မွေး​နေ့မှာကားတစ်​စီးအပါအဝင်​တန်​ဖိုးကြီးလက်​​ဆောင်​များစွာရရှိခဲ့တဲ့အိ​ချောပို

ဆွဲ​ဆောင်​မှုရှိတဲ့ ခန္ဓာကိုယ်​​ကောက်​​ကြောင်းအလှနဲ့ မြန်​မာဆန်​ဆန်​ မျက်​နှာ​လေးကို ပ်ုင်​ဆိုင်​ထားတဲ့ အိ​ချောပိုဟာ အား​ပေးသူ ပရိသတ်​​တွေ အခိုင်​အမာရရှိထားသူတစ်​ဦးပါ။ အိ​ချောပိုက လူ​လေးလှရုံသာမကပဲ သရုပ်​​ဆောင်​လဲ အထူး​ကောင်းမွန်​တာ​ကြောင့်​ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေမှာ သရုပ်​​ဆောင်​​နေပါတယ်​။ အိ​ချောပိုကို အား​ပေးကြတဲ့ ပရိသတ်​​တွေကလဲ အမြို့မြို့ အနယ်​နယ်​မှာ အများအပြားရှိ​​နေပါတယ်​​။

အိ​ချောပိုဟာ ဇန်​နဝါရီလ ၃ ရက်​​နေ့မှာ ကျ​ရောက်​ခဲ့တဲ့ သူမရဲ့​မွေး​နေ့မှာ ကုသိုလ်​​ကောင်းမှု​တွေကို ပြုလုပ်​ပြီး ည​နေပိုင်းမှာ​တော့ ချစ်​ရတဲ့ မိတ်​​ဆွေ၊ သူငယ်​ချင်း​တွေနဲ့ ​မွေး​နေ့ပါတီတစ်​ခုကို ပြုလုပ်​ခဲ့ပါတယ်​။ အိ​ချောပိုရဲ့​ ​မွေး​နေ့​လေးကို နာမည်​ကြီး​ဟော်​တယ်တစ်​ခုဖြစ်​တဲ့ Novotel မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်​။

မွေး​နေ့ပွဲအပြီးမှာ​တော့ အိ​ချောပိုဟာ ​မော်​ဒယ်​မြင့်​ကားတစ်​စီးအပါအဝင်​ တန်​ဖိုးကြီးလက်​​ဆောင်​အများအပြားကို ရရှိခဲ့ပါတယ်​။ ​မွေး​နေ့လက်​​ဆောင်​​ပေးခဲ့ကြသး​တွေနဲ့ ​မွေး​နေ့ပွဲ​လေးကို တက်​​ရောက်​​ပေးခဲ့ကြသူများကို အိ​ချောပိုက ​ကျေးဇူးတင်​စကား​လေး ဆိုထားပါ​သေးတယ်​။

မွေး​နေ့ရှင်​​လေးက​တော့ လက်​​ဆောင်​​တွေအများကြီးရလို့ ​တော်​​တော်​​လေး​ ​ပျော်​​နေပုံပဲ​နော်​။

ပရိသတ်​ကြီးလဲ အိ​ချောပိုရရှိခဲ့တဲ့ လက်​​ဆောင်​​တွေကို သ​ဘောကျကြိုက်​နှစ်​သက်​မယ်​ထင်​ပါတယ်​။ အိ​ချောပိုလဲ ​မွေး​နေ့က​နေစပြီး ​အောင်​မြင်​မှု​တွေများစွာ ဆွတ်​ခူးနိုင်​ပါ​စေလို့ မိုမို​လေးမှ ဆု​တောင်း​ပေးလိုက်​ပါတယ်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကိုလဲ ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Rowena
Source: Ei Chaw Po’s fb

Credit : momolay

Loading...

Facebook Comments