွဲလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရဲရင့်အောင်က အလုပ်လုပ်နေတဲ့ ချစ်သူလေးဆီကို တတွတ်တွတ်နဲ့ စာတွေပို့ပြီး ဂရုစိုက်နေတာကြောင့် ဧငြိမ်းဖြူတစ်ယောက် စိတ်မပူရဘူးဆိုတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ချစ်သူလေးကို အသေးစိတ်ကအစ ဂရုစိုက်နေတဲ့ ရဲရင့်အောင်ကတော့ တကယ့်ကို ချစ်တတ်လွန်းသူကြီးပါပဲနော်။

ချစ်ပရိသတ်တွေအတွက် ဂရုစိုက်တတ်လွန်းတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတဲ့ ကံအကောင်းဆုံးလူသားလေး ဧငြိမ်းဖြူရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရဲရင့်အောင်ကတော့ ဘာပဲလုပ်လုပ် ချစ်သူလေးစိတ်မပူရအောင် တတွတ်တွတ်နဲ့ ပြောပြပေးနေတာကြောင့် ဧငြိမ်းဖြူက “ကိုယ်အလုပ်လုပ်နေတဲ့ အချိန်မှာ စိတ်ပူစရာမရှိပဲ စိတ်ချနေသော ချိဖ <3 ” ဆိုပြီး ကြည်ကြည်နူးနူးလေး ရေးသားထားတာ တွေ့ရပါတယ်။

နှစ်ဦးလုံးက ကောင်းမှုကုသိုလ်လုပ်လည်း အတူတူပဲနော်…

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေပေးပြီး ရှေ့ဆက်နေကြတာ အခုဆိုရင် ချစ်သူသက်တမ်း ၂နှစ်နီးပါး ရှိနေပြီပဲ ဖြစ်ပါတယ်။ ဧငြိမ်းဖြူကတော့ လတ်တလောမှာ ရုပ်ရှင်တွေရိုက်ကူးဖြစ်နေတာဖြစ်ပြီး သူမဝါသနာပါတဲ့ အကကိုလည်း ကဖြစ်နေတာပါ။ ရဲရင့်အောင်ကတော့ သူ့ရဲ့ပရိသတ်တွေအတွက် သီချင်းအသစ်တွေ လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အသေးစိတ်ကအစ ဂရုစိုက်ပြီး ချစ်တတ်လွန်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းသူလေး ဧငြိမ်းဖြူကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Loading...

Facebook Comments