(၁၇) နှစ်လုံး အကယ်ဒမီပွဲကိုတက်ရောက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်များ

နုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ရပ်တည်ပြီး ယနေ့အချိန်ထိ အောင်မြင်ခဲ့တဲ့ မင်းသမီး အိန္ဒြာကျော်ဇင်ဟာ လက်ရှိချိန်ထိ အောင် နုပျိုလှပပြီးအောင်မြင်မှုတွေရရှိနေဆဲဖြစ်ပါတယ်။ သရုပ်ဆောင် ပြေတီဦးနဲ့ အိမ်ထောင်ကျခဲ့ပြီး ယခုအချိန်မှာတော့ သားလေး ဖိုးဓီနဲ့ သမီးလေး ပြေသုဒြာတို့နဲ့အတူ မိသားစုတစ်ခုကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာအလှမယ်လောကကနေပြီးတော့ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူဖြစ်ပြီးတော့ မျက်နှာများတဲ့ ကောင်းကင် ဇာတ်ကားနဲ့ 2004 ခုနှစ်အတွက်အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ ၂၀၁၇ ခုနှစ်အတွက် ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီတစ်ဆု စုစုပေါင်း (၂) ဆုရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီဆုရှင်ဖြစ်ပါတယ်။

ယနေ့အချိန်ထိတိုင် နုပျိုနေဆဲ အလှတရားတွေကြောင့် မအိုဆေးများသောက်သုံးထားသလားလို့ ဂုဏ်ပြုချီးမြင့်ခံထားရတဲ့ အိန္ဒြာကျော်ဇင်ဟာ အပျိုလေးတွေနဲ့အပြိုင် လှပနေဆဲဖြစ်ပါတယ်။ ယနေ့မှာတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ ၂၀၀၀ ခုနှစ်တည်းက အကယ်ဒမီပေးပွဲကိုတက်ရောက်လာတဲ့ ဖက်ရှင်တွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။ ၁၇ နှစ်ကြာသွားပေမယ့် မပြောင်းလဲတဲ့အလှတရားတွေကို မြင်တွေ့ရမှာပါ။We Love Cele

Photos-Pathy Pathy Edkz’s Crazy

Loading...

Facebook Comments