လက်ရှိဖြစ်ပွားနေတဲ့ အရေးကိစ္စနဲ့ ပတ်သတ်ပြီး ရက္ခိုင်တပ်မတော်AAရဲ့ ပြောရေးဆိုခွင့်ရှိသူက တုန့်ပြန်ပြောကြားခဲ့

ဇန်န၀ါရီ၊ ၈ရက်

အခုလက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီးပြောကြားခဲ့ရာမှာ မြန်မာတပ်မတော်အနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လမ်းဖွင့်ထားတယ်ဆိုတဲ့အပေါ်မှာ ရိုးသားဖို့လိုပါတယ်။ မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေကိုတော့ အတိုက်အခိုက်ရပ်နားထားပြီး၊ အနောက်ပိုင်းစစ်ဌာနချုပ်နေရာကိုတော့ သူတို့ထိုးစစ်ဆင်နေတာ တစ်လကျော်သွားပါပြီ၊လိုအပ်ချက်အရပြန်လည်တိုက်ခိုက်တော့မှ သမ္မတရုံးကအသံထွက်လာပြီး၊ကမ္ဘာကိုကြေငြာပြကာခြိမ်းခြောက် လိုက်တာပါ။ရခိုင်လူ့အဖွဲ့အစည်းတည်ရှိမှုကိုခြိမ်းခြောက်နေတာမို့လို့ ကျွန်တော်တို့ဘက်ကငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ဦးခိုင်သုခ ကပြောကြားခဲ့ပါတယ်။

AAနဲ့ARSAပူးပေါင်းမှုမရှိသလို၊အခြေအမြစ်မရှိတဲ့ လုပ်ကြံလီဆယ်မှုတွေနဲ့ရက္ခိုင်တပ်မတော်ပုံရိပ်ကျဆင်းအောင်လုပ်နေတာပါ။ကျွန်တော်တို့က ဘယ်လိုအကြမ်းဖက်အဖွဲ့ အစည်းနဲ့ မှမပူးပေါင်းသလို မူးယစ်ဆေးဝါးတွေနဲ့ လည်းပတ်သတ် မှုမရှိပါဘူး။ တစ်ခုပြောနိုင်တာကတော့ ရခိုင်ပြည်နယ်အတွင်းမှာဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေ အကုန်လုံးက မြန်မာစစ်တပ်က ဟာတွေချည်းပါပဲ၊ ဘာကြောင့်လဲဆိုတော့ အခုဖြတ်သန်းသွားလာနေတဲ့ လမ်းကြောင်းတစ်ခုလုံးကိုလည်းမြန်မာစစ်တပ်က ထိန်းချုပ်ထားတာအကုန်လုံးအသိပါပဲလို့ပြောကြားခဲ့ပါသေးတယ်။

စစ်ပွဲတွေဖြစ်ပွားခဲ့ရင် နှစ်ဦးနှစ်ဖက်စလုံးနစ်နာတာဖြစ်ပြီး စစ်ရှောင်ဒုက္ခသည်တွေကတော့ရှိနေမှာပါ၊အရေးကြီးဆုံးကတော့ စစ်ရှောင်ဒုက္ခသည်တွေကို ဒုက္ခမပေးဖို့ပဲလိုတာပါ။ သာမန်ပြည်သူတွေ ကိုကာကွယ်ရမှာ စစ်တပ်ရဲ့တာဝန်ပဲဖြစ်ပါ တယ်လို့လည်းပြောကြားခဲ့ပါသေးတယ်။AAအနေနဲ့ ရခိုင်ဒေသရဲ့ လုံခြုံရေး၊ ရခိုင်အမျိုးသားတွေရဲ့ လုံခြုံရေးအတွက် ရခိုင့်တပ်မတော်ကို ဖွဲ့စည်းလာတာပါ။ အဲဒါကြောင့် ကျနော်တို့ရဲ့ ပင်မ တာဝန်ဖြစ်တဲ့ ရခိုင်ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စကိုတော့ ကျနော်တို့ကတော့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

crd; voa.

Loading...

Facebook Comments