ချစ်သူဖြစ်စဉ်က ရွှေမှုန်ရတီကို ရည်ရွယ်ပြီးရေးထားတဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို အတူဆိုပြခဲ့တဲ့ ရွှေနှစ်ရွှေ

ရွှေနှစ်ရွှေစုံတွဲကတော့ ပရိသတ်တွေနဲ့အမြဲလိုလို Live လွှင့်လေ့ရှိတဲ့ ဇနီးမောင်နှံလေးတွေပါ။ ချစ်သူဘဝလေးကို ဖြတ်သန်းပြီးနောက်မှာတော့ ပရိသတ်တွေကို အသိပေးပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က ထိမ်းမြားလက်ထပ်လိုက်ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်လောကမှာနာမည်ရထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုန်ရတီနဲ့ လူငယ်အကြိုက်သီချင်းတွေကို အကောင်းဆုံးဖန်တီးနိုင်တဲ့ ရွှေထူးတို့ရဲ့ မင်္ဂလာပွဲလေးဟာ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး ပွဲလေးဖြစ်ခဲ့ပါတယ်။

လက်ရှိမှာလည်း သာယာတဲ့ အိမ်ထောင်သည်ဘဝလေးကို နှစ်ဦးသားတည်ဆောက်ထားနိုင်ပြီးတော့ အမြဲ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေလေ့ရှိပါတယ်။ ရွှေနှစ်ရွှေစုံတွဲကတော့ ပရိသတ်တွေနဲ့ Live လွှင့်ပြီးအမြဲစကားပြောလေ့ရှိတာတွေ့ရပါတယ်။ တခါတရံမှာလည်း ဖန်တီးထားတဲ့ သီချင်းလေးတွေကို သီဆိုပြလေ့ရှိပြန်ပါတယ်။

ယနေ့ ညပိုင်းလေးမှာတော့ ရွှေထူးတစ်ယောက် ဇနီးဖြစ်သူနဲ့အတူ Live လွှင့်ခဲ့တာဖြစ်ပါတယ်။ Live လေးထဲမှာတော့ ရွှေမှုန်ရတီရဲ့ အမှားသီချင်းကို အတူတကွ သီဆိုခဲ့ကြပြီး ဇနီးဖြစ်သူရွှေမှုန်နဲ့ ချစ်သူဖြစ်စဉ်ကာလတုန်းက ရေးသားထားတဲ့ သီချင်းသစ်လေးတစ်ပုဒ်ကိုပါ နှစ်ဦးသား ဆိုပြခဲ့ကြတာဖြစ်ပါတယ်။ ထိုသီချင်းသစ်လေးကိုတော့ ချစ်သူဖြစ်စဉ်အချိန်တုန်းက ရွှေမှုန်ရတီကို ရည်ရွယ်ပြီးရေးသားထားတာလို့ ရွှေထူးက Live ထဲမှာပြောပါသေးတယ်။

ပျော်ရွှင်ကြည်နူးမှုတွေဆွတ်ပျံ့နေတဲ့ သီချင်းသစ်လေးကို ပရိသတ်ကြီးနားဆင်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele

Live Video – Htoo Khant

Loading...

Facebook Comments