ကျွန်တော့်အိမ်မှာ မြန်​မာဗီဒီယိုဇာတ်ကားများမကြည့်ခိုင်းတော့ပါ”

ကျွန်တော့်အိမ်မှာ မြန်​မာဗီဒီယိုဇာတ်ကားများမကြည့်ခိုင်းတော့ပါ”

ဖြစ်ပုံက

ကျွန်တော်အိမ်မှာ အိမ်အကူ ကလေးမလေးတယောက်ရှိတယ်ကလေးမလေးက အိမ်မှာ အားတဲ့ အချိန်ကြည့်ချင်လို့ဦးလေး သမီးကို မြန်​မာဗီဒီယိုကားလေးတွေ ငှါးပေးပါဆိုလို့အေးလေ တယောက်တည်း အားတဲ့အချိန် ပျင်းရှာမှာဘဲလို့တွေးပြီး ညနေ လမ်းလျှောက်ထွက်တိုင်း တရက်ခြားတခါမြန်​မာဗီဒီယိုဇာတ်ကားခွေ တခွေ ငှါးပေးတယ်

အဲ့ဒီတော့ မြန်​မာဗီဒီယို ဖွင့်ထားတဲ့အခါအိမ်အကူ ကလေးမလေးအပြင် မိန်းမရော သမီးလေးပါထိုင်ကြည့်ကြတယ်ကျွန်တော်လည်း မြန်​မာဗီဒီယိုကား ဘဲလေကလေးတွေပာကြည့်လည်း ကိစ္စမရှိပာဘူးဆိုပြီးနေလိုက်တယ်

တနေ့

အိမ်မှာ ကလေးမလေးက မီးပူတိုက်​ရင်းမြန်​မာဗီဒီယိုကား ကြည့်နေတယ်ကျွန်တော် ကလည်း TV ကို ကျောပေးပြီးဂျာနယ်​ဖတ်နေတယ်အဲ့ဒီ အချိန် ကျောင်းကပြန်လာတဲ့ ကျွန်တော့်သမီး၎ တန်း ​ကျောင်းသူလေးက လွယ်​အိတ်​လေးချပြီးTV ကြည့်ရင်း အိမ်အကူ ကလေးမလေးကိုမေးလိုက်တဲ့ ​မေးခွန်းကြောင့်ကျွန်တော် ဆံပင်တွေထောင်ပြီး မျက်​လုံးပါပြူးသွားတယ်

၎ တန်းကျောင်းသူလေး မေးတဲ့ ​မေးခွန်းက” မမရေ သူတို့ ရည်းစားတွေဖြစ်ပြီး ချစ်သွားကြပြီလား ” တဲ့သောက်ကျိုးနည်း

ကျွန်တော် သေချာစဉ်းစားကြည့်တော့ ဟုပ်တယ်ဗျာမြန်​မာဗီဒီယိုဇာတ်ကားတွေက အဖော်အချွတ်မပါဘဲမိသားစုလိုက်ကြည့်လို့ရတယ်ဆိုပေမယ်အသိဉာဏ်ပညာ နည်းပါးတဲ့သူတွေ ကလေးတွေအတွက်

ပညာပေးဆိုတာထက် ရည်းစားဖြစ်ဖို့ကြိုးစားတာနှင့်ချစ် ကြိုက် ကွဲ ညား တွေကိုဘဲ မြင်ပြီးအတုမြင် အတက်သင်နေကြတယ်အဲ့ဒါကြောင့် ကျွန်တော် အဲ့ဒီနေကစပြီးမြန်​မာဗီဒီယိုကား ငှါးမပေးတော့ဘူး

မြန်​မာဗီဒီယို တွေအစား ဘယ်နှနှစ်သားကစပြီးကြည့်ရှုနိုင်သည်ဆိုတဲ့ ကာတွန်းကားတွေအင်္ဂလိပ်စကားပြောလေ့လာလို့ရတဲ့ ပညာပေးကာတွန်း၊ပညာပေးဇာတ်​ကားလေးတွေ ငှါးပေးတယ်ငှါးမရရင်ဝယ်ပေးတယ်ဗျာ …Credit :

Loading...

Facebook Comments