ဆော်ဒီ မိန်းမပျိုကို သူ့ဆန္ဒမပါဘဲ ဘယ်မှမပို့ဘူးလို့ ထိုင်းကြေညာလိုက်

ဇန်န၀ါရီ၊ ၈ရက်

သြစတြေးလျနိုင်ငံမှာနိုင်ငံရေးခိုလှုံခွင့်ရဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မှာခေတ္တရပ်နားတဲ့ ဆော်ဒီအားရေးဗီးယားက မိန်းကလေးကို သူ့ဆန္ဒမပါဘဲ ဘယ်နေရာကိုမှ လွှဲပြောင်းပေးပို့မှာ မဟုတ်ဘူးလို့ ထိုင်းလူမှုဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့အကြီးအကဲက ပြောကြားလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ် မိန်းကလေး Rahaf Mohammed Alqunun ဟာ မိသားစုရဲ့အကြမ်းဖက်မှုကနေ လွတ်မြောက်ဖို့ ထွက်ပြေးလာတာဖြစ်ပြီး ဘန်ကောက် သုဝဏ္ဍဘူမိလေယာဉ် ကွင်းမှာ စစ်ဆေးစဉ် ကုလသမဂ္ဂ ဒုက္ခသည်တွေ ဆိုင်ရာကော်မရှင်နာမင်းကြီးရုံးအရာရှိတွေရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံတွင်းကိုယာယီဝင်ရောက် ခွင့်ရခဲ့တယ်လို့သိရပါတယ်။ သူ့ရဲ့ နိုင်ငံ ခိုလှုံရေးလျှောက်ခွင့်ရဖို့ အနည်းဆုံး ၅ ရက်ကနေ ၇ ရက်ကြာမယ်လို့လည်းဆိုပါတယ်။

Rahaf Alqunun ရဲ့အဖေဟာ တနင်္လာနေ့ညမှာ ဘန်ကောက်ကိုရောက်လာလိမ့်မယ်လို့ ထိုင်းလူဝင်မှုကြီးကြပ် ရေးရဲတပ်ဖွဲ့အကြီးအကဲ ဆူရာချတီ (Surachat) က ပြောပါတယ်။ ရာဟက်ဖ်ဟာ သူ့အဖေနဲ့တွေ့ချင်လား၊ ပြန်လိုက်သွားချင်လားဆိုတာ ကာယကံရှင်ကိုမေးမြန်သွားအုံးမယ်လို့ ပြောပါတယ်။
လောလောဆယ်မှာရာဟက်ဖ်ကအိမ်မပြန်ချင်ဘူးပြောနေပြီး တာဖြစ်ပြီး သူ့ကိုအိမ်ပြန်ဖို့အတင်းအကြပ်တိုက်တွန်းမှာမဟုတ်ပါဘူး ထိုင်းဟာ လူ့အခွင့်အရေးဆိုင်ရာတရားဥပဒေ စိုးမိုးမှုရေး စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်မှာပါလို့လည်း ဆူရာချတ်ကပြောကြားခဲ့ပါတယ်။

crd; rfa.

Loading...

Facebook Comments