ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့တရားစွဲဖို့ တရားရုံးမှာဦးတိုက်လျှောက်ထားလိုက်ပြီဖြစ်တဲ့ သင်းသင်း

အလှမယ်သင်းသင်းဟာ လွန်ခဲ့တဲ့လကတည်းက ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဝေဠုကျော်နဲ့ ပက်သတ်ပြီး သူမရဲ့အကြောင်းတွေကို ဖွင့်ဟပြောဆိုခဲ့သူတစ်ဦးပါ။ သင်းသင်းနဲ့ ဝေဠုကျော်ရဲ့ ပဋိပက္ခတွေဟာ လူမှုကွန်ရက်မှာပျံ့နှံ့လာပြီးတဲ့နောက်မှာတော့ ပရိသတ်တွေကလဲ အမှန်တရားတစ်ခုကို တိတိကျကျသိချင်နေကြတာဖြစ်ပါတယ်။

သင်းသင်းက ​ဝေဠု​ကျော်​နဲ့ ၈ လနီးပါး လက်​တွဲခဲ့တာဖြစ်​ပြီး သမီးရည်းစားပြဿနာတက်​ရာမှ ​ဝေဠု​ကျော်​နဲ့ ​ဝေဠု​ကျော်​ရဲ့ မိသားစု​တွေ​ပြောစကား​တွေ​ကြောင့်​ စိတ်​နာလို့ တရားစွဲမှာဖြစ်​​ကြောင်း​ မီဒီယာတွေကနေတဆင့် ပြောခဲ့တာပဲဖြစ်ပါတယ်။ သင်းသင်းဟာ ပရဟိတသမားကြီး ​ဝေဠု​ကျော်​နဲ့ပက်သတ်ပြီး ဝဖန်​တိုက်​ခိုက်​မှု​တွေ ခံ​နေရ​ပေမယ့်​ အမှန်​တရားအတွက်​ ဆက်​လက်​​ရှေ့ဆက်​သွားနေတာဖြစ်ပါတယ်။

အလှမယ် သင်းသင်း က ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဝေဠုကျော် အား ကာမလိမ်လည်မှုဖြင့် တရားစွဲ တိုင်ကြားရန် အတွက် ဒီကနေ့ ဇန်န၀ါရီလ (၈) ရက်နေ့က ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

ဝေဠု​ကျော်​နဲ့ သင်းသင်းရဲ့ ကိစ္စက ​ရှေ့ဆက်​ဘယ်​လိုဖြစ်​မလဲဆိုတာက​တော့ ဆက်လက် ​စောင့်​ကြည့်​ရမှာပါပဲ။ ပရိသတ်တွေကလဲ သင်းသင်းနဲ့ ​ဝေဠု​ကျော်​တို့ရဲ့ ပြဿနာတွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။

အခုချိန်ထိတော့ ဘယ်ဟာက အမှန်တရားလဲဆိုတာတော့ ကာယကံရှင်နှစ်ဦးအပြင် ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး။ ​ဝေဠု​ကျော်​နဲ့ သင်းသင်းတို့ရဲ့ ကိစ္စမှာ အမှန်တရားတစ်ခုကို မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို မိုမို​လေးမှ ​ကျေးဇူးတင်​ပါတယ်​။

Rowena

Credit : momolay

Loading...

Facebook Comments