ပရိသတ်တွေတစ်ခါမှ မမြင်ဖူးသေးတဲ့ အကြမ်းစား တက်တူးတွေကို ထုတ်ပြလိုက်တဲ့ ဖွေးဖွေး

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေး ဖွေးဖွေးကတော့ နာမည်လေးနဲ့လိုက်အောင် ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကကို ခြေစုံပစ်ဝင်ရောက်ခဲ့တဲ့ ဖွေးဖွေးက လက်ရှိမှာ ထိပ်တန်းမင်းသမီးစာရင်းမှာ နံပါတ်တစ်နေရာကနေ ရပ်တည်နေရပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဖွေးက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကို ဆက်တိုက်ဆိုသလို ရိုက်ကူးအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ဖွေးစိန်လေးရဲ့ ထူးခြားချက်ကတော့ အများနဲ့မတူတဲ့ ဆန်းသစ်မှုတွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စေနိုင်တာပဲ ဖြစ်ပါတယ်။

မိတ်ကပ်၊ ဖက်ရှင်၊စတိုင်တွေကအစ အားလုံးနဲ့ကွဲပြားခြားနားပြီး အမြဲထင်ပေါ်နေတတ်တဲ့ ဖွေးစိန်လေးက တက်တူးထိုးရတာကို ကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။ အခုလည်း ဖွေးဖွေးက နာမည်ကြီး MODA Magazine နဲ့ပူးပေါင်းပြီး သူမရဲ့အမိုက်စားတက်တူးတွေအကြောင်းကို တင်ဆက်လိုက်ပြန်ပါတယ်။

Magazine ရဲ့ ဇန်နဝါရီလအတွက် အသစ်ထွက်ရှိလာတဲ့ မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာတော့ ဖွေးက ” ဖွေးဖွေး နှင့် တက်တူးတွေကြားက ယှက်နွှယ်မိုင်တိုင်များ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဖွေးဖွေးက ” တက်တူးကို အသက် ၂၀ လောက်ကပဲ စထိုးခဲ့ဖူးတာ။ ဒါပေမဲ့ ကိုပြေတီဦးတို့မင်္ဂလာဆောင်မှာ အင်္ကျီကို ကျောကုန်းအဟိုက် ဝတ်ရတော့မှ လူတွေ စသိသွားကြတာပါ။ ဖွေးက တက်တူးထိုးပြီးရင် သိမ်းဖွက်ထားရတာပဲ ကြိုက်တယ်။ ဖော်ပြမထားချင်ဘူး။ ထပ်ထိုးချင်နေတဲ့ တက်တူးတွေလည်း အများကြီး ရှိသေးတယ်။ ” ဆိုပြီးလည်း သူမရဲ့အမိုက်စားတက်တူးတွေအကြောင်း ပြောပြခဲ့ပါတယ်။

အခုလည်း ချစ်ပရိသတ်တွေအတွက် ဖွေးစိန်လေးရဲ့ ” ဖွေးဖွေး နှင့် တက်တူးတွေကြားက ယှက်နွှယ်မိုင်တိုင်များ ” ဆိုတဲ့ MODA Magazine စာအုပ်အတွက် ရိုက်ကူးပေးထားတဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:MODA Magazine ;Photo: Credit

Loading...

Facebook Comments