မိမိကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ MRTV-4 မင်းသမီးလေး

MRTV-4 ရဲ့မင်းသမီးလေးဖြစ်တဲ့ သရုပ်ဆောင် ခြူးလေးကတော့ မိမိကိုယ်ကို အဆုံးစီရင်ဖို့အထိကို ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေရဲ့အချစ်တွေကိုတပွေ့တပိုက်ကြီးရရှိထားတဲ့ သရုပ်ဆောင်ခြူးလေးပါ။သူမကိုသည်းသည်းလှုပ်ချစ်တဲ့ပရိသတ်တွေရဲကအားပေးမှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်ခြူးလေးပါ။ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်မှုတွေပေးနိုင်အောင် Tik Tok လေးတွေ ဖန်တီး ဆော့တတ်သူလေးပါ။

အောင်မြင်မှုတွေလည်း အတိုင်းအတာတစ်ခုထိ ရရှိထားနေပြီဖြစ်တဲ့ သရုပ်ဆောင်ခြူးလေးဟာ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကိုအဆုံးစီရင်ဖို့အထိ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင်ခြူးလေးဟာ လက်ရှိမှာတော့ သူမသုံးစွဲနေတဲ့ဖေ့ဘုတ်အကောင့်ကို Deactivate လုပ်သွားခဲ့ပါတယ်။ သူမဟာ အချစ်ရေးမှာ အဆင်မပြေမှုတစ်ခုတည်းမဟုတ်ဘဲ အခြားသော အဆင်မပြေမှုအကြောင်းအရာများလည်းရှိတယ်လို့ မှတ်ချက်ပေးထားတာတွေ တွေ့ရပါတယ်။သရုပ်ဆောင်ခြူးလေးနဲ့ပတ်သက်ပြီးတော့ ဂျူဂျူးပန်ထွာက သူမအကောင့်ကနေပြီး ဆက်လက်အားတင်းထားဖို့ တင်ထားတာတွေ့ရပါတယ်။

ခုချိန်ထိစိတ်မကောင်းဖြစ်နေရတယ် ညီမလေးရယ် အသဲကွဲတဲ့ဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုကိုယ် သတ်သေဖို့တောင်လုပ်ရလား ညီမလေးရယ် ကံကောင်းလို့ပေါ့ ညက အမတို့အဖွဲအချိန်မှီ တိုက် ခေါင်မိုးပေါ်ရောက်မလာရင် အလုပ်တွေအများကြီးလုပ်ရဦးမယ်ညီမလေး အောင်မြင်မှူ့တွေရှာရဦးမယ် ညီမလေးရဲ့ မိသားစုကို စောက်ရှောက်ရဦးမယ်လေ အားတင်းထားပါ ကံတရားလို့ပဲ တွေးလိုက်ပါ အမတို့လည်းနားလည်ပါတယ် ၂ နှစ်ကျော် ၃နှစ်နီးပါ သံယောစဉ်ကို ၂ လနီးပါးအချိန်လောက်လေးနဲ့ မေ့ပစ်ဖို့ ခက်ခဲမယ်ဆိုတာ သိပါတယ် ။

အနုပညာလုပ်နေတဲ့သူအချင်းချင်း ကိုယ်ချင်းစာမိပါတယ် မေ့လိုက်ပါ ညီမလေး အလုပ်ပြီးချိန်ညရောက်တိုင်း အမအခန်းထဲမှာ လူးလှိမ့်နေအောင် လာလာငိုရင် အမတို့တစ်ဖွဲ့လုံးပါ အမြဲလိုက်ငိုရတယ် ညီမလေး အဆင်မပြေတာတွေ ဘဝအကြောင်းတွေ အသဲကွဲတဲ့ အကြောင်းတွေကြားရတိုင်း ရင်ထဲ့စို့တတ်လာရတယ်

ညီမလေးကို အရင်ထဲကချစ်တာပါ အမေမရှိတော့ပေမဲ့ မိသားစုမှာ အကြီးဆုံးတစ်ယောက်ရဲ့ တာဝန်ကိုအပြည့်အဝယူပေးနေရရှာတယ် အငယ်တွေရှေ့မှာ မျက်ရည်မကျပြပဲ ဟန်ဆောင်ပြုံးနေရှာရတယ် အဆင်မပြေခြင်းတွေအမြန်ကုန်ဆုံးပါစေ အရာရာဟာ အချိန်တန်ရင်ပြီးသွားမှာပါ Fighting nawအဆင်ပြေပါစေညီမလေး ” လို့ သူမအကောင့်ကနေ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

သရုပ်ဆောင်ခြူးလေးဟာ မိသားစုမှာအကြီးဆုံးသမီးဖြစ်ပြီးတော့ မိသားစုအတွက်လည်း ရှေ့ကနေ ဦးဆောင်နေတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်။ လောကဓံရဲ့ အခက်အခဲတွေကြားမှာ ရပ်တည်ဖို့တွန့်ဆုတ်နေတဲ့ ခြူးလေးကို ပရိသတ်ကြီးလည်း ကိုယ်ချင်းစာမိမယ်လို့ ထင်ပါတယ်။

သရုပ်ဆောင် ခြူးလေးကတော့ လက်ရှိမှာ Facebook, Instagram အကောင့်တွေကိုပါ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပြီး တနေ့ကျရင်တော့ လိုင်းပေါ်ကို ပြန်လာမှာပါလို့ နှုတ်ဆက်စာလေးရေးသားထားခဲ့ပါသေးတယ်။ အဆင်မပြေမှုတွေဆိုတာ လူတိုင်းမှာရှိကြတာကြောင့် စိတ်ဓာတ်မကျဘဲနဲ့ ဘဝမှာအောင်မြင်မှုရယူဖို့အတွက် ရှေ့ဆက်သွားပါလို့ ခြူးလေးကို ချစ်တဲ့ပရိသတ်ကြီးနဲ့အတူ ဆုတောင်းပေးပါတယ်။

Fighting ပါ ခြူးရေ…Credit: We Love Cele

Loading...

Facebook Comments